တ႐ုတ္နဲ႕ ဂ်ပန္ေတြ အရမ္းစိတ္ဝင္စားေနတဲ့ ရခိုင္ျပည္နယ္က အနက္ေရာင္သဲမ်ား

1263

ဒီတေလာ သတင္းမွာ ေတြ႕ေနရတာကရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ (အငူေမာ္)ကြၽန္းက အနက္ေရာင္ သဲမ်ားကို တ႐ုတ္ျပည္က စိတ္ဝင္စားၿပီး လာေရာက္ စမ္းသပ္မႈ ေတြ ျပဳလုပ္ေနတယ္ ဆိုတာပါပဲ။ ျမန္မာျပည္သူ အမ်ားစုကေတာ့ အဲဒီ အနက္ေရာင္သဲေတြက ဘာလဲ၊ ဘယ္မွာ သြားသုံးမွာလဲ၊ ဘာတန္ဖိုးရွိလဲ ဆိုတာ သိၾကအုံးမယ္လို႔ မထင္ပါ။

စာေရးသူ ကိုယ္တိုင္လည္း အဲဒီ သဲေတြကို မျမင္ဖူးဘူး အေၾကာင္းလဲမသိပါ။ အေရးႀကီးတယ္ သိထားသင့္တယ္ ယူဆလို႔ ရွာေဖြမိသေလာက္ကို ေဝမွ်ေပးလိုက္ပါတယ္။တစ္ခုေတာ့ ႀကိဳတင္စကားခံ ပါရေစ။ စာေရးသူက အဲဒီ အနက္ေရာင္သဲ ေတြဟာ rare earth နဲ႕ ဆက္စပ္ေနတယ္။

အဲဒီထဲမွာ rare earth ပါဝင္မယ္လို႔ ယူဆပါတယ္။ ဖတ္မိရတဲ့သတင္း အခ်က္အလက္ အတိုင္းအတာေၾကာင့္ အတိအက် rare earth ဟုတ္မဟုတ္ မေသခ်ာေပမဲ့လည္း စာဖတ္ သူမ်ား အေနနဲ႕ ဗဟုသုတတခု ရသြားမွာေတာ့ ယုံၾကည္ပါတယ္။

အဆိုပါ အနက္ေရာင္သဲမ်ား က းအဂၤလိပ္လိုေတာ့ rare earth းလို႔ ေခၚပါတယ္။ တိုက္ရိုက္ျပန္ရင္ ရွားပါးတဲ့ေျမ ေပါ့၊ ဒါေပမဲ့ အဲဒီပစၥည္းက ရွားလည္းမရွားပါး ေျမႀကီးလည္း မဟုတ္ပါဘူး။ rare earth ဆိုတာက ျဒပ္စင္ေပါင္း ၁၇ မ်ိဳး ပါဝင္တဲ့ သတၱဳျဒပ္ အမ်ိဳးအစားေတြကို ေခၚပါတယ္။

အဲဒါေတြက scandium (Sc-21), yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62), europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium (Yb-70), and luteium (Lu-71) တို႔ ျဖစ္ပါတယ္။

အဲဒီ သတၱဳေတြကို တခ်ိဳ႕က the silent heroes of modern technology လို႔ တင္စားၾကပါတယ္။ းRare earth ဟာ မရွားပါးေပမဲ့ အဲဒီ ျဒပ္စင္သတၱဳေတြက တမ်ိဳးတည္းသီးျခား ေတြ႕ရဖို႔ မျဖစ္နိုင္ပါဘူး။

ဆိုေတာ့ တူးေဖာ္ရတဲ့ ေျမႀကီး သို႔မဟုတ္ အနက္ေရာင္သဲမ်ားမွာ အထက္ပါ သတၱဳေတြ ေရာေႏွာပါဝင္ေနမွာ ျဖစ္ၿပီး ပါဝင္တဲ့ သတၱဳတစ္ခုစီရဲ႕ အခ်ိဳး အစားရာခိုင္ႏႈန္း မတူညီဘဲ ရွိတတ္ပါတယ္။ မရွားပါးေပမဲ့ အဲဒီေရာစပ္ေနတဲ့ rare earth ထဲမွာ ပါဝင္ေနတဲ့ ျဒပ္သတၱဳ တစ္ခုခ်င္းကို သန႔္စင္ခြဲထုတ္ဖို႔က အႏၲရာယ္မ်ား၊ ခက္ခဲလြန္းၿပီး စီးပြားျဖစ္ပမာဏရဖို႔ မလြယ္ကူဖူးလို႔ သိရပါတယ္။

