ေယာင္းမျဖစ္သူက ၁၁ ႏွစ္အရြယ္ မိန္းကေလးကို ေဆးေကြ်းကာ လူႏွစ္ဦးဆီက ေငြယူၿပီး မုဒိန္းက်င့္ခိုင္းမႈ

9975

ဒီျဖစ္ရပ္ဆုိးႀကီးဟာ ထုိင္းႏုိင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး Nokgrajok ကေနတစ္ဆင့္ မီဒီယာေတြဆီပ်ံႏွံခဲ့ေၾကာင္းကုိ Worldofbuzz Website မွာ ေဖာ္ျပသြားခဲ့တာ ျဖစ္ပါတယ္။

ဒီ ၁၁ ႏွစ္အရြယ္သာရွိေသးတဲ့ Nong B ဆိုတဲ့ကေလးမေလးကို ဘာ့ေၾကာင့္ဒီလုိရက္စက္ႏိုင္ရတာလည္းဆိုတာကေတာ့ တရားခံေယာင္းမျဖစ္သူက သူ႔ရဲ႕ေမာင္ေလးနဲ႔ မပတ္သက္ေစခ်င္လု႔ိ၊ သူငယ္ခ်င္းျဖစ္တာ မၾကိဳက္လုိ႔ဆိုၿပီး ထြက္ဆိုသြားခဲ့ေၾကာင္း သိရပါတယ္။

ဒါတြင္သာမက ၁၁ ႏွစ္အရြယ္သမီးငယ္ေလးကို ေယာင္းမျဖစ္သူက ခိုင္းရင္ခုိင္းတဲ့အတိုင္းလုပ္ ဆုိၿပီး ျခိမ္းေျခာက္ကာ ႏွိပ္စက္ခဲ့ပါေသးတယ္။ ထုိရက္စက္တဲ့ အမ်ိဳးသမီးဟာ မိန္းမငယ္ေယာင္းမေလးကို ေဆးေတြေကြ်းၿပီး ကာမဘီလူးေတြရဲ႕လက္ထဲအပ္ကာ မုဒိန္းက်င့္ခိုင္းခဲ့ပါတယ္။

သမီးငယ္ေလးဟာ ေဆးရွိန္ေၾကာင့္ မလႈပ္ရွားႏိုင္ခဲ့ရွာဘူးလုိ႔ Worldofbuzz Website မွာေဖာ္ျပသြားခဲ့ပါတယ္။ဒဏ္ရာေပါင္းမ်ားစြာနဲ႔ အိမ္ျပန္လာတဲ့ သမီးငယ္ေလးကို မိခင္က အတင္းေမးျမန္းၾကည့္ေသာအခါမွ သမီးငယ္ေလးက အျဖစ္အပ်က္ဆုိးေတြကို တုန္ရီစြာ ေျပာျပသြားခဲ့တာပါ။

သူမရဲ႕ေယာင္းမက သူမကို ေဆးေတြအတင္းဇြတ္ေကြ်းၿပီး လူႀကီးႏွစ္ဦးရဲ႕လက္ထဲကို အပ္လုိက္တဲ့အေၾကာင္း လူႀကီးေတြက သူမကို ရုိက္ႏွပ္ၿပီး ကာမဆက္ယွက္တဲ့ အေၾကာင္း၊ ထုိ႔ေနာက္ သူမကို ဘတ္ ၅၀၀ ေပးၿပီး သူမရဲ႕ေယာင္းမကိုေတာ့ ဘတ္ ၁၅၀၀ ေပးခဲ့တဲ့အေၾကာင္းေတြကို ဝမ္းနည္းေၾကာက္ရြ႕ံစြာ ေျပာျပသြားခဲ့တာပါ။

ရဲေတြကိုအေၾကာင္းၾကားၿပီး ေယာင္းမျဖစ္သူကို ထိန္းသိမ္းဖမ္းဆီးထားတယ္လုိ႔ သိရပါတယ္။ သမီးငယ္ေလးကို ေဆးစစ္ၾကည့္ရာမွာေတာ့ ကူးစက္မႈ အဆင့္ ၃ ျဖစ္ေနတယ္လို႔ Worldofbuzz Website မွာ ေဖာ္ျပသြားခဲ့ပါတယ္။

ေဆးရံုကေတာ့ သမီးငယ္ေလးကို လုိအပ္တဲ့ ေဆးကုသမႈေတြ ျပဳလုပ္ေပးသြားမွာ ျဖစ္ၿပီး HIV ပိုးရွိမရွိကိုလည္း စစ္ေဆးေပးေနၾကပါတယ္။ရဲအရာရွိတစ္ဦးကလည္း ဒီအမႈကုိ ေအာက္ေျခကအစ မွ်တတဲ့အထိတရားစြဲမယ္လုိ႔ ေဖာ္ျပထားပါတယ္။

