မှတ်မိကြသေးရဲ့လား ဒီလင်မယားကို

688



28.Jan.2019













Unicode

ဒီလင်မယားကို မှတ်မိကြသေးလား …

မြဝတီမြို့ရဲ့ တရားစီရင်ရေးကို ပထမဦးဆုံးအကြိမ် ဆန္ဒဖော်ထုတ်မှု မကြာမီ ဖြစ်လာတော့မည်

28.Jan.2019

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချွန်ပူရီမြို့နယ်ရှိ မြန်မာအလုပ်သမားများထံမှ ငွေလွဲပေးမည်ဟုဆိုကာ လိမ်လည်သွားတဲ့ လင်မယားကို ထိုင်းနိုင်ငံတွင်အမှုဖွင့်ထားပြီး မော်လမြိုင်မြို့ မုပွန်ရပ်ကွက် တွင် ဖမ်းဆီးရမိကာ….

လက်ရှိ မြဝတီမြို့နယ်တရားရုံး၌ ကျပ်သိန်း(700) လိမ်လည်မှုဖြင့် တရားစွဲထားတဲ့ တရားခံ(2)ဦးကို ကျပ်သိန်း(200)နဲ့အာမခံပေးခဲ့ပြီး အချုပ်လွတ် အပြင်မှာ အမှုရင်ဆိုင်စေခဲ့ကြောင်း သိရပါသည်။

လက်ရှိဥပဒေတွင် ကျပ်သိန်း(200)ဖြင့် အာမခံရရှိထားသော တရားခံ(2)ဦး ထွက်ပြေးသွားပါက…

အာမခံပေးသူများမှ အာမခံကြေး ကျပ်သိန်း(200)တရားရုံးသို့ ပေးရန်သာပါရှိသည့်အတွက် ….

အကျိုးအမြတ်အား တွက်ကြည့်မည်ဆိုပါက…

လိမ်လည်ထားသည်မှာ ကျပ်သိန်း(700) ဖြစ်ခြင်းကြောင့်…

တရားခံများမှာ အသားတင် ကျပ်သိန်း(500) အမြတ်ငွေ ရရှိနေကြောင်း ထင်ရှားပါသည်။

သို့ဖြစ်ပါသောကြောင့် ထိုအမှုတွင် တရားလိုဘက်မှ သက်သေလိုက်ပါ ထွက်ဆိုပေးသူများမှ

“ဖြစ်သင့်တာက ဒီတရားခံနှစ်ဦး အမှုရင်ဆိုင်နေစဉ် ထွက်ပြေးတိမ်းရှောင်သွားပါက…

အာမခံပေးခဲ့တဲ့ တရားသူကြီး နှင့် တရားခံဘက်က ရှေ့နေလိုက်ပြီး အာမခံလျှောက်ပေးတဲ့ ရှေ့နေ အား

အဆိုပါ လိမ်လည်သူများကိုယ်စား ပြစ်မှု ပြစ်ဒဏ်နှင့်တကွ လိမ်လည်ခဲ့သည့် ငွေကြေးအားလုံး ပြန်လည်ပေးချေသင့်ကြောင်း တောင်းဆို ဆန္ဒဖော်ထုတ် ကြမည်ဟု” ပြောကြား သိရှိရပါသည်။

နေနော်(မြဝတီ) – From – Zin Moe