မိုက္ကယ္လ္ဂ်က္ဆင္ကို ဘယ္ေလာက္အထိ ရူးသြပ္လဲဆိုရင္

200

မိုက္ကယ္လ္ဂ်က္ဆင္ကို ဘယ္ေလာက္အထိ ရူးသြပ္လဲဆိုရင္

မိုက္ကယ္လ္ဂ်က္ဆင္ႏွင့္တူေအာင္ ခြဲစိတ္ျပဳျပင္မႈေတြ အႀကိမ္ႀကိမ္လုပ္ခဲ့သူ

အာဂ်င္တီးနားႏုိင္ငံ၊ ေဘြေနာ့စ္အဲလ္ရိစ္ၿမိဳ႕က အသက္(၂၂)ႏွစ္အရြယ္ Leo Blanco ဆုိသူအမ်ိဳးသားဟာ ေပါ့ပ္ဘုရင္ မိုက္ကယ္လ္ဂ်က္ဆင္နဲ႔ တေထရာတည္းတူေအာင္လုပ္ဖို႔ (၇)ႏွစ္အတြင္းမွာ ခြဲစိတ္ျပဳျပင္မႈေတြအႀကိမ္ႀကိမ္ လုပ္ခဲ့ ပါတယ္။

Blanco ဟာ ကမၻာတစ္၀န္းရွိ မုိက္ကယ္ဂ်က္ဆင္အတု ေထာင္ေပါင္းမ်ားစြာထဲက တစ္ဦးျဖစ္ေပမယ့္ တျခားသူေတြနဲ႔ မတူတာေတာ့ သူရူးသြပ္တဲ့အႏုပညာရွင္နဲ႔ တေတရာတည္းတူေအာင္လုပ္မယ္ဆိုတဲ့ ခံယူခ်က္ပဲျဖစ္ပါတယ္။

သူငယ္ငယ္က မိုက္ကယ္ဂ်က္ဆင္ကိုစေတြ႔ခဲ့တဲ့အခ်ိန္ကတည္း မိုက္ကယ္ဂ်က္ဆင္လုိျဖစ္ခ်င္စိတ္ေတြ ျပင္းျပခဲ့တာ ပါ။

သူအသက္(၁၅)ႏွစ္အရြယ္မွာေတာ့ သူ႔အိမ္မက္ေတြျပည့္၀ဖို႔ ခြဲစိတ္ျပဳျပင္မႈေတြ စလုပ္ခဲ့ပါတယ္။ (၇)ႏွစ္အတြင္းမွာ ခြဲစိတ္ျပဳျပင္မႈ(၁၁)ႀကိမ္လုပ္ခဲ့ၿပီးတာေတာင္ သူ႔ရဲ႕မ်က္ႏွာသြင္ျပင္ကို မေက်နပ္ေသးပဲ ဒီထက္မက တူေအာင္ လိုအပ္တာေတြထပ္လုပ္ဖို႔ စီစဥ္ခဲ့ပါတယ္။

Barcroft TV နဲ႔ အင္တာဗ်ဴမွာေတာ့ Leo Blanco က ခြဲစိတ္ျပဳျပင္မႈနဲ႔ အျခားအလွအပ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ဖို႔ အေမရိကန္ေဒၚလာ(၃)ေသာင္းေက်ာ္ သံုးခဲ့တယ္ဆုိၿပီး ဖြင့္ေျပာျပခဲ့ပါတယ္။ သူ႔ရဲ႕ႏွာေခါင္းကိုခြဲစိတ္ျပဳျပင္မႈ (၄) ႀကိမ္လုပ္ထားၿပီး၊ ပါးရိုး၊ ေမးရိုး နဲ႔ ေမးေစ့ ေတြကိုလည္း ခြဲစိတ္ျပဳျပင္ထားတယ္လုိ႔ဆုိပါတယ္။

