အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘတို့အား ပြစ်မှားစော်ကား၍ ခွေးဘဝရောက်သွားသော မခင်လှ ( ဖြစ်ရပ်မှန် )

314

ကံကြီးထိုက်သူ ( ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ) ဖတ်ကြည့်နော်…

အချိန်ကား…ကောဇာသက္ကရာဇ် ၁၃၆၄ခုနှစ် -သူ့အမည်က မခင်လှ အသက်က ၁၆နှစ်/၁ရနှစ်အရွယ် ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် အပျိုအရွယ် မိန်းကလေးဖြစ်သော်လည်း စရိုက်က ကြမ်းတမ်းလွန်းလှ၏။ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိ။တစ်ဦးတည်းသောသမီး ဖြစ်သည်မို့ အလွန်ဆိုး၏။

မိခင်ဖခင်တို့အား ရိုသေကိုင်းရှိုင်းမှု မရှိ။ အမြဲတစေအော်ငေါက် ဆက်ဆံလေ့ ရှိသတဲ့။ထို့ကြောင့်ပင် မခင်လှသည် လက်ရှိဘဝမှာပင် တစ်မြို့လုံး၊တစ်နယ်လုံး အုန်းအုန်းကျွက်မျှ အံ့ဩစရာ၊သနားစရာ၊သံဝေဂ ရစရာ ကောင်းလောက်အောင် အဖြစ်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ရလေတော့၏။

ထိုနေ့က…မိခင်ဖခင်ဖြစ်သူတို့ ဥပုသ်သီလဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့ မသွားခင် သမီးဖြစ်သူအား ဥပုသ်စောင့်ရန် ခေါ်ပါတယ်။ တစ်ဦးတည်းသော သမီး၊အလိုလိုက်၍ အမိုက်စော်ကားသောသမီးမို့ မိခင်ဖခင်တို့အား ထုံးစံအတိုင်း မချေမငံ ပြန်ပြောတာပေါ့…

ပြီးလျှင်…အရေးမပါတာတွေ လာလုပ်နေပြန်ပြီ ဆိုပြီး သောင်းကျန်းပါတော့သည်။ မိခင်ဖခင်တို့ကလည်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ကာ ဥပုသ်စောင့်ရန် ထွက်သွားကြပါတယ်။ညနေစောင်း၍ ဘုန်းကြီးကျောင်းမှ ပြန်ရောက်ချိန်တွင် မိခင်ဖြစ်သူက…

သမီးရေ…အမေတို့တော့ ဥပုသ်ရတယ်။ဟင်းတွေလဲ ရှိသားပဲ။သမီးအတွက်ပဲ ထမင်းအိုးလေးတစ်လုံး တည်ပြီး စားလိုက်တော့နော် သမီး။ဟာ…အရေးမပါတာတွေ လုပ်ပြီ။ထမင်းအိုးလေးတောင် တော်တို့က မတည်နိုင်ကြဘူးလားဟင်။တော်တို့ကျတော့ စားသောက်ပြီးပြီ။ကျုပ်ကျတော့ ဘာမှ စားစရာမရှိဘူး။

တော်ပြီ…ဒီအိမ်မှာ မနေတာပဲ ကောင်းတယ်။ကဲဟာ…ကဲဟာ…မခင်လှက ပြောပြောဆိုဆိုနှင့် မျက်စိရှေ့တွင်ရှိသော အိုးများကို ရိုက်ခွဲပစ်လေတော့သည်။ ဒုန်း…ခွမ်း…ကဲဟာ…ကဲဟာ…ဂွမ်း…ဂွမ်း…

သမီးရယ်…အမေတို့မှာ ဥပုသ်ကြီးနဲ့ပါကွယ်၊ ဥပုသ်ပျက်အောင်တော့ မလုပ်ပါနဲ့။ဘာဥပုဒ်လဲ-?ဒီအရေးမပါတာတွေ လျှောက်လုပ်ပြီး ကျုပ်စားဖို့ကျတော့ ထမင်းတောင်မရှိဘူး။ညည်းအသက် ၁၆နှစ်၊ ၁ရနှစ်ရှိနေပြီ။ အခုထိ မလိမ္မာသေးပါလား ….နင် ခွေးထက်မိုက်ပါလား…

