ကင်ဆာသမားတွေအတွက် သတင်းကောင်း
142
Unicode
ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင် ။ အော့တဝါ၊ သြဂုတ်-၄ဒန်ဒလီယွန်(dandelion)လက်ဖက်မှာ ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။
အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသနိုင်သည့် အာနိသင် အမြောက်အများရှိသောကြောင့် အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။
ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်
အဘိုးအဖွားများက ဆေးဖက်ဝင်သောကြောင့် ဒန်ဒလီယွန်ပန်းပွင့်များကို အရည်ညှစ်ယူထားလေ့ရှိသော်လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က ကင်ဆာရောဂါသည်များကို ကုသည်နိုင်ခြင်းပင်ဖြစ်သည်။ ကင်ဆာဆဲအားလုံးကို သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံးထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင််များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့အပြင် ဆီးရွှင်သည့် အာနိသင်လည်းရှိပြီး၊ သည်းခြေရေကို လှုံ့ဆွပေးသကဲ့သို့၊ အသည်းကိုလည်း ဆေးကြောပေးကာ၊ ဓာတ်မတည့်မှုများကိုလည်း ကုစားနိုင်သည့်အပြင် အဆီကိုလည်း ကျစေနိုင်သည်။ အရေးကြီးသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေသည်။ကနေဒါ ဝင်ဆာတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ သုတေသနအရ ဒန်ဒလီယွန်အမြစ်မှာ ကျန်းမာသန်စွမ်းသည့်ဆဲလ်များကို မထိခိုက်မပျက်စီးစေဘဲ၊ ကင်ဆာဆဲလ်များကို သတ်ဖြတ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်။AM china.comမှကူးယူဖေါ်ပြသည်။