ကိုးတောင်စေတီတော်မြတ်၏ ရင်ပြင်တော်ပေါ်၌ ဘုရားဖူးလာဧည့်ပရိပ်သတ်များစွာနှင့် သမီးရည်းစားစုံတွဲများ လိုက်နာပေးကြပါရန်
3330
အထူးပန်ကြားချက်….
unicode
ကမြောကင်းတံတားဦး ကဘူကျေးရွာတွင်ကိန်းဝပ်စံပါယ်နေသော ဆုတောင်းပြည့် ကိုးတောင်စေတီတော်မြတ်၏ ရင်ပြင်တော်ပေါ်၌ လွန်ခဲ့သော ရက်များစွာက တိုက်ခိုက်ခဲ့သော လေပြင်းဒါဏ်ကြောင့် နှစ်ချို ့ ညောင်ပင်ကြီး ၏ အကိုင်းအခက် များစွာ ကြိုးကျ မြေခခဲ့ပါသည်။
သို ့အတွက်ကြောင့် ညောင်ပင်ပေါ်၌ ကျက်စားသွားလာနေသော အဆိပ်ရှိသော မြွေ ကြီး/ငယ်/လတ်/သေး အကောင်ပေါင်းများစွာတို ့သည် ရင်ပြင်တော်ပေါ်၌ ကျက်စားသွားလာလျက်ရှိပါသည်။
အထူးမေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ ဘုရားဖူးလာဧည့်ပရိပ်သတ်များစွာနှင့် သမီးရည်းစားစုံတွဲများအနေဖြင့် အောက်ပါအချက်အလက်များကိုလေးစားလိုက်နာပေးကြပါရန် ရိုသေလေးစားစွာပန်ကြားအပ်ပါသည်။
အထူးပန်ကြားချက်….
၁။စေတီတော်၏ ရင်ပြင်တော်ပေါ်သို ့ အရှေ့ဖက်လှေကားကနေ တက်ရောက်ဖူးမျော်ကြည်ညိုပေးကြပါရန်
၂။လျှစ်စစ်အာန္တာရာယ်ကင်းဝေးစေရန် ပြတ်ကျနေသော ဝါယာကြိုးများတွေ ့ရှိပါက လက်ဖြင့်ထိကိုင်ခြင်းမပြုပါရန်
၃။လျှစ်စစ်မီးရောက်အောက်တွင်သာ အနားယူအပန်းဖြေကြပါရန်
၄။ရင်ပြင်တော်ဝန်းကျင်တစ်ခုလုံးတွင် ရုန်ရင်း ကြမ်းတမ်း သော စကားများကို မပြောမဆိုကြရန်
၅။သမီးရည်းစားစုံတွဲများကို အထူးမေတ္တာရပ်ခံပန်ကြားလိုသည်မှာ မှောင်ရိပ်ကွယ်သော နေရာများတွင် ခိုအောင်းပြီး ယာဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်သော မဖွယ်မရာ အပြုအမှုများကို လုံးဝ လုံးဝ မလုပ်မိကြစေရန်နှင့် အထက်ဖော်ပြပါ အချက်အလက်များကို အထူးလေးစားလိုက်နာကြပါရန်မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ခင်ဗျား။
ကဘူကျေးရွာ / ကိုးတောင်စေတီလူငယ်နိဗ္ဗာန်ဆော်အဖွဲ ့