ေန႕စဥ္ထိေတြ႕ သုံးစြဲေနတဲ့ အရာမ်ားစြာမွာ rare earth သတၱဳတမ်ိဳးမ်ိဳး ေသခ်ာေပါက္ပါဝင္ေနပါတယ္။ တီဗီ၊ ကြန္ျပဴတာ၊ ေရနံတူးစက္၊ ေသးငယ္တဲ့ အီလက္ထ႐ြန္းနက္ အစိတ္အပိုင္းမ်ား၊ ေမာ္ေတာ္ကား၊ Hybrid ကား၊ အလင္းဖန္မွ်င္ႀကိဳး၊ စစ္လက္နက္ ကိရိယာမ်ား၊ ႏုူကလီယား ဓာတ္ေပါင္းဖို နဲ႕ အာကာသယာဥ္ ကိုယ္ထည္ေတြမွာ းအဲဒီသတၱဳ တမ်ိဳးမဟုတ္ တမ်ိဳး ထည့္သြင္း အသုံးျပဳထားပါတယ္။

ဥပမာျပရရင္ Neodyumium သတၱဳကို ေသးငယ္တဲ့ အီလက္ထ႐ြန္းႏွစ္ အစိတ္အပိုင္း ျဖစ္တဲ့ ကြန္ျပဴတာ hard disk, နားက်ပ္၊ စပီကာ၊ တာဘိုင္၊ ေရနံတူးေဖာ္တဲ့ လြန္ပူ နဲ႕ သံလိုက္ဓာတ္ သုံးရတဲ့ ေနရာတိုင္းလိုလိုမွာ ထည့္သုံးထားပါတယ္။ Neodyumium ကို ေသးငယ္ေပါ့ပါးၿပီး အလြန္မာေက်ာတဲ့ ကိရိယာအစိတ္အပိုင္းေတြမွာ အဓိက သုံးရပါတယ္။

Erbium သတၱဳကို ေနကာမ်က္မွန္၊ အလွဆင္ပန္းအိုး၊ ေလဆာခြဲစိပ္မႈ နဲ႕ သတင္းအခ်က္အလက္ လ်င္ျမန္စြာစီးဆင္းေစတဲ့ အလင္းဖန္မွ်င္ႀကိဳးေတြမွာ မရွိမျဖစ္ သုံးရပါတယ္။ Europium သတၱဳကို တီဗီဖန္သားျပင္၊LED မီးလုံး ေတြ နဲ႕ န်ဴကလီးယားဓာတ္ေပါင္းဖို မွာ အသုံးျပဳပါတယ္။

Hybrid ကား (ဆီနဲ႕ ဘက္ထရီ ႏွစ္မ်ိဳးသုံး) ေမာင္းေနတဲ့ ကားပိုင္ရွင္ေတြကိုယ္တိုင္ rare earth ကို သူတို႔ေန႕စဥ္ သုံးေနရ တယ္ဆိုတာ မသိၾကပါဘူး။ တိုယိုတာ Prius Hybrid ကားတိုင္းမွာ Lanthanum ၁၀ ေပါင္ ထည့္သုံးထားပါတယ္။ ဟိုင္းဘရစ္ကားမွာ ပါတဲ့ဘက္ထရီအမ်ိဳးအစား “nickel-metal hydride” က Lanthanum သတၱဳကို သုံးထားတာပါ။

“ကမာၻ႔အႀကီးဆုံး ျဖစ္တဲ့ တိုယိုတာကားရဲ႕ ထုတ္လုပ္မႈႏႈန္းမွာ Prius ဟိုင္းဘရစ္ကား က ၈ ရာခိုင္ႏႈန္း ရွိပါတယ္။အဲဒါနဲ႕ အျခား ဟိုင္းဘရစ္ကားေတြရယ္၊တ႐ုတ္ျပည္မွာ သုံးေနတဲ့ ဘက္ထရီကားငယ္ေလးေတြ းအားလုံးေပါင္းလိုက္ရင္ လိုအပ္မယ့္ Lanthanum က ေဈးကြက္မွာလုံေလာက္စြာမရွိပါဘူး” လို႔ rare earth ကြၽမ္းက်င္ပညာရွင္ Jack Lifton က ဆိုပါတယ္။

ဒါ့အျပင္ တိုယိုတာကားကုမၸဏီ က lanthanum တူးေဖာ္ထုတ္လုပ္ေရးမွာ ရင္းႏွီးျမဳပ္ႏွံေနတဲ့ တစ္ခုတည္း ေသာ ကားကုမၸဏီျဖစ္ေၾကာင္းလည္း သိရပါတယ္။

