အသက်ရ၁နှစ်အရွယ်ရှိ ဖိုး သကျဲ အိုက အသက်ရှစ်နှစ်အရွယ်ကောင်မလေးကို ၂ရက်ခြားတစ်ခါသားမယားကျင့်လို့

168

အသက္ရ၁ႏွစ္အရြယ္ရွိ ဖိုး သက်ဲ အိုက အသက္ရွစ္ႏွစ္အရြယ္ေကာင္မေလးကို ၂ရက္ျခားတစ္ခါသားမယားက်င့္လို႔ ေကာင္မေလးရဲ့မိန္းမကိုယ္မွာ အနာျဖစ္လို႔ေဆးလူးေပးတဲ့မိန္းမက ဘယ္သူမွျပန္မေျပာနဲ႔ ျပန္ေျပာရင္အရိုက္ခံရမယ္လို႔ေျပာသတဲ့

အမႈျဖစ္စဥ္မွာ၂၅.၁၀.၂၀၁၉ရက္ေန႔လည္၁၂နာရီဝ၅မိနစ္အခ်ိန္ရန္ကုန္တိုင္းေဒသႀကီး၊ေျမာက္ပိုင္းခရိုင္၊လွိုင္သာယာၿမိဳ႕နယ္၊ေသာင္ႀကီးနယ္ေျမရဲစခန္းတြင္ရဲအုပ္သန္းစိုးစခန္းမႈးတာဝန္ထမ္းေဆာင္ေနစဥ္ေဒၚ……..(၂၃)ႏွစ္၊တိုက္….၊အခန္း…….တန္ဖိုးနည္းအိမ္ယာ၊ေရႊလင္ဗန္းေက်းရြာ၊လွိုင္သာယာၿမိဳ႕နယ္ေနသူက၎သည္ေရႊလင္ဗန္းေက်းရြာ၊ တန္ဖိုးနည္းအိမ္ယာတြင္ေနၿပီး (၈)ႏွစ္ရြယ္ရွိ သမီးျဖစ္သူ မ……….မွာလွိုင္သာယာၿမိဳ႕နယ္၊ အမွတ္(..)ရပ္ကြက္၊ ခ်ယ္ရီလမ္း၊ မ/မသိ၊ ေနအိမ္ရွိ ဦးေလးအရင္း ျဖစ္သူ

ဦးေက်ာ္ထြန္း(၅၂)ႏွစ္ က်ဘမ္း၊ မ/……က)၊ ……လမ္း၊ အမွတ္(….)ရပ္ကြက္၊ လွိုင္သာယာၿမိဳ႕နယ္၏ေနအိမ္တြင္ ေနထိုင္ေၾကာင္း၊ တရားလိုမွ လစဥ္လတိုင္း ကေလး ေစာင့္ေရွာက္ေပးသူဦးေက်ာ္ထြန္း၏ဇနီးမနီခိုင္(၄၉)ႏွစ္အားေငြ(၆)ေသာင္းက်ပ္ပို႔ေပးခဲ့ၿပီးတစ္ခါတစ္ရံသမီးျဖစ္သူအား တရားလို၏ ေနအိမ္တြင္ ေခၚထားေလ့ရွိေၾကာင္း၊ ေက်ာင္းတက္ရက္မ်ားတြင္ဦးေက်ာ္ထြန္းေနအိမ္သို႔ျပန္ပို႔ေပးေလ့ေၾကာင္း၊ ၂၄. ၁၀. ၂၀၁၉ ရက္ေန႔တြင္ တရားလိုမွ ဘုရားသြားမည္ဟုေျပာၿပီးသမီး……….အားဦးေလးေနအိမ္မွတရားလို၏ေနအိမ္သို႔သြားေရာက္ေခၚေဆာင္ခဲ့ေၾကာင္း၊

ေနအိမ္သို႔ေရာက္ရွိသည့္ အခ်ိန္တြင္ သမီး……… ဆီးသြားစဥ္ မိန္းမကိုယ္မွေသြးထြက္သည္ဟုသမီးျဖစ္သူမွ တရားလိုအားေျပာရာတရားလိုမွမသၤကာသျဖင့္သမီးျဖစ္သူအားေမးျမန္းရာဦးေလးျဖစ္သူေက်ာ္ထြန္းေနအိမ္တြင္ေရာက္ရွိေနသည့္ဦးစိန္ေသာင္း၊(၇၁)ႏွစ္အရြယ္ခန႔္ရွိ တရားခံမွ ၂၀၁၉ ခုႏွစ္ (၁၀)လပိုင္း၊ ရက္မမွတ္မိေန႔ ညပိုင္းအခ်ိန္ အခင္းျဖစ္ေနအိမ္ ရဲစခန္းေတာင္ဘက္ အကြာအေဝးကိုက္(၂၀၀)ခန႔္၊ တြင္အိပ္ယာဝင္ ခ်ိန္လူမရွိခိုက္ျခင္ေထာင္ထဲသို႔ဝင္ေရာက္ၿပီး(၂)ရက္ျခားတစ္ခါသားမယားအျဖစ္ျပဳက်င့္ေၾကာင္း၊သားမယားအျဖစ္ျပဳက်င့္သည္မွာ(၃)ႀကိမ္ရွိၿပီး ျဖစ္ေၾကာင္းမိန္းမကိုယ္တြင္ ပြန္းပဲ့ဒဏ္ရာရရွိခဲ့သည့္ေနရာအားေဒၚနီခိုင္အား ေျပာျပေသာ္လည္းေဒၚနီခိုင္ကေဆးလူးေပးၿပီး

