
126




ယခုအခါ အဆိုပါ နေရာနှင့် လမ်းကြောင်း တစ်လျှောက်တွင် အပြစ်မဲ့ဒေသခံ ခရီးသွားပြည်သူများ ဘေးအန္တရာယ် မရှိစေ ရေးအတွက် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး လုပ်ငန်း များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


Unicode

ရသေ့တောင် မြို့နယ်အတွင်း AA အဖွဲ့က မော်တော်ယာဉ်တစ်စီးကို မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းကျေးရွာနှင့် ရသေ့တောင်သွား လမ်းမပေါ်၌ မော်တော်ယာဉ် တစ်စီးကို AA အဖွဲ့က ဖေဖော်ဝါရီလ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဖောက်ခွဲမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ရေဘုတ်ကျေးရွာ ၏အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးလောင်ပျက်စီးနေသော Light Truck အမျိုးအစား မော်တော် ယာဉ် တစ်စီးနှင့် မိုင်းပေါက်ကွဲ ထားသည့် အပိုင်းအစ များကိုတွေ့ရှိရကြောင်း၊

ယခုအခါ အဆိုပါ နေရာနှင့် လမ်းကြောင်း တစ်လျှောက်တွင် အပြစ်မဲ့ဒေသခံ ခရီးသွားပြည်သူများ ဘေးအန္တရာယ် မရှိစေ ရေးအတွက် နယ်မြေလုံခြံုရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြံုရေး လုပ်ငန်း များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

MN ဓာတ်ပုံ-မြန်မာ့တပ်မတော် – Pyi Myanmar