မိန်းမ ၁၃ ယောက်ယူထားပြီး တစ်ပြိုင်နက် ကိုယ်ဝန်ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အာဂအမျိုးသား

75

မိန်းမ ၁၃ ယောက်ယူထားပြီး တစ်ပြိုင်နက် ကိုယ်ဝန်ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အာဂအမျိုးသား
August 25, 2019 – by Admin

မိန်းမ ၁၃ ယောက်ယူထားတဲ့ အမျိုးသားတစ်ဦးဟာ အားလုံးကို တစ်ပြိုင်နက် ကိုယ်ဝန်ရစေပြီး သူ့ရဲ့ပထမဆုံး ကလေးဖြစ်လာမယ့် ကလေး ၁၃ ယောက်မွေးဖွားလာဖို့ကို စောင့်မျှော်နေပါတယ်။

အမည်မသိရတဲ့ အမျိုးသားတစ်ဦးနဲ့အတူ မွေးခါနီးဖွားကာနီး ဗိုက်စူထွက်နေတဲ့ အမျိုးသမီး ၁၃ ဦး တူယှဉ်တွဲကာ ပြုံးပြုံးရွှင်နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံက အတော်လေး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဇနီးသည် ၁၃ ယောက်လုံးရဲ့ မွေးဖွားမယ့်လကလည်း အတူတူပဲ ဖြစ်လို့ ဒီလိုအားလုံး တစ်လထဲအတူတူ ကိုယ်ဝန်ရဖို့ စွမ်းဆောင်ခဲ့တဲ့ အမျိုးသားရဲ့ စွမ်းပကားကလည်း အံ့အားသင့်စရာကောင်းပါတယ်။

ဓါတ်ပုံအရ ဇနီးသည် ၁၃ ယောက်လုံးဟာလည်း ကျေကျေနပ်နပ် ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်နဲ့တစ်ယောက် အတော်လေး ရင်းနှီးနေတဲ့ ဟန်ရှိတဲ့အတွက် သူတို့အားလုံးကို ထိန်းထားနိုင်တဲ့ စွမ်းဆောင်ရှင်ကြီးရဲ့ နည်းပညာက အဆင့်မြင့်လောက်ပါတယ်။ သူတို့အားလုံးရဲ့ နောက်ခံအပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် ဓါတ်ပုံစတူဒီယိုတစ်ခုမှာ ကလေးမမီးဖွားမီ မိသားစု အမှတ်တရ မှတ်တမ်းရိုက်ကူးကြတယ်လို့ ယူဆလို့ရနိုင်ပါတယ်။

ဖော်ပြပါပုံနဲ့ ပက်သက်၍ သတင်းတိတိကျကျ မရခဲ့သော်လည်း လူမှုကွန်ယက်မှာတော့ စိတ်ဝင်စားမှု မြင့်တက်နေပြီး အချို့ကလည်း ဒီသတင်းမမှန်ကန်ကြောင်း ပြောဆိုကြသလို အချို့မီဒီယာများကလည်း ကမ္ဘာပထမဦးဆုံး မိန်းမ ၁၃ ယောက်လုံးကို တစ်ပြိုင်ထဲ တစ်လထဲ ကိုယ်ဆောင်စေနိုင်ခဲ့သူအဖြစ် ချီးကျူးပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီသတင်းဟာ အဖြစ်မှန်ဟုတ် မဟုတ်ဆိုတာ အတည်မပြုနိုင်သော်လည်း ထူးဆန်းသည့် သတင်းတစ်ပုဒ်တော့ ဖြစ်နေမှာ မလွဲပါ။