လိပ္ကြၽန္းအမႈေ႐ွ႕ဆက္ဖို႔အတြက္ ႐ွင္းလင္းခ်က္

3217

လိပ္ကြၽန္းအမႈေ႐ွ႕ဆက္ဖို႔အတြက္ ႐ွင္းလင္းခ်က္……

ယေန႔မွာ ထိုင္းႏိုင္ငံရဲ႕ အျမင့္ဆံုးတရားလႊတ္ေတာ္ခ်ဳပ္က လိပ္ကြၽန္းအမႈမွ ဝင္းႏွင့္ေဇာ္ရဲ႕ အယူခံလႊာကို ပယ္ခ်ၿပီး ယခင္အတိုင္း ျပစ္မႈမ်ားက်ဴးလြန္သူအျဖစ္သတ္မွတ္၍ ေသဒဏ္ကိုအတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ ဒီေတာ့ တရားစီရင္ေရးက အျပည့္အစံုၿပီးဆံုးပါၿပီ။

ေ႐ွ႕ဆက္လုပ္စရာ ၂လမ္းပဲ ႐ွိပါေတာ့တယ္။ ပထမ၁လမ္းက ထိုင္းဘုရင္မင္းျမတ္ထံ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးဖို႔ သနားခံလႊာတင္ဖို႔ပါ။ ဒီလိုတင္မယ္ဆိုရင္ေတာ့ လိုအပ္ခ်က္က ဝင္းနဲ႔ေဇာ္ ၂ဦးစလံုးဟာ ဒီျပစ္မႈေတြကို က်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံဖို့လံုးဝ လိုအပ္ပါတယ္။

ဒီေန႔တရားရံုးေတာ္က အမိန္႔ခ်မွတ္အၿပီးမွာ ထိုင္းေ႐ွ႕ေနေကာင္စီက ေ႐ွ႕ေနႀကီး မစၥတာစန္းယာ ဟာ ဝင္းနဲ႔ေဇာ္ ကို စကားအနည္းငယ္ သြားေရာက္ေျပာဆိုရာမွာ ဝင္း က သူဒီအမႈကိုမက်ဴးလြန္ခဲ့ေၾကာင္း၊ ျမန္မာအစိုးရအေနနဲ႔ကူညီေပးဖို႔ ထပ္မံေျပာဆိုသလို……

ေဇာ္ကလည္း ဒီေသဒဏ္ခ်မွတ္ခဲ့လို႔ စိတ္ေဒါသအနည္းငယ္ထြက္ေနတဲ့ပံုေပၚခဲ့ၿပီး ဒီလိုအမိန္႔ခ်မယ့္အစား သတ္လိုက္တာကမွ ေကာင္းေသးတယ္လို႔ ေျပာပါတယ္။ ထို႔အတူ တရားသူႀကီးဘက္ကိုလွည့္ၿပီး အခုပဲသတ္လိုက္ေတာ့လို႔ ေအာ္ေျပာခဲ့ေသးလို႔ ေ႐ွ႕ေနႀကီးက ထိန္းရေသးတယ္ ဆိုပါတယ္။

ဒါေၾကာင့္ ထိုင္းေ႐ွ႕ေနမ်ားေကာင္စီအေနနဲ႔ ဝင္းနဲ႔ေဇာ္ကို အျမန္ဆံုးေထာင္ဝင္စာေတြ႔ၿပီး သူတို႔ရဲ႕ သေဘာထားေတြကို အရင္ေမးျမန္းရပါဦးမယ္။ ဘုရင့္ဆီ အသနားခံစာတင္သြင္းရင္ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံဖို႔ လိုအပ္ေသးတာကိုး။

အဲ့ဒီေနာက္ ထိုင္းေ႐ွ႕ေနမ်ားေကာင္စီက အမႈလိုက္ေ႐ွ႕ေနအဖြဲ႔ဟာ လာမယ္ စက္တင္ဘာ၆ရက္ေန႔မွာ ေ႐ွ႕ဆက္လုပ္မယ့္ လုပ္ငန္းစဥ္အတြက္ အစည္းအေဝးထိုင္ၾကမွာျဖစ္ပါတယ္။

