လူကုန္ကူးခံထားရသူ မဝင္းျမတ္သူ ရဲ႕ မိခင္အား ေထာက္ပံ့ေငြမ်ား ေပးအပ္ လႉဒါန္း…

48

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကြန္းတိုက္နယ္ ကင္းေက်း႐ြာမွ တ႐ုတ္ျပည္သို႔ လူကုန္ကူးခံထားရသူ မဝင္းျမတ္သူရဲ႕ မိခင္ ေဒၚခ်ိဳအား စစ္ကိုင္းၿမိဳ႕ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေအာင္ႀကီးမွ ေထာက္ပံ့ေငြ ေလးသိန္း (၄၀၀၀၀၀) က်ပ္ အား ဒီဇင္ဘာလာ (၁) ရက္ေန႔ တြင္ ကင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္လြင္ ႏွင့္ မဝင္းျမတ္သူ အမႈအားလိုက္ပါကူညီေနသူ ဦးေအာင္ျမတ္မင္း တို႔ ေရွ႕တြင္ ေပးအပ္ လႉဒါန္းခဲ့ေၾကာင္းသိရသည္။

ဒီဇင္ဘာလ (၂) ရက္ေန႔တြင္လည္း ဦးေအာင္ႀကီး မွ လူကုန္ကူးခံထားရသူ မဝင္းျမတ္သူရဲ႕ မိခင္ ေဒၚခ်ိဳအား ေထာက္ပံ့ေငြ တစ္သိန္း (၁၀၀၀၀၀) က်ပ္ကို ထပ္မံ ေပးအပ္ လႉဒါန္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ လူကုန္ကူးမႈျဖစ္စဥ္မွာ ႏိုဝင္ဘာလ (၂၇) ရက္ေန႔တြင္ စတင္သိရွိခဲ့ရေသာ လူကုန္ကူးခံရမႈ ျဖစ္စဥ္တစ္ခုျဖစ္ၿပီး စစ္ကိုင္းတိုင္း မင္ကြန္းတိုက္နယ္ ကင္းေက်း႐ြာ မွ မိခင္ျဖစ္သူေဒၚခ်ိဳခ်ိဳရဲ႕ သမီး မဝင္းျမတ္သူ (၁၄) ႏွစ္အား အမရပူရၿမိဳ႕နယ္ ေ႐ႊၾကက္ယက္႐ြာမွာေနတဲ့ ေယာင္းမ ေတာ္စပ္သူ မစန္းမူ ဆိုသူထံ လဖက္ရည္ဆိုင္မွာထားေပးမယ္ဆိုၿပီး ေခၚသြားရာမွ တ႐ုတ္ျပည္ကို အိမ္အကူလုပ္ရန္ဆိုၿပီး မိခင္ ျဖစ္သူ ေဒၚခ်ိဳ မသိရွိပဲ ေရာင္းစားခံခဲ့ရတဲ့ ကိစၥအား မိခင္ျဖစ္သူမွ ႏိုဝင္ဘာ(၂၇) ရက္ေန႔တြင္ လူမႈကြန္ယက္စာမ်က္ႏွာမွ ျပန႔္ႏွံ႔လာတဲ့ ဗြီဒီယိုဖိုင္ကိုေတြ႕ရွိရာမွ သိရၿပီး မစန္းမူ ေနထိုင္တဲ့ အမရပူရၿမိဳ႕နယ္ ရဲစခန္းကို သြားေရာက္ အမူဖြင့္တိုင္ၾကားကာ ႏိုဝင္ဘာ ၂၈ ရက္ ၂၀၁၉ တြင္ အမရပူရ ရဲစခန္းမွ လူေပ်ာက္ အမွတ္စဥ္ (၂၃/၂၀၁၉) ျဖင့္ အမႈလက္ခံ ဖြင့္ေပးခဲ့ၿပီး မႏၲေလးၿမိဳ႕ အမွတ္(၁၁) လူကုန္ကူးမႈ ထားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သို႔ ဆက္လက္တိုင္တန္းခဲ့ေသာ ျဖစ္စဥ္တစ္ခုျဖစ္သည္။

အဆိုပါ လူကုန္ကူးခံရေသာ မဝင္းျမတ္သူ ရဲ႕ မိခင္ ေဒၚခ်ိဳမွာ စီးပြားေရးမရွိ၊ စားဝတ္ေနေရးကတစ္ဖက္၊ သမီးအတြက္ ပူပင္ေသာကမ်ားႏွင့္ ဒုကၡအတိေတြ႕ေနခ်ိန္မွာ စစ္ကိုင္းၿမိဳ႕ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေအာင္ႀကီးမွ စုစုေပါင္း ေထာက္ပံ့ေငြ (၅၀၀၀၀၀) ငါးသိန္းအား ေပးအပ္ေထာက္ပံ့ခဲ့ျခင္းေၾကာင့္ မိသားစုဝင္မ်ားႏွင့္ လိုက္ပါကူညီေပးေနသူမ်ားရဲ႕ကိုယ္စား AlinnMyay(အလင္းေျမ) မီဒီယာမွ အထူးပင္ ေလးစားစြာ ေက်းဇူးတင္ရွိပါသည္။

