(၁၈)နွစ္​သမီးေလးကုိ ပေထြးျဖစ္​သူက ျကံစည္

4143

ပခုကၠဴ ျသဂုတ္ ၂၃ ….(၁၈)နွစ္​သမီးေလးကုိပေထြးျဖစ္​သူက ျကံစည္မွဳျဖစ္ပြား

23-8-2019ေန႔02း10နာရီအခ်ိန္​တြင္​ ပခုကၠဴ ျမဳိ႕နယ္​ ႀကီး႐ြာအုပ္​စု ေပါင္​းေလာင္​းကန္​(ေျမာက္​)ေက်း႐ြာမွ ေဒၚျကည္​ေအးျမင္​့က ပခုကၠဴ ျမဳိ႕မရဲစခန္​းသုိ႔ပေထြးက သမီးကုိခအဓမၼႀကံစည္​ေၾကာင္​း လာေရာက္​တုိင္​ၾကားပါသည္​။

တုိင္​ၾကားသူ တရာလုိ ေဒၚၾကည္ေအးျမင့္သည္ ယခင္အိမ္ေထာင္ ဦးဖိုးၿပဳံးႏွင့္ သမီး မျမနန္းခိုင္၊ ၂၃ႏွစ္ႏွင့္ သမီး မယမင္းသူ ၁၈ႏွစ္ တို႔ေမြးဖြားခဲ့ၿပီး ဦးပိုးၿပီး ကြယ္လြန္၍ လြန္ခဲ့ေသာ (၄)ႏွစ္ခန႔္တြင္ တစ္႐ြာတည္းေနကိုေဌးႏွင့္ ထပ္မံေပါင္းသင္းေနထိုင္ခဲ့ေၾကာင္း….

၂၀၁၉ ဩ ၁၉ ရက္ေန႕ ၁၆၀၀ အခ်ိန္ခန႔္တြင္ တရားလို၏ ေနအိမ္တြင္ ကိုေဌးမွ ဦးစီးၿပီး မိသားစုႏွင့္အတူ အုတ္ပတ္ကား တက္ေနရာမွ ေရခ်ိန္ကိုင္ေပးရန္ အတြက္ သမီး မယမင္းသူအား ကိုေဌးမွ လွမ္းေခၚရာ သမီး မယမင္းသူမွ သြားေရာက္ခဲ့ၿပီး ခဏအၾကာတြင္……

သမီး မယမင္းသူ၏ ေအာ္သံၾကား၍ မိခင္​ျဖစ္​သူမွ သြားေရာက္ ၾကည့္ရႈရာ မယမင္းသူမွာ နံရံမွီ၍လဲေနၿပီး ၎ဝတ္ဆင္ထားေသာ ထမီမွာကြၽတ္ေနကာ ပေထြးျဖစ္​သူကိုေဌးမွာ၎၏ ပုဆိုးအား လွန္ေနသည္ကို ေတြ႕ရွိရ၍ တရားလိုမွ ဝင္ေရာက္တားျမစ္ခဲ့ၿပီး…

သမီးမယမင္းသူအား ေမးျမန္းရာ ပေထြးျဖစ္သူ ကိုေဌးမွ ၎အား အဓမၼျပဳက်င့္ရန္ ႀကံစည္ျခင္းျဖစ္ေၾကာင္း ေျပာျပသိရွိရသျဖင့္ ကိုေဌးအား ေခၚယူေမးျမန္းရာ ေနာက္မျဖစ္ေစရပါဟုဂတိေပးထားသျဖင့္ မိသားစု အရွက္ရမည္ စိုးရိမ္ၿပီး တိုင္တန္းျခင္းမျပဳခဲ့ေၾကာင္း၊…..

၂၀၁၉ ၾသဂုတ္​လ၂၂ရက္ေန႕၁၈၀၀ အခ်ိန္တြင္လည္း ကိုေဌးမွ သမီး မယမင္းသူအား လက္ဟန္ေျခဟန္ျဖင့္ မဖြယ္မရာ ျပသခဲ့ၿပီး ၎ဝတ္ဆင္ထားေသာ ပုဆိုးအား လွန္ျပခဲ့ေၾကာင္း သမီးျဖစ္သူ၏ ေျပာျပခ်က္အရသိရွိခဲ့ရသျဖင့္ တရားလို၏ သမီးျဖစ္သူအား….