မိခင်ဖခင်တို့ကလည်း စိတ်မကောင်းလှစွာနှင့် အိမ်ပေါ်မှဆင်းပြီး ရွာထဲသို့ ထွက်သွားကြတော့သည်။ နားအေးပြီးရော ရှောင်ထွက်သွားကြခြင်း ဖြစ်ပေမဲ့ နားမအေးသူက မခင်လှပင် ဖြစ်ပေသည်။

မိခင်ဖြစ်သူ၏ စကားကို ဒေါသအမျက်ခြောင်းခြောင်းထွက်၍ အာခေါင်ခြစ်ကာ အော်လိုက်သောအသံက ပတ်ဝန်းကျင်တစ်ခုလုံးစိတ်မချမ်းမြေ့ဖွယ်ရာ ထွက်ပေါ်လာလေတော့သည်။

မိခင်ဖြစ်သူအား လက်ညှိုးငေါက်ငေါက်ထိုးရင်း ကျုပ်က ခွေးမဟုတ်ဘူး။ တော်သာ ခွေးမကြီး… ခွေးလိုကိုက်သွားတဲ့ ခွေးမကြီး….တော်သာ ခွေးမကြီး…..တော်သာ ခွေးမကြီး…ဒေါသများ အလွန်ကြောက်စရာ ကောင်းလှပါတယ်။

မခင်လှ အော်ရင်း အော်ရင်း ဒေါသမီး၏ တောက်လောက်မှုကြောင့် တက်သွားလေတော့၏။သတိမရ။ စကားမေးမရတော့။ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများရောက်လာ၍ စိတ်ကြီးလွန်း၍ သတိလစ်နေသော မခင်လှအား သတိလည်လာအောင် ပြုစုကြရတော့သည်။

ထိုသတင်းကို ကြားသောမိခင်၊ ဖခင်တို့သည်လည်း သောကမီး တောက်လောင်ကာ အပြေးပြန်၍ သမီးဖြစ်သူအား ပြုစု ကြပါတယ်။မခင်လှ အချိန်အတော်ကြာ သတိလစ်နေခဲ့ပြီး သတိပြန်ရလာချိန်တွင် လူစင်စစ်က လူလို မနေတော့ဘဲ၊ ခွေးလိုနေ၊ ခွေးလိုစားတော့သည်။

ကိုယ်က လူပင်ဖြစ်သော်လည်း ခွေးလိုလေးဖက်ထောက်သွား၏။ အဝတ်အစား မကပ်တော့။ ဝတ်ပေး၍လည်း မရ။ ခွေးစိတ်လုံးလုံး ပေါက်သွားကာမစင်တွေ စားတော့သည်။လူလို ကောင်းကောင်းမွန်မွန် ကျွေး၍မရ။တကယ့် ခွေးတစ်ကောင်လိုထိန်းမနိုင် သိမ်းမရ ဖြစ်ရတော့သည်။

ဝမ်းနှင့်လွယ်ပြီး မွေးခဲ့ရသော မိခင်ကြီးခင်မျာ တစ်ဦးတည်းသော သမီးလေးမို့ ချစ်မဝနိုင်အောင် ဖြစ်ခဲ့ရသော်လည်း ယခုတော့ဖြင့် ရင်ကျိုးကြရပါပြီ။သမီးရေ…ဟု ခေါ်လိုက်လျှင် လေးဖက်ထောက် ပြေးလာပြီး မျက်ရည်များ ဝိုင်းလျက် မိခင်ကြီးအား မော့ကြည့်ရှာ၏။

သူ့မျက်လုံးများက…အမေရယ်…သမီးမှားပါပြီ ဟုတောင်းပန်နေသယောင်။မိခင်၊ ဖခင်တို့၏ ခြေထောက်ကို လျှာဖြင့်လျှက်၏။ တောင်းပန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။မိခင် ဖခင်ဖြစ်သူတို့မှာလည်း သမီးဖြစ်သူအား ကြည့်ရင်း ယူကြုံးမရ ဖြစ်နေရတာပေါ့…

အနီးပတ်ဝန်းကျင်မှ လူအများလည်း မခင်လှအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်နေရရှာ၏။ မခင်လှ ခွေးဘဝရောက်သွားသော သတင်းမှာ လပွတ္တာမြို့အနီး ပတ်ဝန်းကျင်သို့ တစ်မုဟုတ်ချင်း သတင်းက ပြန့်သွားပါတယ်။

