ျမင္ဖူးေအာင္ ၾကည့္သြားဗ်ာ..။ ဝမ္းတြင္းၿမိဳ႕နယ္မွာ ႏြားမေလးက လူကေလး ေမြးတဲ့ျဖစ္ရပ္။

2173

ဝမ္းတြင္းၿမိဳ႕နယ္တြင္ ႏြားမက လူပုံစံ ႏြားကေလး ေမြး

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ တမာကန္အုပ္စု ဆယ္ရြာေက်းရြာမွာ ႏြားမက လူပုံစံ ႏြားကေလး ေမြးလာတယ္လုိ႔ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာ ေဒသခံေတြက ေျပာပါတယ္။

ဆယ္ရြာေက်းရြာေန ႏြားပိုင္ရွင္ဦးပိန္က “ႏြားမတန္း ႏြားမပါ။ အခုက်တဲ့သားက ပထမဆုံး က်တာေပါ့။ ေမြးေမြးခ်င္း အေသေလးေမြးလာတယ္။ လူပုံစံေပါ့ ေခါင္းမွာ ဆံပင္ေလးေတြပါတယ္။

ႏြားႏုတ္သီး မဟုတ္ဘဲ လူပါးစပ္ လူႏွာေခါင္း ျဖစ္ေနတယ္။ လက္ေခ်ာင္းေတြ ေျခေခ်ာင္းေတြ ေနရာမွာ ႏြားခြာေတြ ျဖစ္ေနတယ္။ လက္ေမာင္းေတြကေတာ့ လူလုိပါပဲ။

ေၾကာျပင္မွာလည္း ႏြားေတြလုိ ဘုိ႔ မပါဘဲ လူေၾကာျပင္လုိပဲ အရြယ္အစားကေတာ့ လူႀကီးလက္ဝါးေလာက္ေပါ့။ အေတာ္ဆန္းေနတယ္ ရြာနီးခ်ဳပ္စပ္ေတြ လာၾကည့္ၾကတယ္”လုိ႔ ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕နယ္ သဲေတာၿမိဳ႕ အေရွ႕ေတာင္ဘက္ ၃မိုိင္ အကြာမွာ တည္ရွိတဲ့ ဆယ္ရြာေက်းရြာမွာ အိမ္ေျခ ၃၀၀ ေလာက္ရွိၿပီး ေတာင္သူလုပ္ငန္းနဲ႔ အသက္ေမြးၾကပါတယ္။

သတင္း-ေမာင္ေမာင္လင္း – By ဒီဗီြဘီ

Unicode

ဝမ်းတွင်းမြို့နယ်တွင် နွားမက လူပုံစံ နွားကလေး မွေး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု ဆယ်ရွာကျေးရွာမှာ နွားမက လူပုံစံ နွားကလေး မွေးလာတယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဒေသခံတွေက ပြောပါတယ်။

ဆယ်ရွာကျေးရွာနေ နွားပိုင်ရှင်ဦးပိန်က “နွားမတန်း နွားမပါ။ အခုကျတဲ့သားက ပထမဆုံး ကျတာပေါ့။ မွေးမွေးချင်း အသေလေးမွေးလာတယ်။ လူပုံစံပေါ့ ခေါင်းမှာ ဆံပင်လေးတွေပါတယ်။

နွားနုတ်သီး မဟုတ်ဘဲ လူပါးစပ် လူနှာခေါင်း ဖြစ်နေတယ်။ လက်ချောင်းတွေ ခြေချောင်းတွေ နေရာမှာ နွားခွာတွေ ဖြစ်နေတယ်။ လက်မောင်းတွေကတော့ လူလိုပါပဲ။

ကြောပြင်မှာလည်း နွားတွေလို ဘို့ မပါဘဲ လူကြောပြင်လိုပဲ အရွယ်အစားကတော့ လူကြီးလက်ဝါးလောက်ပေါ့။ အတော်ဆန်းနေတယ် ရွာနီးချုပ်စပ်တွေ လာကြည့်ကြတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် သဲတောမြို့ အရှေ့တောင်ဘက် ၃မိိုင် အကွာမှာ တည်ရှိတဲ့ ဆယ်ရွာကျေးရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး တောင်သူလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။

သတင်း-မောင်မောင်လင်း – By ဒီဗွီဘီ