အိပ္ခန္းအတြင္း အိပ္ေနသည့္ (၉)တန္း ေက်ာင္းသူကို လူငယ္တစ္ဦးက ၿခိမ္းေျခာက္ကာသားမယား ျပဳက်င့္

959

ဧရာဝတီတိုင္း ဖ်ာပုံခ႐ိုင္ ေဒးဒရဲၿမိဳ႕နယ္ ဆူးကလပ္ေက်း႐ြာအုပ္စုတြင္ ေနအိမ္အိပ္ခန္းအတြင္း အိပ္ေနသည့္ အသက္ (၁၅) ႏွစ္အ႐ြယ္ (၉) တန္းေက်ာင္းသူကို တစ္႐ြာတည္းေန အသက္ ၂၀ အ႐ြယ္ လူငယ္တစ္ဦးက အလိုမတူဘဲ သားမယား အျဖစ္ျပဳက်င့္သြားမႈတစ္ခု ေဖေဖာ္ဝါရီလ (၇) ရက္ နံနက္ အေစာပိုင္းက ျဖစ္ပြားသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၆ ရက္ ညပိုင္းက ဖခင္ျဖစ္သူႏွင့္မိခင္ျဖစ္သူတို႔သည္ ေနအိမ္၏ အိမ္ဦးခန္းအနီးတြင္အိပ္ေနၿပီး သမီးျဖစ္သူ မ ——– (၁၅) ႏွစ္ႏွင့္ ညီမျဖစ္သူ မ ——– တို႔ ႏွစ္ဦးသည္ ဘီဒိုျဖင့္ ကာရံဖြဲ႕စည္းထားသည့္ ေနအိမ္အိပ္ခန္းအတြင္းအိပ္ေနစဥ္ ေဖေဖၚဝါရီ (၇) ရက္ နံနက္ ၁ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္အေရာက္တြင္ အိမ္ေပၚေနာက္ေဖးတံခါးမွ ”ဝုန္းကနဲ” အသံ ၾကားရသျဖင့္ မိခင္ျဖစ္သူမွ ဓာတ္မီးယူ၍ သမီးမ်ား အိပ္ေနေသာ အခန္းဘက္သို႔ သြားၾကည့္ခဲ့ေၾကာင္းသိရသည္။

Unicode

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာအုပ်စုတွင် နေအိမ်အိပ်ခန်းအတွင်း အိပ်နေသည့် အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကို တစ်ရွာတည်းနေ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်သွားမှုတစ်ခု ဖေဖော်ဝါရီလ (၇) ရက် နံနက် အစောပိုင်းက ဖြစ်ပွားသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက် ညပိုင်းက ဖခင်ဖြစ်သူနှင့်မိခင်ဖြစ်သူတို့သည် နေအိမ်၏ အိမ်ဦးခန်းအနီးတွင်အိပ်နေပြီး သမီးဖြစ်သူ မ ——– (၁၅) နှစ်နှင့် ညီမဖြစ်သူ မ ——– တို့ နှစ်ဦးသည် ဘီဒိုဖြင့် ကာရံဖွဲ့စည်းထားသည့် နေအိမ်အိပ်ခန်းအတွင်းအိပ်နေစဉ် ဖေဖေါ်ဝါရီ (၇) ရက် နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်အရောက်တွင် အိမ်ပေါ်နောက်ဖေးတံခါးမှ ”ဝုန်းကနဲ” အသံ ကြားရသဖြင့် မိခင်ဖြစ်သူမှ ဓာတ်မီးယူ၍ သမီးများ အိပ်နေသော အခန်းဘက်သို့ သွားကြည့်ခဲ့ကြောင်းသိရသည်။