ေ႐ွ႕ေနႀကီးမစၥတာစန္းယာ က ေတာ့ အကယ္၍ အသနားခံစာတင္သြင္းျဖစ္မယ္ဆိုရင္ ျမန္မာအစိုးရအေနနဲ႔ ကိုယ္စားလွယ္လႊတ္ၿပီး ပူးေပါင္းတင္ေပးဖို္႔ ေတာင္းဆိုပါတယ္။

ေနာက္ထပ္လုပ္လို႔ရတဲ့နည္းလမ္း၁ခုကေတာ့ ဒီအမႈမွာ ဝင္းနဲ႔ေဇာ္ ဟာ ျပစ္မႈက်ဴးလြန္သူမ်ားမဟုတ္ေၾကာင္း အခိုင္အမာသက္ေသျပႏိုင္မယ့္ အေထာက္အထား(ဥပမာ ဗီဒီယိုဖိုင္ စာရြက္စာတမ္း စသည္..) …..

သို႔မဟုတ္ လူသက္ေသ၊ ေနာက္တနည္းအားျဖင့္ တကယ္က်ဴးလြန္သူကေတာ့ ဒီလူပါလို႔ ေထာက္ျပႏိုင္တဲ့ အေထာက္အထား(ဥပမာ ဗီဒီယိုဖိုင္ စာရြက္စာတမ္း စသည္..) သို႔မဟုတ္ လူသက္ေသ တို္႔ကို အခိုင္အမာေဖၚထုတ္ၿပီး လိပ္ကြၽန္းအမႈကို အမႈသစ္အျဖစ္ ျပန္လည္ေဖၚထုတ္စီရင္ဆံုးျဖတ္ဖို႔ ေတာင္းဆိုႏိုင္ပါတယ္။

ေျပာရရင္ လိပ္ကြၽန္းအမႈမွာ ဝင္းနဲ႔ေဇာ္တို္႔အတြက္ ခုခံေလွ်ာက္လဲခ်က္ေတြ တင္သြင္းခဲ့ရာမွာ ကိုယ့္ဘက္က အားအနည္းဆံုးက ဝင္းနဲ႔ေဇာ္တို႔နဲ႔ အနီးစပ္ဆံုး႐ွိခဲ့တဲ့ လူသက္ေသေတြျဖစ္ပါတယ္။ အဖမ္းခံရစဥ္က တူတူ႐ွိခဲ့သူေတြ တစ္ရြာတည္းသားေဆြမ်ိဳးေတြ အကုန္လံုးဟာ ေၾကာက္ရြံံ့ၿပီး ေ႐ွာင္ေျပးသြားခဲ့ၾကပါတယ္။

ဘယ္သူမွ သက္ေသမထြက္ေပးခဲ့ပါ။ ဖမ္းဆီးႏွိပ္စက္ခံရစဥ္က ျမင္သိ ၾကားသိခဲ့ေပမဲ့ သက္ေသထြက္ေပးဖို္ ျငင္းဆိုခဲ့တာမ်ိဳးလည္း႐ွိပါတယ္။တျခား ေရငံုနႈတ္ပိတ္ေနခဲ့ၾကသူမ်ား ေ႐ွာင္ေျပးၾကသူမ်ားလည္း အမ်ားအျပားပါ။ ဒီေန႔ဒီခ်ိန္မွာ ေၾကာက္ရြံ႔ျခင္းေတြခြာခ်ၿပီး အတိအက် သက္ေသခံေပးႏိုင္မယ္ဆိုရင္ အခ်ိန္မေႏွာင္းေသးဘူးလို႔ပဲ ဆိုခ်င္ပါတယ္။

ဒါေၾကာင့္ ဝင္းနဲ႔ေဇာ္အတြက္ ဆက္လုပ္စရာ ၂လမ္း ႐ွိၿပီး ပထမ တစ္လမ္းျဖစ္တဲ့ အသနားခံစာတင္ဖို႔ကေတာ့ ဝင္းနဲ႔ေဇာ္အေပၚ မူတည္ၿပီး ဒုတိယလမ္းျဖစ္တဲ့ အမႈကို ျပန္လည္ေဖၚထုတ္စစ္ေဆးစီရင္ဖို႔အတြက္ကေတာ့ သက္ေသထြက္မယ့္သူေတြ အေထာက္အထားေပးႏိုင္မယ့္သူေတြအေပၚမွာပဲ မူတည္ပါေတာ့ေၾကာင္း ႐ွင္းလင္းတင္ျပအပ္ပါတယ္။

