ႏိုင္ဂ်ီးရီးယား ဒုတိယသမၼတလိုက္ပါစီးနင္းလာသည္႕ရဟတ္ယာဥ္ပ်က္က်

286

ႏိုင္ဂ်ီးရီးယားဒုတိယသမၼတယီမီအိုင္ဆင္ဘာဂ်ိဳ စီးနင္းလိုက္ပါလာသည့္ ရဟတ္ယာဥ္သည္ ယေန႔တြင္ ႏိုင္ဂ်ီးရီးယားႏိုင္ငံေျမာက္ပိုင္းကိုဂ်ီျပည္နယ္၌ ေျမျပင္အဆင္းတြင္ ပ်က္က်ခဲ့ေသာ္လည္း ၄င္းသည္ အသက္ေဘးမွလြတ္ေျမာက္ခဲ့ေၾကာင္း ႐ိုက္တာသတင္းဌာနကေဖာ္ျပခဲ့သည္။

ေဖေဖာ္ဝါရီ ၁၆ရက္တြင္က်င္းပမည့္ သမၼတေရြးေကာက္ပြဲအတြက္ မဲဆြယ္ခရီးထြက္ေနစဥ္ႏိုင္ဂ်ီးရီးယား ဒုတိယသမၼတ၏ရဟတ္ယာဥ္ ပ်က္က်ခဲ့ျခင္းျဖစ္သည္။

ရဟတ္ယာဥ္ပ်က္က်ခဲ့ေသာ္လည္းဒုတိယသမၼတယီမီအိုင္ဆင္ဘာဂ်ိဳႏွင့္ရဟတ္ယာဥ္ဝန္ထမ္းအားလံုးအသက္ေဘးမွလြတ္ေျမာက္ခဲ့ေၾကာင္းဒုတိယသမၼတအေနျဖင့္ကိုဂ်ီျပည္နယ္အတြင္းမဲဆြယ္စည္း႐ံုးေရး လုပ္ငန္းမ်ားဆက္လက္ျပဳလုပ္ေနေၾကာင္း ႏိုင္ဂ်ီးရီးယားအစိုးရ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့သည္။

ထို႔ျပင္ႏိုင္ဂ်ီးရီးယားဒုတိယသမၼတယီမီအိုင္ဆင္ဘာဂ်ိဳသည္ခုႏွစ္လတာကာလအတြင္းရဟတ္ယာဥ္မေတာ္တဆမႈႏွစ္ႀကိမ္ရင္ဆိုင္ခဲ့ရၿပီးယင္းျဖစ္စဥ္ႏွစ္ရပ္စလံုးတြင္ေဘးအႏၱရာယ္မွလြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။

Unicode

နိုင်ဂျီးရီးယားဒုတိယသမ္မတယီမီအိုင်ဆင်ဘာဂျို စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ယနေ့တွင် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းကိုဂျီပြည်နယ်၌ မြေပြင်အဆင်းတွင် ပျက်ကျခဲ့သော်လည်း ၄င်းသည် အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁၆ရက်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ခရီးထွက်နေစဉ်နိုင်ဂျီးရီးယား ဒုတိယသမ္မတ၏ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျခဲ့သော်လည်းဒုတိယသမ္မတယီမီအိုင်ဆင်ဘာဂျိုနှင့်ရဟတ်ယာဉ်ဝန်ထမ်းအားလုံးအသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်းဒုတိယသမ္မတအနေဖြင့်ကိုဂျီပြည်နယ်အတွင်းမဲဆွယ်စည်းရုံးရေး လုပ်ငန်းများဆက်လက်ပြုလုပ်နေကြောင်း နိုင်ဂျီးရီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထို့ပြင်နိုင်ဂျီးရီးယားဒုတိယသမ္မတယီမီအိုင်ဆင်ဘာဂျိုသည်ခုနှစ်လတာကာလအတွင်းရဟတ်ယာဉ်မတော်တဆမှုနှစ်ကြိမ်ရင်ဆိုင်ခဲ့ရပြီးယင်းဖြစ်စဉ်နှစ်ရပ်စလုံးတွင်ဘေးအန္တရာယ်မှလွတ်မြောက်ခဲ့ကြောင်း သိရသည်။