( ၅ )ကြိမ်မြောက်ရုံးချိန်းတွင် CCTV ဟာ့ဒစ်​ သက်​​သေ​တောင်းတာကို ကွန်​ပျူတာ စစ်​စတန်​ပုံးကြီး မယူလာဟုသိရ
2157
ဗစ်တိုရီးယားလေး ( ၅ )ကြိမ်မြောက်ရုံးချိန်းတွင် CCTV ဟာ့ဒစ်​ သက်​​သေ​တောင်းတာကို ကွန်​ပျူတာ စစ်​စတန်​ပုံးကြီး မယူလာဟုသိရ
သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ အရှုပ်​အ​ထွေးများစွာနဲ့ အမှုမှန်​ကြန့်​ကြာ​နေခဲ့တာဖြစ်​ပြီး တရားခံအစစ်​ကို မ​ဖော်​ထုတ်​ပြနိုင်​သေးတာ​ကြောင့်​ ပြည်​သူအများ ရင်​နဲ့မဆံ့ခံစား​နေရတဲ့ အမှုကိစ္စတစ်​ခုဖြစ်​သလို သက်​ငယ်​မုဒိမ်းမှုကို အထိ​ရောက်​ဆုံးကိုင်​တွယ်​​ပေးဖို့ဟာ ပြည်​သူအများလိုလား​နေတဲ့ ရင်ထဲက​ဆန္ဒအမှန်​ဖြစ်​ပါတယ်​။
unicode
ဗစ်တိုရီးယားလေး ငါးကြိမ်မြောက်ရုံးချိန်းတွင် CCTV ဟာ့ဒစ်​ သက်​​သေ​တောင်​းတာကို ကွန်​ပျူတာ စစ်​စတန်​ပုံးကြီး မယူလာဟုသိရ
သြဂုတ်(၂၈)AlinnMyay(အလင်းမြေ)
ဒီနေ့ သြဂုတ်လ (၂၈) ရက် နေ့မှာ ဗစ်တိုရီးယားလေးအမှု ငါးကြိမ်မြောက် ရုံးချိန်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ဗစ်တိုးရီးယား​လေး ​သက်​ငယ်​မုဒိမ်​းမှုနဲ့ပတ်​သက်​ပြီး အမှန်​တရားကိုချစ်​မြတ်​နိုးတဲ့ ပြည်​သူ​တွေဟာ သမီး​လေး ဗစ်​တိုးရီးယားအပါအဝင် သမီး​လေးရဲ့ ​မိသားစုဝင်​​တွေနဲ့အတူ တစ်​သားတည်​းရှိ​နေခဲ့တာဖြစ်​ပြီး အမှန်​တရားဘက်​က မားမားမတ်​မတ်​ ရပ်​တည်​​နေခဲ့ကြတာ အားလုံးအသိပဲဖြစ်​ပါတယ်​။
သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ အရှုပ်​အ​ထွေးများစွာနဲ့ အမှုမှန်​ကြန်​့ကြာ​နေခဲ့တာဖြစ်​ပြီး တရားခံအစစ်​ကို မ​ဖော်​ထုတ်​ပြနိုင်​သေးတာ​ကြောင်​့ ပြည်​သူအများ ရင်​နဲ့မဆံ့ခံစား​နေရတဲ့ အမှုကိစ္စတစ်​ခုုဖြစ်​သလို သက်​ငယ်​မုဒိမ်​းမှုကို အထိ​ရောက်​ဆုံးကိုင်​တွယ်​​ပေးဖို့ဟာ ပြည်​သူအများလိုလာ​း​နေတဲ့ ရင်ထဲက​ဆန္ဒအမှန်​ဖြစ်​ပါတယ်​။
ဒါ​ကြောင့်​သာပဲ သမီး​လေးဗစ်​တိုးရီးယား​လေးနဲ့အတူ ရပ်​တည်​​ဝန်းရံ​ေ​ပးခဲ့ကြတာပဲဖြစ်ပါတယ်။ အမှန်​တရား​ပေါ်​ပေါက်​ဖို့ အလိုအပ်​ဆုံးအ​ခြေအ​နေတစ်​ခုမှာ ဗစ်​တိုးရီးယား​လေး အမှုအတွက်​ ​ကျေးဇူးအတင်​ထို်​က်​ဆုံးက အဖြူသက်​သက်​ ဝန်​းရံခဲ့ကြတဲ့ပြည်​သူ​တွေဖြစ်​တယ်​လို့ ဒီအမှုမှာ အမှုမှန်​​ပေါ်​ရေး လိုက်​ပါ​ဆောင်​ရွက်​​နေသူဖြစ်​တဲ့ သက္ကမိုးညို​က ​ဖွင်​့ဟ​ပြောဆိုခဲ့ပြီးဖြစ်​ပါတယ်​။
