ရှမ်းပြည်နယ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ခါးပိုက်နှိုက် မိတာ ၃ ယောက်ပါ၊ အမျိုးသမီးတွေချည်းပါပဲ

49

.


.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူအဖွဲ့နှင့် တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရက်အတွင်း ခိုးဆိုးလုနှိုက်များ မဖြစ်စေရေး လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီခွဲခန့်၌ တောင်ကြီးမြို့မဈေးအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးမှာ ညောင်ရွှေမြို့နေ မမိုး၊ အောင်လံမြို့နယ်နေ မပြည့်ပြည့်အောင်နှင့် နွားထိုးကြီးမြို့နယ်နေ မိုးမိုး တို့ ဖြစ်ကြပြီး ၎င်းတို့အား သက်သေခံ ပစ္စည်းများနှင့် အတူ ရဲတပ်ဖွဲ့ဝင်များက တောင်ကြီးမြို့ မြို့မဈေး အနီး၌ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


credit – KBZTai

unicode

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးကို ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ခြင်း သိရသည်။

“ ခါးပိုက်နှိုက် မိတာ ၃ ယောက်ပါ၊ အမျိုးသမီးတွေချည်းပါပဲ။ သက်သေခံ ပစ္စည်းတွေနဲ့ ဖမ်းမိတာပါ၊ အမှုဖွင့် အရေးယူ ထားပါတယ်။”ဟု ရဲအရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူအဖွဲ့နှင့် တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရက်အတွင်း ခိုးဆိုးလုနှိုက်များ မဖြစ်စေရေး လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီခွဲခန့်၌ တောင်ကြီးမြို့မစျေးအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခါးပိုက်နှိုက် အမျိုးသမီး ၃ ဦးမှာ ညောင်ရွှေမြို့နေ မမိုး၊ အောင်လံမြို့နယ်နေ မပြည့်ပြည့်အောင်နှင့် နွားထိုးကြီးမြို့နယ်နေ မိုးမိုး တို့ ဖြစ်ကြပြီး ၎င်းတို့အား သက်သေခံ ပစ္စည်းများနှင့် အတူ ရဲတပ်ဖွဲ့ဝင်များက တောင်ကြီးမြို့ မြို့မစျေး အနီး၌ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ အများပြည်သူထံမှ ငွေကြေးနှင့် ပစ္စည်းများ ခါးပိုက် နှိုက်ယူနေသူ အမျိုးသမီးများကို တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

credit – KBZTai