မခင်လှ၏ မိဘများအပေါ် ပြစ်မှားစော်ကားမိသော ကံကြီးကြောင့်ပင် ခွေးဘဝသို့ ရောက်သွားပြီး သုံးရက်ခန့်အကြာ မိဘများ အရေးကြီးကိစ္စဖြင့် ခေတ္တခဏ အပြင်သွားနေခိုက်ဗိုက်ဆာလွန်း၍ ဖြစ်ပေလိမ့်မည်။မစင်တွင်းထဲသို့ ကျသွားပြီး မစင်တွင်းထဲမှာပင် သေဆုံးသွားလေတော့သည်။

အများက…မခင်လှ၊ ဝဋ်ကျွတ်သွားပြီ ဟု ပြောနေကြသော်လည်း အမှန်ကတော့ဖြင့် ယခုမှ ထိုဝဋ်ကို စတင် ခံစားရမှာဖြစ်ကြောင်း တွေးနေမိပါသည်။မိဘများအား ပြစ်မှားခဲ့သော အကုသိုလ်ကံကြောင့် သူ၏လားရာအရပျက မဟာ အဝီစိငရဲ၌ သာလျင် ဖြစ်ပေရော့မည်။မခင်လှ ဘယ်လိုငရဲမျိုးမှာ ခံရလေမလဲ မတွေးရဲတော့ပါ။

ဤအဖြစ်အပျက်သည် လွန်ခဲ့သော ၁၃၆၄ခုနှစ် လပွတ္တာမြို့မှာ ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန် ဖြစ်ပြီး ကာလအားဖြင့် သိပ်မကြာလှသေးပါ။မိဘဆိုသည့် ပုဂ္ဂိုလ်များသည် ကျေးဇူးကြီးလွန်းလှ၍ သက်ရှိဘုရားဟုပင် ဆရာတော်က တင်စား ခေါ်ဝေါ်လိုက်ပါသည်။

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘတို့အား ဘယ်လိုအကြောင်းပြချက်နှင့်မှ မပြစ်မှားရပါ။မစော်ကားရပါ။ အမေမှားနေလျှင်လည်း အမေမှန်တယ်….အဖေမှားနေလျှင်လည်း အဖေမှန်တယ်….ဟု နှလုံးသွင်း ချစ်ခင်ရပါမည်။အပြစ်မမြင်တတ်ရပါ။

ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ပြစ်မှားစော်ကားသူများသည် မခင်လှနောက် လိုက်ကြရမည်ဟု တထစ်ချ မှတ်ယူသင့်ကြပါသည်။တစ်ခါတရံ စိတ်အခန့်မသင့်၍ မိဘများအပေါ် ဒေါသထွက်လိုက်မိသည်နှင့်မခင်လှအား သတိရလိုက်ပါဟု မှာလိုက်ပါရစေ…။

စာဖတ်သူ မိတ်ဆွေ သူတော်ကောင်းများ သတိသံဝေဂ ပွားနိုင်ကြစေရန် ရည်ရွယ်ပါသည်။ ချမ်းသာလမ်းနှင့်ကန်တော့ခန်း အရှင်ဇေယျပဏ္ဍိတ(ပိုင်းလော့ဆရာတော်)

မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )

Zawgyi

ကံႀကီးထိုက္သူ ( ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါ ) ဖတ္ၾကည့္ေနာ္…

အခ်ိန္ကား…ေကာဇာသကၠရာဇ္ ၁၃၆၄ခုႏွစ္ -သူ႔အမည္က မခင္လွ အသက္က ၁၆ႏွစ္/၁ရႏွစ္အ႐ြယ္ ျဖစ္ပါတယ္။ဗုဒၶဘာသာဝင္ အပ်ိဳအ႐ြယ္ မိန္းကေလးျဖစ္ေသာ္လည္း စ႐ိုက္က ၾကမ္းတမ္းလြန္းလွ၏။ ယဥ္ေက်းသိမ္ေမြ႕ျခင္း မရွိ။တစ္ဦးတည္းေသာသမီး ျဖစ္သည္မို႔ အလြန္ဆိုး၏။