ဒီ​နေ့မှာ ရုံးတင်​စစ်​​ဆေးခဲ့တဲ့ သမီး​လေးဗစ်​တိုးရီယား​လေးရဲ့အမှု ငါးကြိ​မ်​​မြောက်​ရုံးချိန်​းမှာ တရားလို​ရှေ့​နေ ​ဒေါ်ရွက်​နုသစ်​နဲ့ တရားသူကြီးရဲ့ခွင်​့ပြုချက်​​ကြောင်​့ ဗီဒီယိုဖိုင် နှစ်ခုဟာ ခက်​ခက်​ခဲခဲနဲ့ သက်သေခံ ဝင်ခွင်​့ရတယ်​လို့ သက္ကမိုးညိုရဲ့​ဖော်​ပြချက်​အရ သိရှိရပါတယ်​။ ဒီဗွီဒီယိုနှစ်​ခုဟာ ဖုန်​းထဲက ဗွီဒီယိုဖိုင်​နှစ်​ခုဖြစ်​ပြီး သမီး​လေးက ကိုကိုညီညီကို ညွှန်​ပြတဲ့ဗွီဒီယိုဖိုင်​ဖြစ်​တယ်​လို့ ​ဖော်​ပြချက်​အရ သိရှိရပါတယ်​။
​နောက်​ထပ် အ​ရေးတကြီးတစ်​ချက်​အ​နေနဲ့ လိုပြသက်​​သေဖြစ်​တဲ့ Wisdom Hill မူကြို​ကျောင်​းက စီစီတီဗီကို ကိုင်​တွယ်​ရသူ ရန်​​နောင်​​ဌေးကို စစ်​​မေးခဲ့တဲ့ဖြစ်​ရပ်ကို သက္ကမိုးညိုက ​ဖော်​ပြသွားခဲ့ပါတယ်​။ ပြီးခဲတဲ့ ​လေးကြိမ်​​မြောက်​ရုံးချိန်​းမှာ ရန်​​နောင်​​ဌေးကို ​ကျောင်​းက စီစီတီ​ဗီ ဟာ့ဒစ်​ကို ရုံး​တော်​မှာတင်​သွင်​းဖို့မှာကြားခဲ့ရာမှာ ရန်​​နောင်​​ဌေးဟာ ကွန်​ပျူတာစစ်​စတန်​ပုံးကို မ,လာခဲ့ပြီး စီစီတီဗီဟာ့ဒစ်​အဖြစ်​တင်​သွင်​းခဲ့တယ်​လို့ ​ဖော်​ပြချက်​အရ သိရှိရပါတယ်​။
ဥပ​ဒေအရာရှိ ဦး​ကျော်​မင်​း​အောင်​က ကွန်​ပျူတာစစ်​စတန်​ပုံးကို စီစီတီဗီဟာ့ဒစ်​အဖြစ်​ ​လက်​ခံ​ဖို့ လုပ်​​နေစဉ်​မှာ သက္ကမိုးညိုတို့ဘက်​က ဒီလိုအရေးတွေ ကြိုတွေးမိထားကာ ရုံး​တော်​ကို အသင်​့​ခေါ်ယူထားတဲ့ ကွန်​ပျူတာပညာရှင်​ကို​ တရားလို​ရှေ့​နေ ​ဒေါ်ရွက်​နုသစ်​က ​မေးမြန်​းကြည်​့​တော့မ​ှ ဒါဟာ ကွန်​ပျူတာစစ်​စတန်ပုံးဖြစ်တ​ာ​ကြောင်​့ ​​လက်​ခံလို့မ​ရ​ကြောင်​းသိသွားပြီး ကန်​့ကွက်​ခဲ့​ကြောင်​း သက္ကမိုးညိုရဲ့​ဖော်​ပြချက်​အရ သိရှိခဲ့ပါတယ်​။
​နောက်​တကြိမ်​ရုံးချိန်​းမ​ှာ​တော့ ရန်​​နောင်​​ဌေးဟာ CCTV Device ကို ယူလာရ​တော့မှာဖြစ်​ပြီး စီစီတီ​ဗီထဲက စီစီတီဗီဟာ့ဒစ်​ကို တင်​သွင်​းရမှာဖြစ်​တယ်​လို့ ​သက္ကမိုးညိုရဲ့အဆိုအရသိခဲ့ရပါ​တယ်​။ နောက်ရုံးချိန်းမှာ ရန်​​နောင်​​ဌေးဟာ CCTV Device ကို ယူမလာဘဲ ပျက်​​နေတာဖြစ်​​နေရင်​ ဆိုတဲ့ အ​ခြေအ​နေကိုလဲ သက္ကမိုးညိုက ကြိုတင်​ပြီး စိုးရိမ်​ပူပန်​​နေတာကို ​တွေ့ခဲ့ရပါတယ်​။
ဒါဟာ ဒီ​နေ့မှာ ရုံးချိန်​းကို မ​ရောက်​ရှိနိုင်​ခဲ့တဲ့ သက္ကမိုးညိုက သူသိရသမျှ​ပြောပြခဲ့တဲ့ ဒီ​နေ့ရုံးချိန်​းရဲ့ အ​ရေးကြီး အချက်​အလက်​​တွေပဲဖြစ်​ပါတယ်​။​နောက်​တစ်​ကြိမ်​ရုံးချိန်​းမှာလည်​း ဗစ်​တိုးရီယားအမှုအ​ပေါ် ပြည်​သူတစ်​ရပ်​လုံးက တာဝန်​သိစွာ ခိုင်​ခိုင်​မာမာ၊ ဇွဲရှိရှိ နဲ့ ​သွေး​အေးမသွားဘဲ ဆက်​လက်​ဝန်​းရံ ရပ်​တည်​​ပေးဖို့လို​အပ်​​​နေ​ကြောင်​း တစ်​ပါတည်​း​မေတ္တာရပ်​ခံလိုက်​ပါရ​စေ​။
ဓာတ်ပုံ – သက္က မိုးညို FB / EFIL- AlinnMyay(အလင်းမြေ) / #သက္ကမိုးညို #ဗစ်တိုရီးယား #ငါးကြိမ်မြောက်ရုံးချိန် #CCTVDevice