အခ်က္အလက္မ်ားအရ ကမာၻေပၚမွာ တ႐ုတ္ျပည္ က rare earth ပမာဏ အမ်ားဆုံး ပိုင္ဆိုင္ထားၿပီး ျပည္တြင္း စက္မႈ လုပ္ငန္း မ်ားမွာ အသုံးျပဳဖို႔ လုံေလာက္ေအာင္ဆိုၿပီး ၂၀၁၀ ခုႏွစ္မွာ ျပည္ပသို႔ းတင္ပို႔ေရာင္းခ်မႈကို ကန႔္သတ္လိုက္ပါ တယ္။

အဲဒီ သတင္း ေၾကာင့္ rare earth ေးေဈးႏႈံးမ်ား ခုန္တက္သြားခဲ့ပါတယ္။ rare ရဲ႕ ေဈးႏႈန္းကေတာ့ ေဈးကြက္မွာရွိတဲ့ ပမာဏ နဲ႕ ဝယ္လို အားေပၚ မူတည္ၿပီး ေျပာင္းလဲေနတတ္ပါတယ္။ ဒီဇင္ဘာလ ၂၀ ရက္၊၂၀၁၂ ခုႏွစ္ HEFA ရဲ႕ ေဈးႏႈန္းအရ ၁ ကီလိုဂရမ္ ေဈးကို ေဖာ္ျပထားပါတယ္။

Scandium metal – အေမရိကန္ ေဒၚလာ ၁၅၀၀၀ (၁ ကီလိုေဈး)၊ Terbium metal – ၂၅၀၀၊ Neodymium metal – ၁၁၅၊ Lanthanum metal – ၂၈၊ Europium Oxide – ၂၁၅၀၊ Dysprosium Oxide – ၉၇၅၊ Erbium metal – ၂၇၅၊ Cerium metal – ၂၅ ေဒၚလာ ….။

ဒါေၾကာင့္ နိုင္ငံျခားမွလာေရာက္ ရင္းႏွီးျမဳပ္ႏွံသူေတြကို ေၾကးနီ၊ ေ႐ႊ၊ ေရနံ၊ ဂက္စ္ စတဲ့ သတၱဳတြင္းမ်ားမွာတူးေဖာ္ခြင့္ ေပးထားရာကအေခ်ာင္ေရာပါသြားနိုင္တဲ့ (တနည္း) ခိုးထုတ္သြားမယ့္ အဆိုပါ အနက္ေရာင္သဲ ေခၚ rare earth အေၾကာင္းကို ျမန္မာျပည္သူေတြ ဂ႐ုစိုက္ သိထားသင့္ေၾကာင္း သားလိုက္ပါတယ္။ NuNee

unicode

ဒီတလော သတင်းမှာ တွေ့နေရတာကရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် (အငူမော်)ကျွန်းက အနက်ရောင် သဲများကို တရုတ်ပြည်က စိတ်ဝင်စားပြီး လာရောက် စမ်းသပ်မှု တွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။

စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကို မမြင်ဖူးဘူး အကြောင်းလဲမသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်။

အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။ ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ် သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။

အဆိုပါ အနက်ရောင်သဲများ က းအင်္ဂလိပ်လိုတော့ rare earth းလို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။

အဲဒါတွေက scandium (Sc-21), yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62), europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium (Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။

အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technology လို့ တင်စားကြပါတယ်။ းRare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။

ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုး အစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။

နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက်ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုူကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ းအဲဒီသတ္တု တမျိုးမဟုတ် တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့ လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ အဓိက သုံးရပါတယ်။

Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ Europium သတ္တုကို တီဗီဖန်သားပြင်၊LED မီးလုံး တွေ နဲ့ နျူကလီးယားဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။

Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရ တယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာ ပါတဲ့ဘက်ထရီအမျိုးအစား “nickel-metal hydride” က Lanthanum သတ္တုကို သုံးထားတာပါ။

“ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယိုတာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ းအားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာလုံလောက်စွာမရှိပါဘူး” လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။

ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်း သော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။

အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ းတင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါ တယ်။

အဲဒီ သတင်း ကြောင့် rare earth ေးဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ဝယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်၊၂၀၁၂ ခုနှစ် HEFA ရဲ့ ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။

Scandium metal – အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal – ၂၅၀၀၊ Neodymium metal – ၁၁၅၊ Lanthanum metal – ၂၈၊ Europium Oxide – ၂၁၅၀၊ Dysprosium Oxide – ၉၇၅၊ Erbium metal – ၂၇၅၊ Cerium metal – ၂၅ ဒေါ်လာ ….။

ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာတူးဖော်ခွင့် ပေးထားရာကအချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း သားလိုက်ပါတယ်။ NuNee