ေနာက္ဆံုးေတာ့ မုိက္ကယ္ဂ်က္ဆင္နဲ႔တူတဲ့မ်က္ႏွာမ်ိဳးကိုပိုင္ဆုိင္လာၿပီး သူ႔ရဲ႕ေဖ်ာ္ေျဖပြဲေတြဆိုရင္ ပရိသတ္ေတြက လုိက္အားေပး ၾကပါတယ္။ ဒါေပမယ့္ သူရဲ႕မိသားစုကေတာ့ သူအခုလိုခြဲစိတ္ျပဳျပင္လုိက္တာနဲ႔ပတ္သက္ၿပီး ေနာက္ဆက္တြဲဆုိးက်ိဳး ေတြျဖစ္မွာကို စိုးရိမ္ေနၾကပါတယ္။ဘာသာျပန္ – စုစံစိုးSource – Oddity Central News

Unicode

မိုက်ကယ်လ်ဂျက်ဆင်ကို ဘယ်လောက်အထိ ရူးသွပ်လဲဆိုရင်

မိုက်ကယ်လ်ဂျက်ဆင်နှင့်တူအောင် ခွဲစိတ်ပြုပြင်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့သူ

အာဂျင်တီးနားနိုင်ငံ၊ ဘွေနော့စ်အဲလ်ရိစ်မြို့က အသက်(၂၂)နှစ်အရွယ် Leo Blanco ဆိုသူအမျိုးသားဟာ ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင်နဲ့ တထေရာတည်းတူအောင်လုပ်ဖို့ (၇)နှစ်အတွင်းမှာ ခွဲစိတ်ပြုပြင်မှုတွေအကြိမ်ကြိမ် လုပ်ခဲ့ ပါတယ်။

Blanco ဟာ ကမ္ဘာတစ်ဝန်းရှိ မိုက်ကယ်ဂျက်ဆင်အတု ထောင်ပေါင်းများစွာထဲက တစ်ဦးဖြစ်ပေမယ့် တခြားသူတွေနဲ့ မတူတာတော့ သူရူးသွပ်တဲ့အနုပညာရှင်နဲ့ တတေရာတည်းတူအောင်လုပ်မယ်ဆိုတဲ့ ခံယူချက်ပဲဖြစ်ပါတယ်။

သူငယ်ငယ်က မိုက်ကယ်ဂျက်ဆင်ကိုစတွေ့ခဲ့တဲ့အချိန်ကတည်း မိုက်ကယ်ဂျက်ဆင်လိုဖြစ်ချင်စိတ်တွေ ပြင်းပြခဲ့တာ ပါ။

သူအသက်(၁၅)နှစ်အရွယ်မှာတော့ သူ့အိမ်မက်တွေပြည့်ဝဖို့ ခွဲစိတ်ပြုပြင်မှုတွေ စလုပ်ခဲ့ပါတယ်။ (၇)နှစ်အတွင်းမှာ ခွဲစိတ်ပြုပြင်မှု(၁၁)ကြိမ်လုပ်ခဲ့ပြီးတာတောင် သူ့ရဲ့မျက်နှာသွင်ပြင်ကို မကျေနပ်သေးပဲ ဒီထက်မက တူအောင် လိုအပ်တာတွေထပ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။

Barcroft TV နဲ့ အင်တာဗျူမှာတော့ Leo Blanco က ခွဲစိတ်ပြုပြင်မှုနဲ့ အခြားအလှအပ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အမေရိကန်ဒေါ်လာ(၃)သောင်းကျော် သုံးခဲ့တယ်ဆိုပြီး ဖွင့်ပြောပြခဲ့ပါတယ်။ သူ့ရဲ့နှာခေါင်းကိုခွဲစိတ်ပြုပြင်မှု (၄) ကြိမ်လုပ်ထားပြီး၊ ပါးရိုး၊ မေးရိုး နဲ့ မေးစေ့ တွေကိုလည်း ခွဲစိတ်ပြုပြင်ထားတယ်လို့ဆိုပါတယ်။

နောက်ဆုံးတော့ မိုက်ကယ်ဂျက်ဆင်နဲ့တူတဲ့မျက်နှာမျိုးကိုပိုင်ဆိုင်လာပြီး သူ့ရဲ့ဖျော်ဖြေပွဲတွေဆိုရင် ပရိသတ်တွေက လိုက်အားပေး ကြပါတယ်။ ဒါပေမယ့် သူရဲ့မိသားစုကတော့ သူအခုလိုခွဲစိတ်ပြုပြင်လိုက်တာနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဆိုးကျိုး တွေဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ဘာသာပြန် – စုစံစိုးSource – Oddity Central News