နေအိမ်ရှေ့မှာ ဆော့နေတဲ့ (၃) နှစ်သမီးလေးကို အသက် (၇၀) အဖိုးမှ မုဒိန်းကျင့်ဖို့ ကြိုးစား

8896










unicode

လောကကြီးက ကြောက်စရာကောင်းလာပါပြီ။ မိမိရဲ့ သမီးငယ်လေးများကို အပြင်လောကနေရာတွေမှာတင်မကပဲ မိမိ ပိုင်ဆိုင်တဲ့ နေအိမ်ဝန်းကျင်မှာတောင် စိတ်ချရမှု လုံခြုံမှု မရှိတော့တဲ့ ခေတ်ကိုရောက်ရှိနေပါတယ်။

မျက်စိတစ်ချက်မှိတ်လိုက်တာနဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေက ရောက်ရှိလာဖို့ အသင့်ဖြစ်နေတဲ့ခေတ်ကြီးရောက်နေပါတယ်။

လူတွေ အကျင့်ပျက်ပြီး ကာမဘီလူးတွေ သောင်းကျန်းလာတဲ့ ဒီခေတ်ကြီးမှာ အရွယ်သုံးပါး မရွေး မိန်းကလေးများအတွက် အထူးသတိထားဖို့ လိုအပ်နေပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို ့မှာ မိသားစုပိုင် နေအိမ်ရှေ့တွင် ကြောင်လေးနဲ ့ဆော့နေတဲ့ သုံးနှစ်သမီးလေးကို အသက် (၇၀) ခန့် အဖိုးကြီးတစ်ဦးက လမ်းမပေါ်မှာ မုဒိမ်းကျင့်ဖို ့ ကြိုးစားခဲ့တဲ့ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ကံကောင်းစွာနဲ့ ကလေးမိခင် အချိန်မှီရောက်လာတဲ့ အတွက် ကလေးငယ်ဟာ မုဒိမ်းကျင့်ခံရခြင်းရန်မှ လွတ်မြောက်သွားခဲ့ ပါတယ်။အလားတူ ဖြစ်ရပ်မျိုးတွေဟာ ဒီတစ်ကြိမ်သာ ကြားဖူးကြတာမဟုတ်ပဲ။

နိုင်ငံအသီးသီးမှာလည်း ဖြစ်ပျက်နေခဲ့ကြတဲ့ ဖြစ်ရပ်တွေ အများအပြားရှိနေခဲ့ပြီးဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များကို လူကြီးမိဘများမှ အထူးအထူး သတိထား စောင့်ကြည့်ကြဖို့ နှင့် မည်သည့် မည်သူကိုမှ ယုံကြည်စိတ်ချမှု မရှိကြဖို့ သတိပေးလိုက်ပါရစေ။

သမီးရှင်မိဘများ အထူးသတိရှိကြစေရန် ယခု ထိုင်းနိုင်ငံမှ အဖြစ်အပျက် CCTV မှတ်တမ်း ဗွီဒီယိုဖိုင်ကို တင်ပြပေးလိုက်ပါသည်။

AlinnMyay(အလင်းမြေ) – Source – กูรู้..โลกรู้