အစိုးရေထာက္ပ့ံေငြ ေငြက်ပ္ ၄ သိန္းခြဲကို ေမာင္ႏိုင္စိုးမိသားစုမွ ျပန္အပ္

1199

ေမာင္ႏိုင္စိုး၏ မိဘမ်ားမွ သူ႕သား လက္နက္ၾကီးက်ည္စ ထိမွန္ေသဆံုးခဲ့သည့္ အတြက္ ရခိုင္ျပည္နယ္ အစုိးရအဖြဲ႕ႏွင့္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပည္လည္ေနရာခ်ထားေရ ဝန္ၾကီးဌာနမွ ေထာက္ပံ့ ကူညီခဲ့သည့္ ေငြက်ပ္ ၄ သိန္းခြဲကို ျပန္လည္ ေပးအပ္လိုက္သည္ဟု သတင္းရရွိသည္။

ရေသ့ေတာင္ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးစံုစမ္းေမးျမန္းေသာ္ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေအာင္က “ျပည္နယ္အစိုးရအဖြဲက ေထာက္ပံ့ေၾကး ၂ သိန္း၊

လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပည္လည္ေနရာ ခ်ထားေရး ဝန္ၾကီးဌာနရဲ႕ လက္ေအာက္မွာရွိတဲ့ ေဘးအႏၱရယ္ဆိုင္ရာ စီမံခန္႕ခြဲမႈ ဦးစီးဌာနမွ ၂ သိန္းခြဲ၊ စုစုေပါင္ ၄ သိန္းခြဲေထာက္ပံ႔ ခဲ့တာပါ။

ေဖေဖာ္၀ါရီ ၂ ရက္ေန႕ကေတာ့ ဒီေထာက္ပံ့ေငြကို မလိုခ်င္ဘူးဆိုျပီး မိဖေတြက ျပန္လာေပးသြားတာေတာ့ရွိတယ္။ ဝန္ၾကီးဌာနကေပးတာေတာ့ တစ္နိုင္ငံလံုးအတိုင္းအတာနဲ႔ ဘယ္ေနရာမွာဘဲျဖစ္ျဖစ္ မူအရ ေပးတာပါ။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကလည္း နာေရး ေထာက္ပ့ံကူညီတဲ့ သေဘာနဲ႕ ေပးတာပါ။ သူတို႕က မလိုခ်င္ဘူး။ စိတ္မသန္႔ဘူးဆိုျပီးေတာ့ ျပန္ေပးသြားပါတယ္”ဟု နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ သမီးလွရြာသစ္ ေက်း႐ြာအေနာက္ဘက္ တံတားတြင္ ဇန္နဝါရီ ၂၆ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ျပီး အသက္ (၇) ႏွစ္ ပထမတန္းေက်ာင္းသား ေမာင္ႏိုင္စိုးစည့္ လက္နက္ၾကီး က်ည္ဆံစထိမွန္ၿပီး ေသဆံုးခဲ့ရသည္။

ေမာင္ႏိုင္စိုး၏ဖခင္ ဦးေက်ာ္ေက်ာ္ႏိုင္က “အစိုးရက ေထာက္ပံ႔ေၾကးအျဖစ္ေပးတဲ႔ ပိုက္ဆံကို ျပန္ေပးတယ္ ဆိုတာက ကၽြန္ေတာ္တို႕ မိသားစုက လက္မခံလိုတဲ့ အတြက္ပါ။ ေနာက္တစ္ခုက သားမ်က္ရည္စာကို မစားခ်င္လို႔ပါ။

ေနာက္ျပီး သားတစ္ေယာက္ ဆံုးရွံဳးလိုက္ရတာေလ အဲဒီေထာက္ပ႔႔ံေၾကးေငြကို လက္ခံ လိုက္ရင္ ရင္ထဲက အပူမီးက ေပ်ာက္ကင္းမွာ မဟုတ္ဘူး။ ထပ္ျပီးေတာ႔ ပူေလာင္ရမွာစိုးရိမ္တယ္။ ကြ်န္ေတာ္ကို သားတစ္ေယာက္ ဆံုးရွံဳးျပီးမွ ရလာတဲ့ ဒီေထာက္ပံံ႔ေၾကးကို မလိုခ်င္လို႕ပါ”ဟု ေျပာသည္။