မိခင္ဖခင္တို႔အား ႐ိုေသကိုင္းရႈိင္းမႈ မရွိ။ အၿမဲတေစေအာ္ေငါက္ ဆက္ဆံေလ့ ရွိသတဲ့။ထို႔ေၾကာင့္ပင္ မခင္လွသည္ လက္ရွိဘဝမွာပင္ တစ္ၿမိဳ႕လုံး၊တစ္နယ္လုံး အုန္းအုန္းကြၽက္မွ် အံ့ဩစရာ၊သနားစရာ၊သံေဝဂ ရစရာ ေကာင္းေလာက္ေအာင္ အျဖစ္ဆိုးႏွင့္ ရင္ဆိုင္တိုးခဲ့ရေလေတာ့၏။

ထိုေန႔က…မိခင္ဖခင္ျဖစ္သူတို႔ ဥပုသ္သီလေဆာက္တည္ရန္ ဘုန္းႀကီးေက်ာင္းသို႔ မသြားခင္ သမီးျဖစ္သူအား ဥပုသ္ေစာင့္ရန္ ေခၚပါတယ္။ တစ္ဦးတည္းေသာ သမီး၊အလိုလိုက္၍ အမိုက္ေစာ္ကားေသာသမီးမို႔ မိခင္ဖခင္တို႔အား ထုံးစံအတိုင္း မေခ်မငံ ျပန္ေျပာတာေပါ့…

ၿပီးလွ်င္…အေရးမပါတာေတြ လာလုပ္ေနျပန္ၿပီ ဆိုၿပီး ေသာင္းက်န္းပါေတာ့သည္။ မိခင္ဖခင္တို႔ကလည္း သမီးျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္ကာ ဥပုသ္ေစာင့္ရန္ ထြက္သြားၾကပါတယ္။ညေနေစာင္း၍ ဘုန္းႀကီးေက်ာင္းမွ ျပန္ေရာက္ခ်ိန္တြင္ မိခင္ျဖစ္သူက…

သမီးေရ…အေမတို႔ေတာ့ ဥပုသ္ရတယ္။ဟင္းေတြလဲ ရွိသားပဲ။သမီးအတြက္ပဲ ထမင္းအိုးေလးတစ္လုံး တည္ၿပီး စားလိုက္ေတာ့ေနာ္ သမီး။ဟာ…အေရးမပါတာေတြ လုပ္ၿပီ။ထမင္းအိုးေလးေတာင္ ေတာ္တို႔က မတည္ႏိုင္ၾကဘူးလားဟင္။ေတာ္တို႔က်ေတာ့ စားေသာက္ၿပီးၿပီ။က်ဳပ္က်ေတာ့ ဘာမွ စားစရာမရွိဘူး။

ေတာ္ၿပီ…ဒီအိမ္မွာ မေနတာပဲ ေကာင္းတယ္။ကဲဟာ…ကဲဟာ…မခင္လွက ေျပာေျပာဆိုဆိုႏွင့္ မ်က္စိေရွ႕တြင္ရွိေသာ အိုးမ်ားကို ႐ိုက္ခြဲပစ္ေလေတာ့သည္။ ဒုန္း…ခြမ္း…ကဲဟာ…ကဲဟာ…ဂြမ္း…ဂြမ္း…

သမီးရယ္…အေမတို႔မွာ ဥပုသ္ႀကီးနဲ႔ပါကြယ္၊ ဥပုသ္ပ်က္ေအာင္ေတာ့ မလုပ္ပါနဲ႔။ဘာဥပုဒ္လဲ-?ဒီအေရးမပါတာေတြ ေလွ်ာက္လုပ္ၿပီး က်ဳပ္စားဖို႔က်ေတာ့ ထမင္းေတာင္မရွိဘူး။ညည္းအသက္ ၁၆ႏွစ္၊ ၁ရႏွစ္ရွိေနၿပီ။ အခုထိ မလိမၼာေသးပါလား ….နင္ ေခြးထက္မိုက္ပါလား…

မိခင္ဖခင္တို႔ကလည္း စိတ္မေကာင္းလွစြာႏွင့္ အိမ္ေပၚမွဆင္းၿပီး ႐ြာထဲသို႔ ထြက္သြားၾကေတာ့သည္။ နားေအးၿပီးေရာ ေရွာင္ထြက္သြားၾကျခင္း ျဖစ္ေပမဲ့ နားမေအးသူက မခင္လွပင္ ျဖစ္ေပသည္။

