အစားအစာ အက်န္မ်ားကို ေရခဲေသတၱာထဲ သိမ္းကာ ေနာက္ရက္ ျပန္စားသံုးတတ္သူတစ္ဦးရဲ႕ ေၾကာက္စရာေရာဂါ

1472

အစားအစာအက်န္မ်ားကို ေန႔စဥ္ေရခဲေသတၱာအတြင္း သိမ္းဆည္းကာ စားသံုးတတ္သူတစ္ဦး၏နိဂံုး

မိသားစုအေတာ္မ်ားမ်ား၌ ထမင္းက်န္ဟင္းက်န္မ်ားကိုအလဟႆမျဖစ္ေစရန္အတြက္ ေရခဲေသတၱာအတြင္း သိမ္းဆည္းထားၿပီး ေနာက္တစ္ေန႔တြင္ျပန္ေႏႊးစားတတ္ၾကသည္။ သို႔ေသာ္ က်န္ရိွသည့္အစားအစာတိုင္းကို ထိုသို႔စားသံုးရန္မသင့္ေၾကာင္း မေလးရွားႏုိင္ငံမွအိမ္ရွင္မတစ္ဦးက အသက္ႏွင့္ရင္း၍ျပသြားခဲ့ေပသည္။

လူအမ်ားစိတ္၀င္စားခဲ့ၾကေသာယင္းအေၾကာင္းကို က်န္ရစ္သူသမီးကေ၀မွ်ခဲ့ရာ၌ သူမ၏မိခင္ျဖစ္သူသည္ လြန္ခဲ့သည့္ဆယ္ႏွစ္လံုးလံုး ဟင္းသီးဟင္းရြက္အစားအစာအက်န္မ်ားကို ေနာက္တစ္ေန႔တြင္စားသံုးခဲ့ျခင္း ေၾကာင့္ အစာအိမ္ကင္ဆာျဖစ္ကာေသဆံုးခဲ့ေၾကာင္းဟူ၍ျဖစ္သည္။ မိခင္ျဖစ္သူသည္ ဟင္းသီးဟင္းရြက္က က်န္းမာေရးကိုမထိခိုက္ေစဟုယူဆၿပီး ေရခဲေသတၱာအတြင္းသိမ္းဆည္း၍ေနာက္တစ္ေန႔တြင္ ျပန္လည္ ခ်က္ျပဳတ္စားသံုးေနခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ အစားအစာမ်ားကိုေရခဲေသတၱာအတြင္းထားရိွၿပီး ေနာက္တစ္ေန႔တြင္ျပန္ေႏႊးျခင္းက အႏၱရာယ္ရိွေသာ ဘက္တီးရီးယားမ်ားႏွင့္အျခားအဆိပ္အေတာက္ျဖစ္ေစသည့္အရာမ်ားကိုထြက္ရိွလာေစသျဖင့္ ေရရွည္တြင္ ခႏၶာကိုယ္အတြက္ေဘးျဖစ္ေစသလို ကင္ဆာဆဲလ္မ်ားကိုအားေပးရာေရာက္ေၾကာင္းသိရသည္။

အဆိုပါ အမ်ိဳးသမီးမွာ ႏွစ္လသံုးလအတြင္း ကိုယ္အေလးခ်ိန္အလြန္က်ဆင္းသြားၿပီး ၂၀၁၄ ခုႏွစ္တြင္ အစာအိမ္ ကင္ဆာျဖစ္ေနေၾကာင္း ဆရာ၀န္မ်ားကစစ္ေဆးေတြ႔ရိွခဲ့ပါသည္။ ထို႔ေၾကာင့္ သူမအေနျဖင့္ အစာအိမ္အားသံုးပံုႏွစ္ပံုအထိျဖတ္ေတာက္ကာ ကီမိုကင္ဆာကုထံုးအား ရွစ္ႀကိမ္ အထိခံယူခဲ့သည္။