ေမာင္ႏိုင္စိုးအတြက္ ၎ေထာက္ပံ့ေငြမ်ားကို ဇန္နဝါရီလ ၃၁ ရက္ေန႔က မိဘမ်ားထံ ေပးအပ္ခဲ့ေၾကာင္း၊ တစ္ျခား လူမႈအဖြဲ႕အစည္းမ်ားမွ ေငြထင္၍ လက္ခံခဲ့ၿခင္း ျဖစ္ေၾကာင္း၊ ေနာက္ပိုင္းတြင္ အစိုးရမွ ေထာက္ပံ့ေပးသည့္ေငြဟုသိ၍ ျပန္လည္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

ေမာင္ႏိုင္စိုးသည္ သမီးလွေက်းရြာသစ္ မူလတန္းေက်ာင္းတြင္ ပထမတန္းသင္ယူေနေသာေက်ာင္းသား တစ္ဦးျဖစ္ျပီး ဇန္န၀ါရီ ၂၆ ရက္ေန႕ နံနက္ ၉ နာရီေက်ာ္အခ်ိန္က မိခင္ျဖစ္သူ ထမင္းခ်က္ေနသည့္ အနီးတြင္ ရွိေနစဥ္ လက္နက္ၾကီးက်ည္ဆံ အပိုင္းအစ ဦးေခါင္းတြင္ ထိမွန္ခဲ့ျပီး ရေသ႔ေတာင္ျမိဳ႕နယ္ ေဆးရံုသို႕ ယူေဆာင္ခဲ့ရသည္။

၎ေဆးရံုမွ တဆင့္ စစ္ေတြေဆးရံု၊ စစ္ေတြမွ တဆင့္ ရန္ကုန္ေဆးရံုၾကီးသို႕ ဇန္န၀ါရီ ၂၈ ရက္ေန႕က လူနာတင္ကားျဖင့္ ပို႔ေဆာင္ရာ ေက်ာက္ေတာ္ျမိဳ႕ အေရာက္တြင္ ညေန ၇ နာရီ ၄၅ မိနစ္၌ ကြယ္လြန္သြားခဲ့သည္။

ေမာင္ႏိုင္စိုး အေလာင္းအား ဇန္န၀ါရီ ၃၀ ရက္ေန႕က သူ႕ေမြးရပ္ရြာ သမီးလွရြာသစ္တြင္ သျဂိဳၤလ္ရာ ေဒသခံလူထု ေထာင္ႏွင့္ခ်ီျပီး တက္ေရာက္ခဲ့ၾကသည္။နိရဥၥရာ၊ ေဖေဖၚဝါရီ ၄

Unicode

မောင်နိုင်စိုး၏ မိဘများမှ သူ့သား လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့သည့် အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေ ဝန်ကြီးဌာနမှ ထောက်ပံ့ ကူညီခဲ့သည့် ငွေကျပ် ၄ သိန်းခွဲကို ပြန်လည် ပေးအပ်လိုက်သည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးစုံစမ်းမေးမြန်းသော် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က “ပြည်နယ်အစိုးရအဖွဲက ထောက်ပံ့ကြေး ၂ သိန်း၊

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာ ချထားရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ၂ သိန်းခွဲ၊ စုစုပေါင် ၄ သိန်းခွဲထောက်ပံ့ ခဲ့တာပါ။