ယခု႐ွင္းလင္းခ်က္ကို ထိုင္းေ႐ွ႕ေနႀကီး မစၥတာစန္းယာႏွင့္ဆက္သြယ္ေဆြးေႏြးေမးျမန္းၿပီး ေရးထားပါတယ္။ ကံေကာင္းပါေစ ညီတို္႔ေရ……MWRL

unicode

လိပ်ကျွန်းအမှုရှေ့ဆက်ဖို့အတွက် ရှင်းလင်းချက်……

ယနေ့မှာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားလွှတ်တော်ချုပ်က လိပ်ကျွန်းအမှုမှ ဝင်းနှင့်ဇော်ရဲ့ အယူခံလွှာကို ပယ်ချပြီး ယခင်အတိုင်း ပြစ်မှုများကျူးလွန်သူအဖြစ်သတ်မှတ်၍ သေဒဏ်ကိုအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီတော့ တရားစီရင်ရေးက အပြည့်အစုံပြီးဆုံးပါပြီ။

ရှေ့ဆက်လုပ်စရာ ၂လမ်းပဲ ရှိပါတော့တယ်။ ပထမ၁လမ်းက ထိုင်းဘုရင်မင်းမြတ်ထံ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သနားခံလွှာတင်ဖို့ပါ။ ဒီလိုတင်မယ်ဆိုရင်တော့ လိုအပ်ချက်က ဝင်းနဲ့ဇော် ၂ဦးစလုံးဟာ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖို့လုံးဝ လိုအပ်ပါတယ်။

ဒီနေ့တရားရုံးတော်က အမိန့်ချမှတ်အပြီးမှာ ထိုင်းရှေ့နေကောင်စီက ရှေ့နေကြီး မစ္စတာစန်းယာ ဟာ ဝင်းနဲ့ဇော် ကို စကားအနည်းငယ် သွားရောက်ပြောဆိုရာမှာ ဝင်း က သူဒီအမှုကိုမကျူးလွန်ခဲ့ကြောင်း၊ မြန်မာအစိုးရအနေနဲ့ကူညီပေးဖို့ ထပ်မံပြောဆိုသလို……

ဇော်ကလည်း ဒီသေဒဏ်ချမှတ်ခဲ့လို့ စိတ်ဒေါသအနည်းငယ်ထွက်နေတဲ့ပုံပေါ်ခဲ့ပြီး ဒီလိုအမိန့်ချမယ့်အစား သတ်လိုက်တာကမှ ကောင်းသေးတယ်လို့ ပြောပါတယ်။ ထို့အတူ တရားသူကြီးဘက်ကိုလှည့်ပြီး အခုပဲသတ်လိုက်တော့လို့ အော်ပြောခဲ့သေးလို့ ရှေ့နေကြီးက ထိန်းရသေးတယ် ဆိုပါတယ်။

ဒါကြောင့် ထိုင်းရှေ့နေများကောင်စီအနေနဲ့ ဝင်းနဲ့ဇော်ကို အမြန်ဆုံးထောင်ဝင်စာတွေ့ပြီး သူတို့ရဲ့ သဘောထားတွေကို အရင်မေးမြန်းရပါဦးမယ်။ ဘုရင့်ဆီ အသနားခံစာတင်သွင်းရင် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံဖို့ လိုအပ်သေးတာကိုး။

အဲ့ဒီနောက် ထိုင်းရှေ့နေများကောင်စီက အမှုလိုက်ရှေ့နေအဖွဲ့ဟာ လာမယ် စက်တင်ဘာ၆ရက်နေ့မှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်အတွက် အစည်းအဝေးထိုင်ကြမှာဖြစ်ပါတယ်။

