မြန္ျပည္နယ္ သထုံၿမိဳ့နယ္တြင္ မိုးသည္းထန္စြာ ရြာသြန္းမွဳေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္း သြားလာခြင့္ ေခတၱပိတ္ထား

1293

သုဝဏၰဝတီၿမိဳ့ က်ိဳက္ေကာ္ရပ္ကြက္ရွိ ရန္ကုန္-ေမာ္လၿမိဳင္ကာလမ္းမေပၚတြင္ ေရ ၂ ေပေက်ာ္ခန႔္ ေရလႊမ္းမိုးမွုျဖစ္ပြားေနသျဖင့္ ယာဥ္သြားလာခြင့္ ေခတၱပိတ္ထား

သထုံ ဩဂုတ္ ၃၁

မြန္ျပည္နယ္ သထုံၿမိဳ့နယ္ သုဝဏၰတီၿမိဳ့ က်ိဳက္ေကာ္ရပ္ကြက္ ေအာက္က်င္းပိုင္းတြင္ မိုးသည္းထန္စြာ ရြာသြန္းမွု ႏွင့္ ေတာင္က်ေရ စီးဆင္းလာမွုတို့ေၾကာင့္….

ဩဂုတ္ ၃၁ ရက္ နံနက္ ၄ နာရီခြဲမွ စတင္ကာ နံနက္ ၉ နာရီခြဲအခ်ိန္ထိ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းမ မိုင္တိုင္အမွတ္(၁၃၈/၆)ႏွင့္ (၁၃၉/၂)အၾကားတြင္ ေရ ၂ ေပေက်ာ္ခန႔္ ေရလႊမ္းမိုးမွုျဖစ္ပြားေနေၾကာင္း သိရသည္။

ကားလမ္းမေရေက်ာ္မွုျဖစ္ပြားသည့္ေနရာတြင္ နံနက္ ၆ နာရီခန႔္မွ စတင္ကာ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္း သြားလာခြင့္ ေခတၱပိတ္ထားၿပီး လက္ရွိအခ်ိန္တြင္ ….

ေရမ်ား က်ဆင္းသြားျခင္းမရွိေသးသည့္အတြက္ ကားေလးမ်ားအား ရပ္ကြက္အတြင္းရွိ လမ္းလြဲပိုင္းမွ ျဖတ္သန္းသြားလာ လ်က္ရွိေနၿပီး ကားႀကီးမ်ားအား ေခတၱသြားလာခြင့္ပိတ္ထားေၾကာင္း သိရသည္။

အဆိုပါေရလႊမ္းမိုးရာကားလမ္းမတစ္ေလၽွာက္ေမာင္းႏွင္သြားလာေနၾကေသာ ယာဥ္မ်ား၊ ခရီးသြားျပည္သူမ်ားႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ား ေဘးကင္းလုံျခဳံေစေရးအတြက္ …..

ၿမိဳ့နယ္/ၿမိဳ့/ရပ္ကြက္အုပ္ခ်ဳပ္ေရးမွ တာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမွုကူညီေရးအဖြဲ႕ဝင္မ်ားတို့က ကူညီေဆာင္ရြက္ေပးလ်က္ရွိေနေၾကာင္း သိရသည္။(သထုံခရိုင္ျပန္/ဆက္)

unicode

သုဝဏ္ဏဝတီမြို့ ကျိုက်ကော်ရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင်ကာလမ်းမပေါ်တွင် ရေ ၂ ပေကျော်ခန့် ရေလွှမ်းမိုးမှုဖြစ်ပွားနေသဖြင့် ယာဉ်သွားလာခွင့် ခေတ္တပိတ်ထား

သထုံ ဩဂုတ် ၃၁

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏတီမြို့ ကျိုက်ကော်ရပ်ကွက် အောက်ကျင်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် တောင်ကျရေ စီးဆင်းလာမှုတို့ကြောင့်….

ဩဂုတ် ၃၁ ရက် နံနက် ၄ နာရီခွဲမှ စတင်ကာ နံနက် ၉ နာရီခွဲအချိန်ထိ ရန်ကုန်-မော်လမြိုင်ကားလမ်းမ မိုင်တိုင်အမှတ်(၁၃၈/၆)နှင့် (၁၃၉/၂)အကြားတွင် ရေ ၂ ပေကျော်ခန့် ရေလွှမ်းမိုးမှုဖြစ်ပွားနေကြောင်း သိရသည်။

ကားလမ်းမရေကျော်မှုဖြစ်ပွားသည့်နေရာတွင် နံနက် ၆ နာရီခန့်မှ စတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခွင့် ခေတ္တပိတ်ထားပြီး လက်ရှိအချိန်တွင် ….

ရေများ ကျဆင်းသွားခြင်းမရှိသေးသည့်အတွက် ကားလေးများအား ရပ်ကွက်အတွင်းရှိ လမ်းလွဲပိုင်းမှ ဖြတ်သန်းသွားလာ လျက်ရှိနေပြီး ကားကြီးများအား ခေတ္တသွားလာခွင့်ပိတ်ထားကြောင်း သိရသည်။

အဆိုပါရေလွှမ်းမိုးရာကားလမ်းမတစ်လျှောက်မောင်းနှင်သွားလာနေကြသော ယာဉ်များ၊ ခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစေရေးအတွက် …..

မြို့နယ်/မြို့/ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များတို့က ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။(သထုံခရိုင်ပြန်/ဆက်)