ဖေဖော်ဝါရီ ၂ ရက်နေ့ကတော့ ဒီထောက်ပံ့ငွေကို မလိုချင်ဘူးဆိုပြီး မိဖတွေက ပြန်လာပေးသွားတာတော့ရှိတယ်။ ဝန်ကြီးဌာနကပေးတာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်နေရာမှာဘဲဖြစ်ဖြစ် မူအရ ပေးတာပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း နာရေး ထောက်ပ့ံကူညီတဲ့ သဘောနဲ့ ပေးတာပါ။ သူတို့က မလိုချင်ဘူး။ စိတ်မသန့်ဘူးဆိုပြီးတော့ ပြန်ပေးသွားပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ် ကျေးရွာအနောက်ဘက် တံတားတွင် ဇန်နဝါရီ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၇) နှစ် ပထမတန်းကျောင်းသား မောင်နိုင်စိုးစည့် လက်နက်ကြီး ကျည်ဆံစထိမှန်ပြီး သေဆုံးခဲ့ရသည်။

မောင်နိုင်စိုး၏ဖခင် ဦးကျော်ကျော်နိုင်က “အစိုးရက ထောက်ပံ့ကြေးအဖြစ်ပေးတဲ့ ပိုက်ဆံကို ပြန်ပေးတယ် ဆိုတာက ကျွန်တော်တို့ မိသားစုက လက်မခံလိုတဲ့ အတွက်ပါ။ နောက်တစ်ခုက သားမျက်ရည်စာကို မစားချင်လို့ပါ။

နောက်ပြီး သားတစ်ယောက် ဆုံးရှုံးလိုက်ရတာလေ အဲဒီထောက်ပ့့ံကြေးငွေကို လက်ခံ လိုက်ရင် ရင်ထဲက အပူမီးက ပျောက်ကင်းမှာ မဟုတ်ဘူး။ ထပ်ပြီးတော့ ပူလောင်ရမှာစိုးရိမ်တယ်။ ကျွန်တော်ကို သားတစ်ယောက် ဆုံးရှံုးပြီးမှ ရလာတဲ့ ဒီထောက်ပံံ့ကြေးကို မလိုချင်လို့ပါ”ဟု ပြောသည်။

မောင်နိုင်စိုးအတွက် ၎င်းထောက်ပံ့ငွေများကို ဇန်နဝါရီလ ၃၁ ရက်နေ့က မိဘများထံ ပေးအပ်ခဲ့ကြောင်း၊ တစ်ခြား လူမှုအဖွဲ့အစည်းများမှ ငွေထင်၍ လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အစိုးရမှ ထောက်ပံ့ပေးသည့်ငွေဟုသိ၍ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မောင်နိုင်စိုးသည် သမီးလှကျေးရွာသစ် မူလတန်းကျောင်းတွင် ပထမတန်းသင်ယူနေသောကျောင်းသား တစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က မိခင်ဖြစ်သူ ထမင်းချက်နေသည့် အနီးတွင် ရှိနေစဉ် လက်နက်ကြီးကျည်ဆံ အပိုင်းအစ ဦးခေါင်းတွင် ထိမှန်ခဲ့ပြီး ရသေ့တောင်မြို့နယ် ဆေးရုံသို့ ယူဆောင်ခဲ့ရသည်။

၎င်းဆေးရုံမှ တဆင့် စစ်တွေဆေးရုံ၊ စစ်တွေမှ တဆင့် ရန်ကုန်ဆေးရုံကြီးသို့ ဇန်နဝါရီ ၂၈ ရက်နေ့က လူနာတင်ကားဖြင့် ပို့ဆောင်ရာ ကျောက်တော်မြို့ အရောက်တွင် ညနေ ရ နာရီ ၄၅ မိနစ်၌ ကွယ်လွန်သွားခဲ့သည်။

မောင်နိုင်စိုး အလောင်းအား ဇန်နဝါရီ ၃၀ ရက်နေ့က သူ့မွေးရပ်ရွာ သမီးလှရွာသစ်တွင် သဂြိုင်္လ်ရာ ဒေသခံလူထု ထောင်နှင့်ချီပြီး တက်ရောက်ခဲ့ကြသည်။နိရဥ္စရာ၊ ဖေဖေါ်ဝါရီ ၄