အျခားအျခားေသာ အလႉရွင္မ်ားလည္း ေဒၚခ်ိဳအတြက္ ေထာက္ပံ့လႉဒါန္းေငြမ်ား ေပးအပ္ လႉဒါန္းလိုပါက ေအာက္ပါ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ လႉဒါန္း ေထာက္ပံ့ႏိုင္ပါေၾကာင္း AlinnMyay(အလင္းေျမ) မီဒီယာမွ ေလးစားစြာ အသိေပးႏႈိးေဆာ္အပ္ပါသည္။

ဆက္သြယ္ရန္ ……

ဦးျမင့္လြင္ (ကင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး) – 09451342100

ဦးေအာင္ျမတ္မင္း (လိုက္ပါ ကူညီေပးေနသူ) – 09752603500 ၊ 09252120353

သတင္း ဓာတ္ပုံ – ကိုေအာင္ျမတ္မင္း #AlinnMyay(အလင္းေျမ)

Unicode

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတိုက်နယ် ကင်းကျေးရွာမှ တရုတ်ပြည်သို့ လူကုန်ကူးခံထားရသူ မဝင်းမြတ်သူရဲ့ မိခင် ဒေါ်ချိုအား စစ်ကိုင်းမြို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကြီးမှ ထောက်ပံ့ငွေ လေးသိန်း (၄၀၀၀၀၀) ကျပ် အား ဒီဇင်ဘာလာ (၁) ရက်နေ့ တွင် ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နှင့် မဝင်းမြတ်သူ အမှုအားလိုက်ပါကူညီနေသူ ဦးအောင်မြတ်မင်း တို့ ရှေ့တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ (၂) ရက်နေ့တွင်လည်း ဦးအောင်ကြီး မှ လူကုန်ကူးခံထားရသူ မဝင်းမြတ်သူရဲ့ မိခင် ဒေါ်ချိုအား ထောက်ပံ့ငွေ တစ်သိန်း (၁၀၀၀၀၀) ကျပ်ကို ထပ်မံ ပေးအပ် လှူဒါန်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးမှုဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် စတင်သိရှိခဲ့ရသော လူကုန်ကူးခံရမှု ဖြစ်စဉ်တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်း မင်ကွန်းတိုက်နယ် ကင်းကျေးရွာ မှ မိခင်ဖြစ်သူဒေါ်ချိုချိုရဲ့ သမီး မဝင်းမြတ်သူ (၁၄) နှစ်အား အမရပူရမြို့နယ် ရွှေကြက်ယက်ရွာမှာနေတဲ့ ယောင်းမ တော်စပ်သူ မစန်းမူ ဆိုသူထံ လဖက်ရည်ဆိုင်မှာထားပေးမယ်ဆိုပြီး ခေါ်သွားရာမှ တရုတ်ပြည်ကို အိမ်အကူလုပ်ရန်ဆိုပြီး မိခင် ဖြစ်သူ ဒေါ်ချို မသိရှိပဲ ရောင်းစားခံခဲ့ရတဲ့ ကိစ္စအား မိခင်ဖြစ်သူမှ နိုဝင်ဘာ(၂၇) ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှ ပြန့်နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကိုတွေ့ရှိရာမှ သိရပြီး မစန်းမူ နေထိုင်တဲ့ အမရပူရမြို့နယ် ရဲစခန်းကို သွားရောက် အမူဖွင့်တိုင်ကြားကာ နိုဝင်ဘာ ၂၈ ရက် ၂၀၁၉ တွင် အမရပူရ ရဲစခန်းမှ လူပျောက် အမှတ်စဉ် (၂၃/၂၀၁၉) ဖြင့် အမှုလက်ခံ ဖွင့်ပေးခဲ့ပြီး မန္တလေးမြို့ အမှတ်(၁၁) လူကုန်ကူးမှု ထားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်လက်တိုင်တန်းခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်သည်။

အဆိုပါ လူကုန်ကူးခံရသော မဝင်းမြတ်သူ ရဲ့ မိခင် ဒေါ်ချိုမှာ စီးပွားရေးမရှိ၊ စားဝတ်နေရေးကတစ်ဖက်၊ သမီးအတွက် ပူပင်သောကများနှင့် ဒုက္ခအတိတွေ့နေချိန်မှာ စစ်ကိုင်းမြို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကြီးမှ စုစုပေါင်း ထောက်ပံ့ငွေ (၅၀၀၀၀၀) ငါးသိန်းအား ပေးအပ်ထောက်ပံ့ခဲ့ခြင်းကြောင့် မိသားစုဝင်များနှင့် လိုက်ပါကူညီပေးနေသူများရဲ့ကိုယ်စား AlinnMyay(အလင်းမြေ) မီဒီယာမှ အထူးပင် လေးစားစွာ ကျေးဇူးတင်ရှိပါသည်။

အခြားအခြားသော အလှူရှင်များလည်း ဒေါ်ချိုအတွက် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ် လှူဒါန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်း ထောက်ပံ့နိုင်ပါကြောင်း AlinnMyay(အလင်းမြေ) မီဒီယာမှ လေးစားစွာ အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် ……

ဦးမြင့်လွင် (ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး) – 09451342100

ဦးအောင်မြတ်မင်း (လိုက်ပါ ကူညီပေးနေသူ) – 09752603500 ၊ 09252120353

သတင်း ဓာတ်ပုံ – ကိုအောင်မြတ်မင်း #AlinnMyay(အလင်းမြေ)