ဘယ္သူမွမေျပာရန္ ျပန္ေျပာက အရိုက္ခံရမည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သမီးျဖစ္သူမ……….က ေျပာျပသိရွိခဲ့ရသျဖင့္သမီးျဖစ္သူအားသားမယားအျဖစ္ျပဳက်င့္သူစိန္ေသာင္းႏွင့္ အားေပးကူညီသူ မနီခိုင္တို႔အေပၚအေရးယူေပးရန္ယေန႔လာေရာက္တိုင္တန္းခဲ့ရာေသာင္ႀကီးနယ္ေျမရဲစခန္း(ပ)၂၉၃၁/၂၀၁၉ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၇၆/၅၁၁အရအမႈေရးဖြင့္ကာ

အမႈစစ္ ရဲအုပ္ သန္းစိုးမွအမႈစစ္အျဖစ္လက္ခံၿပီးျပစ္မႈက်ဴးလြန္သူစိန္ေသာင္းႏွင့္ေဒၚနီခိုင္အား၂၅.၁၀.၂၀၁၉ရက္ေန႔လည္၁၂နာရီ၁၅မိနစ္အခ်ိန္ဖမ္းဆီးၿပီး အမႈကျပစ္မႈက်ဴးလြန္သူႏွင့္ ၊ ျပစ္မႈက်ဴးလြန္ျခင္းခံရသူတို႔အားေဆးစစ္ျခင္း၊တရားလို၊သက္ေသစစ္ေဆးျခင္း၊အခင္းျဖစ္ရပ္သြားေရာက္စစ္ေဆးျခင္း၊ေျမပုံၾကမ္းေရးဆြဲျခင္း၊အခင္းျဖစ္ေန႔ဝတ္ဆင္ခဲ့ေသာအဝတ္အစား၊မ်ားသိမ္းဆည္းျခင္းမ်ားေဆာင္ရြက္ရန္စီစဥ္ထားရွိကာဥပေဒအရတရားစြဲတင္ပို႔မည္ျဖစ္ေၾကာင္းသိရသည္။

စိုးျမင့္ေအာင္(ထန္းတပင္)S.Hသတင္းဌာန၊ ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္၊ အမွန္တရားဂ်ာနယ္

(unicode)

အသက်ရ၁နှစ်အရွယ်ရှိ ဖိုး သကျဲ အိုက အသက်ရှစ်နှစ်အရွယ်ကောင်မလေးကို ၂ရက်ခြားတစ်ခါသားမယားကျင့်လို့ ကောင်မလေးရဲ့မိန်းမကိုယ်မှာ အနာဖြစ်လို့ဆေးလူးပေးတဲ့မိန်းမက ဘယ်သူမှပြန်မပြောနဲ့ ပြန်ပြောရင်အရိုက်ခံရမယ်လို့ပြောသတဲ့

အမှုဖြစ်စဉ်မှာ၂၅.၁၀.၂၀၁၉ရက်နေ့လည်၁၂နာရီဝ၅မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊လှိုင်သာယာမြို့နယ်၊သောင်ကြီးနယ်မြေရဲစခန်းတွင်ရဲအုပ်သန်းစိုးစခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်ဒေါ်……..(၂၃)နှစ်၊တိုက်….၊အခန်း…….တန်ဖိုးနည်းအိမ်ယာ၊ရွှေလင်ဗန်းကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူက၎င်းသည်ရွှေလင်ဗန်းကျေးရွာ၊ တန်ဖိုးနည်းအိမ်ယာတွင်နေပြီး (၈)နှစ်ရွယ်ရှိ သမီးဖြစ်သူ မ……….မှာလှိုင်သာယာမြို့နယ်၊ အမှတ်(..)ရပ်ကွက်၊ ချယ်ရီလမ်း၊ မ/မသိ၊ နေအိမ်ရှိ ဦးလေးအရင်း ဖြစ်သူ