သားမယားအျဖစ္ ျပဳက်င့္ရန္ ႀကံစည္ခဲ့သူ ကိုေဌးအားဥပေဒအရအေရး ယူေပးပါရန္တိုင္ၾကားေသာေၾကာင္​့ ပခုကၠဴ ျမဳိ႕မရဲစခန္​းမ ပ၃၅၅၁/၂၀၁၉ပုဒ္​မ ၃၇၆/၅၁၁ျဖင္​့အမႈဖြင္​့ၿပီး တရားခံဖမ္​းဆီးႏုိင္​ေရးေဆာင္​႐ြက္​လ်ွက္​ရွိေၾကာင္​း သိရွိရပါသည္​။ တႏိုင္း အထူးဟစ္တိုင္‎

unicode

ပခုက္ကူ သြဂုတ် ၂၃ ….(၁၈)နှစ်​သမီးလေးကိုပထွေးဖြစ်​သူက ကြံစည်မှုဖြစ်ပွား

23-8-2019နေ့02း10နာရီအချိန်​တွင်​ ပခုက္ကူ မြို့နယ်​ ကြီးရွာအုပ်​စု ပေါင်​းလောင်​းကန်​(မြောက်​)ကျေးရွာမှ ဒေါ်ကြည်​အေးမြင်​့က ပခုက္ကူ မြို့မရဲစခန်​းသို့ပထွေးက သမီးကိုခအဓမ္မကြံစည်​ကြောင်​း လာရောက်​တိုင်​ကြားပါသည်​။

တိုင်​ကြားသူ တရာလို ဒေါ်ကြည်အေးမြင့်သည် ယခင်အိမ်ထောင် ဦးဖိုးပြုံးနှင့် သမီး မမြနန်းခိုင်၊ ၂၃နှစ်နှင့် သမီး မယမင်းသူ ၁၈နှစ် တို့မွေးဖွားခဲ့ပြီး ဦးပိုးပြီး ကွယ်လွန်၍ လွန်ခဲ့သော (၄)နှစ်ခန့်တွင် တစ်ရွာတည်းနေကိုဌေးနှင့် ထပ်မံပေါင်းသင်းနေထိုင်ခဲ့ကြောင်း….

၂၀၁၉ ဩ ၁၉ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် တရားလို၏ နေအိမ်တွင် ကိုဌေးမှ ဦးစီးပြီး မိသားစုနှင့်အတူ အုတ်ပတ်ကား တက်နေရာမှ ရေချိန်ကိုင်ပေးရန် အတွက် သမီး မယမင်းသူအား ကိုဌေးမှ လှမ်းခေါ်ရာ သမီး မယမင်းသူမှ သွားရောက်ခဲ့ပြီး ခဏအကြာတွင်……

သမီး မယမင်းသူ၏ အော်သံကြား၍ မိခင်​ဖြစ်​သူမှ သွားရောက် ကြည့်ရှုရာ မယမင်းသူမှာ နံရံမှီ၍လဲနေပြီး ၎င်းဝတ်ဆင်ထားသော ထမီမှာကျွတ်နေကာ ပထွေးဖြစ်​သူကိုဌေးမှာ၎င်း၏ ပုဆိုးအား လှန်နေသည်ကို တွေ့ရှိရ၍ တရားလိုမှ ဝင်ရောက်တားမြစ်ခဲ့ပြီး…

သမီးမယမင်းသူအား မေးမြန်းရာ ပထွေးဖြစ်သူ ကိုဌေးမှ ၎င်းအား အဓမ္မပြုကျင့်ရန် ကြံစည်ခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ကိုဌေးအား ခေါ်ယူမေးမြန်းရာ နောက်မဖြစ်စေရပါဟုဂတိပေးထားသဖြင့် မိသားစု အရှက်ရမည် စိုးရိမ်ပြီး တိုင်တန်းခြင်းမပြုခဲ့ကြောင်း၊…..

၂၀၁၉ သြဂုတ်​လ၂၂ရက်နေ့၁၈၀၀ အချိန်တွင်လည်း ကိုဌေးမှ သမီး မယမင်းသူအား လက်ဟန်ခြေဟန်ဖြင့် မဖွယ်မရာ ပြသခဲ့ပြီး ၎င်းဝတ်ဆင်ထားသော ပုဆိုးအား လှန်ပြခဲ့ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရသိရှိခဲ့ရသဖြင့် တရားလို၏ သမီးဖြစ်သူအား….

သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့သူ ကိုဌေးအားဥပဒေအရအရေး ယူပေးပါရန်တိုင်ကြားသောကြောင်​့ ပခုက္ကူ မြို့မရဲစခန်​းမ ပ၃၅၅၁/၂၀၁၉ပုဒ်​မ ၃၇၆/၅၁၁ဖြင်​့အမှုဖွင်​့ပြီး တရားခံဖမ်​းဆီးနိုင်​ရေးဆောင်​ရွက်​လျှက်​ရှိကြောင်​း သိရှိရပါသည်​။ တနိုင်း အထူးဟစ်တိုင်‎