မိခင္ျဖစ္သူ၏ စကားကို ေဒါသအမ်က္ေျခာင္းေျခာင္းထြက္၍ အာေခါင္ျခစ္ကာ ေအာ္လိုက္ေသာအသံက ပတ္ဝန္းက်င္တစ္ခုလုံးစိတ္မခ်မ္းေျမ့ဖြယ္ရာ ထြက္ေပၚလာေလေတာ့သည္။

မိခင္ျဖစ္သူအား လက္ညႇိဳးေငါက္ေငါက္ထိုးရင္း က်ဳပ္က ေခြးမဟုတ္ဘူး။ ေတာ္သာ ေခြးမႀကီး… ေခြးလိုကိုက္သြားတဲ့ ေခြးမႀကီး….ေတာ္သာ ေခြးမႀကီး…..ေတာ္သာ ေခြးမႀကီး…ေဒါသမ်ား အလြန္ေၾကာက္စရာ ေကာင္းလွပါတယ္။

မခင္လွ ေအာ္ရင္း ေအာ္ရင္း ေဒါသမီး၏ ေတာက္ေလာက္မႈေၾကာင့္ တက္သြားေလေတာ့၏။သတိမရ။ စကားေမးမရေတာ့။ပတ္ဝန္းက်င္ရွိ အိမ္နီးနားခ်င္းမ်ားေရာက္လာ၍ စိတ္ႀကီးလြန္း၍ သတိလစ္ေနေသာ မခင္လွအား သတိလည္လာေအာင္ ျပဳစုၾကရေတာ့သည္။

ထိုသတင္းကို ၾကားေသာမိခင္၊ ဖခင္တို႔သည္လည္း ေသာကမီး ေတာက္ေလာင္ကာ အေျပးျပန္၍ သမီးျဖစ္သူအား ျပဳစု ၾကပါတယ္။မခင္လွ အခ်ိန္အေတာ္ၾကာ သတိလစ္ေနခဲ့ၿပီး သတိျပန္ရလာခ်ိန္တြင္ လူစင္စစ္က လူလို မေနေတာ့ဘဲ၊ ေခြးလိုေန၊ ေခြးလိုစားေတာ့သည္။

ကိုယ္က လူပင္ျဖစ္ေသာ္လည္း ေခြးလိုေလးဖက္ေထာက္သြား၏။ အဝတ္အစား မကပ္ေတာ့။ ဝတ္ေပး၍လည္း မရ။ ေခြးစိတ္လုံးလုံး ေပါက္သြားကာမစင္ေတြ စားေတာ့သည္။လူလို ေကာင္းေကာင္းမြန္မြန္ ေကြၽး၍မရ။တကယ့္ ေခြးတစ္ေကာင္လိုထိန္းမႏိုင္ သိမ္းမရ ျဖစ္ရေတာ့သည္။

ဝမ္းႏွင့္လြယ္ၿပီး ေမြးခဲ့ရေသာ မိခင္ႀကီးခင္မ်ာ တစ္ဦးတည္းေသာ သမီးေလးမို႔ ခ်စ္မဝႏိုင္ေအာင္ ျဖစ္ခဲ့ရေသာ္လည္း ယခုေတာ့ျဖင့္ ရင္က်ိဳးၾကရပါၿပီ။သမီးေရ…ဟု ေခၚလိုက္လွ်င္ ေလးဖက္ေထာက္ ေျပးလာၿပီး မ်က္ရည္မ်ား ဝိုင္းလ်က္ မိခင္ႀကီးအား ေမာ့ၾကည့္ရွာ၏။

သူ႔မ်က္လုံးမ်ားက…အေမရယ္…သမီးမွားပါၿပီ ဟုေတာင္းပန္ေနသေယာင္။မိခင္၊ ဖခင္တို႔၏ ေျခေထာက္ကို လွ်ာျဖင့္လွ်က္၏။ ေတာင္းပန္ေနျခင္းသာ ျဖစ္ေပလိမ့္မည္။မိခင္ ဖခင္ျဖစ္သူတို႔မွာလည္း သမီးျဖစ္သူအား ၾကည့္ရင္း ယူႀကဳံးမရ ျဖစ္ေနရတာေပါ့…