ရှေ့နေကြီးမစ္စတာစန်းယာ က တော့ အကယ်၍ အသနားခံစာတင်သွင်းဖြစ်မယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ကိုယ်စားလှယ်လွှတ်ပြီး ပူးပေါင်းတင်ပေးဖို့် တောင်းဆိုပါတယ်။

နောက်ထပ်လုပ်လို့ရတဲ့နည်းလမ်း၁ခုကတော့ ဒီအမှုမှာ ဝင်းနဲ့ဇော် ဟာ ပြစ်မှုကျူးလွန်သူများမဟုတ်ကြောင်း အခိုင်အမာသက်သေပြနိုင်မယ့် အထောက်အထား(ဥပမာ ဗီဒီယိုဖိုင် စာရွက်စာတမ်း စသည်..) …..

သို့မဟုတ် လူသက်သေ၊ နောက်တနည်းအားဖြင့် တကယ်ကျူးလွန်သူကတော့ ဒီလူပါလို့ ထောက်ပြနိုင်တဲ့ အထောက်အထား(ဥပမာ ဗီဒီယိုဖိုင် စာရွက်စာတမ်း စသည်..) သို့မဟုတ် လူသက်သေ တို့်ကို အခိုင်အမာဖေါ်ထုတ်ပြီး လိပ်ကျွန်းအမှုကို အမှုသစ်အဖြစ် ပြန်လည်ဖေါ်ထုတ်စီရင်ဆုံးဖြတ်ဖို့ တောင်းဆိုနိုင်ပါတယ်။

ပြောရရင် လိပ်ကျွန်းအမှုမှာ ဝင်းနဲ့ဇော်တို့်အတွက် ခုခံလျှောက်လဲချက်တွေ တင်သွင်းခဲ့ရာမှာ ကိုယ့်ဘက်က အားအနည်းဆုံးက ဝင်းနဲ့ဇော်တို့နဲ့ အနီးစပ်ဆုံးရှိခဲ့တဲ့ လူသက်သေတွေဖြစ်ပါတယ်။ အဖမ်းခံရစဉ်က တူတူရှိခဲ့သူတွေ တစ်ရွာတည်းသားဆွေမျိုးတွေ အကုန်လုံးဟာ ကြောက်ရွံံ့ပြီး ရှောင်ပြေးသွားခဲ့ကြပါတယ်။

ဘယ်သူမှ သက်သေမထွက်ပေးခဲ့ပါ။ ဖမ်းဆီးနှိပ်စက်ခံရစဉ်က မြင်သိ ကြားသိခဲ့ပေမဲ့ သက်သေထွက်ပေးဖို် ငြင်းဆိုခဲ့တာမျိုးလည်းရှိပါတယ်။တခြား ရေငုံနှုတ်ပိတ်နေခဲ့ကြသူများ ရှောင်ပြေးကြသူများလည်း အများအပြားပါ။ ဒီနေ့ဒီချိန်မှာ ကြောက်ရွံ့ခြင်းတွေခွာချပြီး အတိအကျ သက်သေခံပေးနိုင်မယ်ဆိုရင် အချိန်မနှောင်းသေးဘူးလို့ပဲ ဆိုချင်ပါတယ်။

ဒါကြောင့် ဝင်းနဲ့ဇော်အတွက် ဆက်လုပ်စရာ ၂လမ်း ရှိပြီး ပထမ တစ်လမ်းဖြစ်တဲ့ အသနားခံစာတင်ဖို့ကတော့ ဝင်းနဲ့ဇော်အပေါ် မူတည်ပြီး ဒုတိယလမ်းဖြစ်တဲ့ အမှုကို ပြန်လည်ဖေါ်ထုတ်စစ်ဆေးစီရင်ဖို့အတွက်ကတော့ သက်သေထွက်မယ့်သူတွေ အထောက်အထားပေးနိုင်မယ့်သူတွေအပေါ်မှာပဲ မူတည်ပါတော့ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

ယခုရှင်းလင်းချက်ကို ထိုင်းရှေ့နေကြီး မစ္စတာစန်းယာနှင့်ဆက်သွယ်ဆွေးနွေးမေးမြန်းပြီး ရေးထားပါတယ်။ ကံကောင်းပါစေ ညီတို့်ရေ……MWRL