189
Unicode
လေးစားလွန်းလို့ မနေနိုင်ပဲ ပြန်လည် မျှဝေပေးလိုက်ပြီဗျာ..
ပို့ကတော့ ကြာပါပြီ သတင်းဟောင်းလေးတစ်ခုပါ..။ ဒါပေမယ့် လူတိုင်းလူတိုင်း အတုယူကြစေ၍ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။ ရိုးသားဖြူစင်တဲ့သူကိုရော ကျေးဇူးသိတတ်သူကိုရော လေးစားအတုယူနိုင်ကြစေဖို့ပါ။
တက္ကစီငှားစီးတဲ့ လူကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ဘာမှ အမှားအယွင်းမရှိ အခြေမပျက်စေပဲ ကျန်ခဲ့သူပိုင်ရှင်ထံသို့ လက်ရောက်ပြန်ပေးတဲ့ ဦးမျိုးအောင်နဲ့GNB (Good Nature Brothers) Taxi မှ အကိုများဦးလေးများလို့ သိရပါတယ်.။ ပိုက်ဆံအိတ်ထဲမှာလည်း ငွေကျပ် ၂၂၅၀၀၀ နှင့် မှတ်ပုံတင် ၊ အရေးကြီး ဘဏ်ကဒ်များ ပါရှိတယ်လို့သိရပါတယ်။
ပိုင်ရှင်အတွက်လည်း ဝမ်းသာသလို ပြန်ပေးကြသူများကိုလည်း အင်မတန်မှ လေးစားမိပါတယ်..။ ရိုးသားမှုကို ဘာနဲ့မှ မလဲနိုင်တဲ့ လူတွေပေါ့ဗျာ..။ ကျေးဇူးသိတတ်တဲ့ ပိုင်ရှင်ကလည်း ကျေးဇူးတင် ဝမ်းသာလွန်းလို့ ငွေသားတစ်ချို့ကို ကန်တော့မယ်ပြောတာတောင် လုံးဝလက်မခံလို့ ထိုင်ကန်တော့ပြီးပဲ ကျေနပ်လိုက်ရတယ်လို့ သိရပါတယ်..။
ရိုးသားမွန်မြတ် ဖြူစင်တဲ့ GNB တက္ကစီဆရာများ အားလုံးနဲ့ ဦးလေး ဦးမျိုးအောင် (FF 6668) တို့ ဒီထက်မက လုပ်ငန်းတွေ အောင်မြင်ချောမွေ့ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။ ရိုးသားဖြူစင်မှုကိုလည်း အားလုံးအတုယူနိုင်ကြပါစေ..။
ကားပေါ်မှာ ကျန်ခဲ့တဲ့ (ငွေကျပ် ၂၂၅၀၀၀ နှင့် မှတ်ပုံတင် ၊ အရေးကြီး ဘဏ်ကဒ်များ) ဘာတစ်ခုမှမယိုယွင်းပဲ အကုန်ပြန်ပေးတဲ့ ရိုးသားဖြူစင်တဲ့ ဦးလေး ဦးမျိုးအောင်
ကားပေါ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့်ပိုက်ဆံအိတ်(ငွေကျပ် ၂၂၅၀၀၀ နှင့် မှတ်ပုံတင် ၊ အရေးကြီး ဘဏ်ကဒ်များ)ဘာတစ်ခုမှမယိုယွင်းပဲ အကုန်ပြန်ပေးတဲ့ ရိုးသားဖြူစင်တဲ့ ဦးလေး ဦးမျိုးအောင်နဲ့GNB (Good Nature Brothers) Taxi မှ အကိုများဦးလေးများ ကျေးဇူးပါခင်ဗျာ။
ငွေသားတစ်ချို့ကို ကန်တော့ပေ့မယ့် ဘယ်လိုမှလက်မခံတဲ့အတွက် ရှိခိုးကန်တော့ခဲ့ပါတယ်
ရိုးသားမွန်မြတ် ဖြူစင်တဲ့ GNB တက္ကစီဆရာများ အားလုံးနဲ့ ဦးလေး ဦးမျိုးအောင် (FF 6668)
အားလုံးကိုလေးစားပါတယ်ခင်ဗျာ။ Ye Ko-Fb