ApannPyay ပရိတ္သတ္ႀကီးေရာ ဘယ္သူ႔ကို ပိုၿပီးေတာ့ အျပစ္ေပးခ်င္လည္း။ အရမ္းကို ရက္စက္လြန္းပါတယ္။ သူမက ၁၁ ႏွစ္ပဲရွိေသးတာပါ။San Htet Wai-ApannPyay(အပန္းေျပ)

unicode

ဒီဖြစ်ရပ်ဆိုးကြီးဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Nokgrajok ကနေတစ်ဆင့် မီဒီယာတွေဆီပျံနှံခဲ့ကြောင်းကို Worldofbuzz Website မှာ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီ ၁၁ နှစ်အရွယ်သာရှိသေးတဲ့ Nong B ဆိုတဲ့ကလေးမလေးကို ဘာ့ကြောင့်ဒီလိုရက်စက်နိုင်ရတာလည်းဆိုတာကတော့ တရားခံယောင်းမဖြစ်သူက သူ့ရဲ့မောင်လေးနဲ့ မပတ်သက်စေချင်လို့၊ သူငယ်ချင်းဖြစ်တာ မကြိုက်လို့ဆိုပြီး ထွက်ဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဒါတွင်သာမက ၁၁ နှစ်အရွယ်သမီးငယ်လေးကို ယောင်းမဖြစ်သူက ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ် ဆိုပြီး ခြိမ်းခြောက်ကာ နှိပ်စက်ခဲ့ပါသေးတယ်။ ထိုရက်စက်တဲ့ အမျိုးသမီးဟာ မိန်းမငယ်ယောင်းမလေးကို ဆေးတွေကျွေးပြီး ကာမဘီလူးတွေရဲ့လက်ထဲအပ်ကာ မုဒိန်းကျင့်ခိုင်းခဲ့ပါတယ်။

သမီးငယ်လေးဟာ ဆေးရှိန်ကြောင့် မလှုပ်ရှားနိုင်ခဲ့ရှာဘူးလို့ Worldofbuzz Website မှာဖော်ပြသွားခဲ့ပါတယ်။ဒဏ်ရာပေါင်းများစွာနဲ့ အိမ်ပြန်လာတဲ့ သမီးငယ်လေးကို မိခင်က အတင်းမေးမြန်းကြည့်သောအခါမှ သမီးငယ်လေးက အဖြစ်အပျက်ဆိုးတွေကို တုန်ရီစွာ ပြောပြသွားခဲ့တာပါ။

သူမရဲ့ယောင်းမက သူမကို ဆေးတွေအတင်းဇွတ်ကျွေးပြီး လူကြီးနှစ်ဦးရဲ့လက်ထဲကို အပ်လိုက်တဲ့အကြောင်း လူကြီးတွေက သူမကို ရိုက်နှပ်ပြီး ကာမဆက်ယှက်တဲ့ အကြောင်း၊ ထို့နောက် သူမကို ဘတ် ၅၀၀ ပေးပြီး သူမရဲ့ယောင်းမကိုတော့ ဘတ် ၁၅၀၀ ပေးခဲ့တဲ့အကြောင်းတွေကို ဝမ်းနည်းကြောက်ရွ့ံစွာ ပြောပြသွားခဲ့တာပါ။

ရဲတွေကိုအကြောင်းကြားပြီး ယောင်းမဖြစ်သူကို ထိန်းသိမ်းဖမ်းဆီးထားတယ်လို့ သိရပါတယ်။ သမီးငယ်လေးကို ဆေးစစ်ကြည့်ရာမှာတော့ ကူးစက်မှု အဆင့် ၃ ဖြစ်နေတယ်လို့ Worldofbuzz Website မှာ ဖော်ပြသွားခဲ့ပါတယ်။

ဆေးရုံကတော့ သမီးငယ်လေးကို လိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး HIV ပိုးရှိမရှိကိုလည်း စစ်ဆေးပေးနေကြပါတယ်။ရဲအရာရှိတစ်ဦးကလည်း ဒီအမှုကို အောက်ခြေကအစ မျှတတဲ့အထိတရားစွဲမယ်လို့ ဖော်ပြထားပါတယ်။

ApannPyay ပရိတ်သတ်ကြီးရော ဘယ်သူ့ကို ပိုပြီးတော့ အပြစ်ပေးချင်လည်း။ အရမ်းကို ရက်စက်လွန်းပါတယ်။ သူမက ၁၁ နှစ်ပဲရှိသေးတာပါ။San Htet Wai-ApannPyay(အပန်းပြေ)