ေနာက္ဆံုး၌ကြယ္လြန္သြားရရွာသည္။ ယင္းသို႔ ၀မ္းနည္းစရာမိခင္အေၾကာင္းေ၀မွ် ေပးျခင္းျဖင့္ တစ္ျခားသူမ်ားလည္းသင္ခန္းစာယူႏုိင္လိမ့္မည္ဟု သမီးျဖစ္သူကေမွ်ာ္လင့္ထားသည္။

CREDIT: WORLDOFBUZZ

Unicode

အစားအစာအကျန်များကို နေ့စဉ်ရေခဲသေတ္တာအတွင်း သိမ်းဆည်းကာ စားသုံးတတ်သူတစ်ဦး၏နိဂုံး

မိသားစုအတော်များများ၌ ထမင်းကျန်ဟင်းကျန်များကိုအလဟဿမဖြစ်စေရန်အတွက် ရေခဲသေတ္တာအတွင်း သိမ်းဆည်းထားပြီး နောက်တစ်နေ့တွင်ပြန်နွှေးစားတတ်ကြသည်။ သို့သော် ကျန်ရှိသည့်အစားအစာတိုင်းကို ထိုသို့စားသုံးရန်မသင့်ကြောင်း မလေးရှားနိုင်ငံမှအိမ်ရှင်မတစ်ဦးက အသက်နှင့်ရင်း၍ပြသွားခဲ့ပေသည်။

လူအများစိတ်ဝင်စားခဲ့ကြသောယင်းအကြောင်းကို ကျန်ရစ်သူသမီးကဝေမျှခဲ့ရာ၌ သူမ၏မိခင်ဖြစ်သူသည် လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး ဟင်းသီးဟင်းရွက်အစားအစာအကျန်များကို နောက်တစ်နေ့တွင်စားသုံးခဲ့ခြင်း ကြောင့် အစာအိမ်ကင်ဆာဖြစ်ကာသေဆုံးခဲ့ကြောင်းဟူ၍ဖြစ်သည်။ မိခင်ဖြစ်သူသည် ဟင်းသီးဟင်းရွက်က ကျန်းမာရေးကိုမထိခိုက်စေဟုယူဆပြီး ရေခဲသေတ္တာအတွင်းသိမ်းဆည်း၍နောက်တစ်နေ့တွင် ပြန်လည် ချက်ပြုတ်စားသုံးနေခဲ့ခြင်းဖြစ်သည်။

သို့သော် အစားအစာများကိုရေခဲသေတ္တာအတွင်းထားရှိပြီး နောက်တစ်နေ့တွင်ပြန်နွှေးခြင်းက အန္တရာယ်ရှိသော ဘက်တီးရီးယားများနှင့်အခြားအဆိပ်အတောက်ဖြစ်စေသည့်အရာများကိုထွက်ရှိလာစေသဖြင့် ရေရှည်တွင် ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေသလို ကင်ဆာဆဲလ်များကိုအားပေးရာရောက်ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးမှာ နှစ်လသုံးလအတွင်း ကိုယ်အလေးချိန်အလွန်ကျဆင်းသွားပြီး ၂၀၁၄ ခုနှစ်တွင် အစာအိမ် ကင်ဆာဖြစ်နေကြောင်း ဆရာဝန်များကစစ်ဆေးတွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် သူမအနေဖြင့် အစာအိမ်အားသုံးပုံနှစ်ပုံအထိဖြတ်တောက်ကာ ကီမိုကင်ဆာကုထုံးအား ရှစ်ကြိမ် အထိခံယူခဲ့သည်။

နောက်ဆုံး၌ကွယ်လွန်သွားရရှာသည်။ ယင်းသို့ ဝမ်းနည်းစရာမိခင်အကြောင်းဝေမျှ ပေးခြင်းဖြင့် တစ်ခြားသူများလည်းသင်ခန်းစာယူနိုင်လိမ့်မည်ဟု သမီးဖြစ်သူကမျှော်လင့်ထားသည်။

CREDIT: WORLDOFBUZZ

LEAVE A REPLY

Please enter your comment!
Please enter your name here