၉နှစ်အရွယ် တတိယတန်း ကျောင်းသူလေးကိုသတ်ပြီး အလောင်းအားလက်စဖျောက်မှု

3136









unicode

23.8.2019…..ဧရာဝတီတိုင်း ဒေသကြီး၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ် ထောက်ကြန့်အုပ်စု ဆင်ပုံရွာသစ်ကုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော လူသတ်မှု(ရက်ရက်စက်စက်) ။(အမှုဖြစ်နေ့စွဲ…၂၁.၈.၂၀၁၉)

အသတ်ခံရသူမှာ အဘ ဦးမြရွှေ၊အမိ ဒေါ်မာမာအေးတို့၏သမီးထွေး.. ၉နှစ်အရွယ် တတိယတန်း ကျောင်းသူလေး မသူဇာအေး ဖြစ်ပါတယ်။

သေဆုံးသူကလေးမလေးရဲ့ မျက်နှာမှာ ခုတ်ဖြတ် ဒါဏ်ရာ ၆ချက်၊ဝဲဘက် ကျောမှ ရင်ဘတ်သို့ ထုတ်ချင်းပေါက် ဒါက်ရာ တစ်ချက်(နှလုံးပါ ဖောက်ထွက်)။

ယာဘက် ချိုင်းအောက်မှ ရင်ဘတ် သို့ဖောက်ထွက် ဓားဒါဏ်ရာ တစ်ချက်၊ဝဲဘက်လက်ကျဉ်းဝတ် ခုတ်ဖြတ် ဒါဏ်ရာတစ်ချက်(လုံးလုံးပြတ်ထွက်နီးပါး)၊ဝဲယာ လက်ချောင်းလေးတစ်ချို့ ပြတ်ထွက်(ပြတ်သွားသော အပိုင်းအစများ မတွေ့ရ)။

ရက်ရက်စက်စက် သတ်ပြီး..အလောင်းအား ရေတွင်းပျက် အတွင်းပစ်ချ လက်စဖျောက်သော တရားခံမှာအဘ ဦးဆေရီ ၏သား မောင်ဆန်းနိုင်လင်း(ခ)ငထပ် အသက် ၁၇ နှစ် ဖြစ်သည်။

ဇာတိမှာ ယုန်သလင်း၊ခမောက်စု ဘက်မှဖြစ်ပြီး ဆင်ပုံ ရွာသစ်ကုန်းမှ အဖွားဖြစ်သူနှင့် လာရောက် နေထိုင်သူ ဖြစ်သည်။တရားခံမှာ အခင်းဖြစ်ရာတွင် အသုံးပြုသော ဓားလက်နက် တို့အား အပ်နှံဝန်ခံ ခဲ့ပြီးပြီဖြစ်သော်လည်း ဆက်စပ် သတင်းများအား ဆက်လက်စုံးစမ်းလျှက်ရှိပါသည်။

Rape(မုဒိန်းမှု)ပါ ကျူးလွန် ခဲ့မှု ရှိမရှိကိုမူ သပြေကုန်း တိုက်နယ် ဆရာဝန်မှ တစ်ဆင့်၊ခရိုင်မှုခင်းဆရာဝန်ကြီး၏ ဆေးစစ်ချက် အဖြေ ရလျှင် ထပ်မံ အသိပေးပါမည်။ရက်ရက်စက်စက် သတ်ဖြတ်ရ ခြင်း ရယ်ရွယ်ချက်ကို သိရရင် ထပ်အသိပေးပါမယ်….

လောကမှာ အကောင်းဆုံးတရားဖြစ်တဲ့ ကိုယ်ချင်းစာတရား တွေ လူတိုင်းကိုယ်စီ ရှိနိုင်ကြပါစေ။#credit ;Khin Mg Zaw / #Y2W to