ဦးကျော်ထွန်း(၅၂)နှစ် ကျဘမ်း၊ မ/……က)၊ ……လမ်း၊ အမှတ်(….)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၏နေအိမ်တွင် နေထိုင်ကြောင်း၊ တရားလိုမှ လစဉ်လတိုင်း ကလေး စောင့်ရှောက်ပေးသူဦးကျော်ထွန်း၏ဇနီးမနီခိုင်(၄၉)နှစ်အားငွေ(၆)သောင်းကျပ်ပို့ပေးခဲ့ပြီးတစ်ခါတစ်ရံသမီးဖြစ်သူအား တရားလို၏ နေအိမ်တွင် ခေါ်ထားလေ့ရှိကြောင်း၊ ကျောင်းတက်ရက်များတွင်ဦးကျော်ထွန်းနေအိမ်သို့ပြန်ပို့ပေးလေ့ကြောင်း၊ ၂၄. ၁၀. ၂၀၁၉ ရက်နေ့တွင် တရားလိုမှ ဘုရားသွားမည်ဟုပြောပြီးသမီး……….အားဦးလေးနေအိမ်မှတရားလို၏နေအိမ်သို့သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊

နေအိမ်သို့ရောက်ရှိသည့် အချိန်တွင် သမီး……… ဆီးသွားစဉ် မိန်းမကိုယ်မှသွေးထွက်သည်ဟုသမီးဖြစ်သူမှ တရားလိုအားပြောရာတရားလိုမှမင်္သကာသဖြင့်သမီးဖြစ်သူအားမေးမြန်းရာဦးလေးဖြစ်သူကျော်ထွန်းနေအိမ်တွင်ရောက်ရှိနေသည့်ဦးစိန်သောင်း၊(၇၁)နှစ်အရွယ်ခန့်ရှိ တရားခံမှ ၂၀၁၉ ခုနှစ် (၁၀)လပိုင်း၊ ရက်မမှတ်မိနေ့ ညပိုင်းအချိန် အခင်းဖြစ်နေအိမ် ရဲစခန်းတောင်ဘက် အကွာအဝေးကိုက်(၂၀၀)ခန့်၊ တွင်အိပ်ယာဝင် ချိန်လူမရှိခိုက်ခြင်ထောင်ထဲသို့ဝင်ရောက်ပြီး(၂)ရက်ခြားတစ်ခါသားမယားအဖြစ်ပြုကျင့်ကြောင်း၊သားမယားအဖြစ်ပြုကျင့်သည်မှာ(၃)ကြိမ်ရှိပြီး ဖြစ်ကြောင်းမိန်းမကိုယ်တွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည့်နေရာအားဒေါ်နီခိုင်အား ပြောပြသော်လည်းဒေါ်နီခိုင်ကဆေးလူးပေးပြီး

ဘယ်သူမှမပြောရန် ပြန်ပြောက အရိုက်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သမီးဖြစ်သူမ……….က ပြောပြသိရှိခဲ့ရသဖြင့်သမီးဖြစ်သူအားသားမယားအဖြစ်ပြုကျင့်သူစိန်သောင်းနှင့် အားပေးကူညီသူ မနီခိုင်တို့အပေါ်အရေးယူပေးရန်ယနေ့လာရောက်တိုင်တန်းခဲ့ရာသောင်ကြီးနယ်မြေရဲစခန်း(ပ)၂၉၃၁/၂၀၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆/၅၁၁အရအမှုရေးဖွင့်ကာ

အမှုစစ် ရဲအုပ် သန်းစိုးမှအမှုစစ်အဖြစ်လက်ခံပြီးပြစ်မှုကျူးလွန်သူစိန်သောင်းနှင့်ဒေါ်နီခိုင်အား၂၅.၁၀.၂၀၁၉ရက်နေ့လည်၁၂နာရီ၁၅မိနစ်အချိန်ဖမ်းဆီးပြီး အမှုကပြစ်မှုကျူးလွန်သူနှင့် ၊ ပြစ်မှုကျူးလွန်ခြင်းခံရသူတို့အားဆေးစစ်ခြင်း၊တရားလို၊သက်သေစစ်ဆေးခြင်း၊အခင်းဖြစ်ရပ်သွားရောက်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊အခင်းဖြစ်နေ့ဝတ်ဆင်ခဲ့သောအဝတ်အစား၊များသိမ်းဆည်းခြင်းများဆောင်ရွက်ရန်စီစဉ်ထားရှိကာဥပဒေအရတရားစွဲတင်ပို့မည်ဖြစ်ကြောင်းသိရသည်။

စိုးမြင့်အောင်(ထန်းတပင်)S.Hသတင်းဌာန၊ ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်၊ အမှန်တရားဂျာနယ်