မီးပွိုင့်မှာ မီးနီလို့ ကားရပ်ထားတုန်း သေနတ်နဲ့ (၇) ချက်ဆက်တိုက် ပစ်သတ်သွားမှု

4806


တာချီလိတ်၊ ဇန်နဝါရီ ၂၉


ဦးအားဖာဟာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးမီးပွိုင့်မှာ မီးနီမိတာကြောင့် ကားရပ်ထားစဉ်မှာ ဆိုင်ကယ်စီးသေနတ်သမား (၂)ဦးက သေနတ်နဲ့ ၇ ချက်ပစ်သွားတာလို့ မျက်မြင်တွေကပြောပါတယ်။



Unicode

တာချီလိတ်တွင် နာမည်ကြီးသူဌေးကြီးတစ်ဦး မီးပွိုင့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်၊ ဇန်နဝါရီ ၂၉

တာချီလိတ်မြို့ရဲ့ နာမည်ကြီးသူဌေးတစ်ဦးဖြစ်တဲ့ ဦးအားဖာကို ဒီကနေ့ ဇန်နဝါရီလ ၂၉ရက်နေ့လည် တစ်နာရီခန့်က မီးပွိုင့်မှာ သေနတ်နဲ့ (၇)ချက် ပစ်သတ်သွားတယ်လို့ ကနဦးသတင်းရရှိပါတယ်။

ဦးအားဖာဟာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးမီးပွိုင့်မှာ မီးနီမိတာကြောင့် ကားရပ်ထားစဉ်မှာ ဆိုင်ကယ်စီးသေနတ်သမား (၂)ဦးက သေနတ်နဲ့ ၇ ချက်ပစ်သွားတာလို့ မျက်မြင်တွေကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတာကြောင့် ဦးအားဖာ သေဆုံးခဲ့ပြီး တရားခံကိုတော့ ဖမ်းမိခဲ့ခြင်းမရှိသေးဘူးလို့သိရပါတယ်။

သတင်း-ရွှေတြိဂံဒေသ သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here