အနီးပတ္ဝန္းက်င္မွ လူအမ်ားလည္း မခင္လွအတြက္ စိတ္မေကာင္းျခင္းမ်ားစြာ ျဖစ္ေနရရွာ၏။ မခင္လွ ေခြးဘဝေရာက္သြားေသာ သတင္းမွာ လပြတၱာၿမိဳ႕အနီး ပတ္ဝန္းက်င္သို႔ တစ္မုဟုတ္ခ်င္း သတင္းက ျပန႔္သြားပါတယ္။

မခင္လွ၏ မိဘမ်ားအေပၚ ျပစ္မွားေစာ္ကားမိေသာ ကံႀကီးေၾကာင့္ပင္ ေခြးဘဝသို႔ ေရာက္သြားၿပီး သုံးရက္ခန႔္အၾကာ မိဘမ်ား အေရးႀကီးကိစၥျဖင့္ ေခတၱခဏ အျပင္သြားေနခိုက္ဗိုက္ဆာလြန္း၍ ျဖစ္ေပလိမ့္မည္။မစင္တြင္းထဲသို႔ က်သြားၿပီး မစင္တြင္းထဲမွာပင္ ေသဆုံးသြားေလေတာ့သည္။

အမ်ားက…မခင္လွ၊ ဝဋ္ကြၽတ္သြားၿပီ ဟု ေျပာေနၾကေသာ္လည္း အမွန္ကေတာ့ျဖင့္ ယခုမွ ထိုဝဋ္ကို စတင္ ခံစားရမွာျဖစ္ေၾကာင္း ေတြးေနမိပါသည္။မိဘမ်ားအား ျပစ္မွားခဲ့ေသာ အကုသိုလ္ကံေၾကာင့္ သူ၏လားရာအရပ်က မဟာ အဝီစိငရဲ၌ သာလ်င္ ျဖစ္ေပေရာ့မည္။မခင္လွ ဘယ္လိုငရဲမ်ိဳးမွာ ခံရေလမလဲ မေတြးရဲေတာ့ပါ။

ဤအျဖစ္အပ်က္သည္ လြန္ခဲ့ေသာ ၁၃၆၄ခုႏွစ္ လပြတၱာၿမိဳ႕မွာ ျဖစ္ပြားခဲ့ေသာ တကယ့္ျဖစ္ရပ္မွန္ ျဖစ္ၿပီး ကာလအားျဖင့္ သိပ္မၾကာလွေသးပါ။မိဘဆိုသည့္ ပုဂၢိဳလ္မ်ားသည္ ေက်းဇူးႀကီးလြန္းလွ၍ သက္ရွိဘုရားဟုပင္ ဆရာေတာ္က တင္စား ေခၚေဝၚလိုက္ပါသည္။

အနႏၲဂိုဏ္းဝင္ ေက်းဇူးရွင္မိဘတို႔အား ဘယ္လိုအေၾကာင္းျပခ်က္ႏွင့္မွ မျပစ္မွားရပါ။မေစာ္ကားရပါ။ အေမမွားေနလွ်င္လည္း အေမမွန္တယ္….အေဖမွားေနလွ်င္လည္း အေဖမွန္တယ္….ဟု ႏွလုံးသြင္း ခ်စ္ခင္ရပါမည္။အျပစ္မျမင္တတ္ရပါ။

ကိုယ္၊ ႏႈတ္၊ ႏွလုံး သုံးပါးစလုံးျဖင့္ ျပစ္မွားေစာ္ကားသူမ်ားသည္ မခင္လွေနာက္ လိုက္ၾကရမည္ဟု တထစ္ခ် မွတ္ယူသင့္ၾကပါသည္။တစ္ခါတရံ စိတ္အခန႔္မသင့္၍ မိဘမ်ားအေပၚ ေဒါသထြက္လိုက္မိသည္ႏွင့္မခင္လွအား သတိရလိုက္ပါဟု မွာလိုက္ပါရေစ…။

စာဖတ္သူ မိတ္ေဆြ သူေတာ္ေကာင္းမ်ား သတိသံေဝဂ ပြားႏိုင္ၾကေစရန္ ရည္႐ြယ္ပါသည္။ ခ်မ္းသာလမ္းႏွင့္ကန္ေတာ့ခန္း အရွင္ေဇယ်ပ႑ိတ(ပိုင္းေလာ့ဆရာေတာ္)

ေမတၱာျဖင့္… အရွင္ပုည( ဝကုန္း )