ရိုးမမႏၲလာ EXPRESS ယာဥ္ေပၚမွ ပုန္းလွ်ဳိးတင္ေဆာင္လာတဲ့ ဘဂၤါလီမ်ား ဖမ္းဆီးရမိ၊ ယာဥ္ေမာင္း ထြက္ေျပး

3407

ရိုးမမႏၲလာခရီးသည္ပိုေဆာင္ေရး EXPRESS ယာဥ္ေပၚမွ ပုန္းလွ်ဳိးတင္ေဆာင္လာသူ ဘဂၤါလီ ၆ ဦးအား ဖမ္းဆီးရမိ၊ ယာဥ္ေမာင္း ထြက္ေျပးတိမ္းေရွာင္သြား

ရိုးမ မႏၲလာ စစ္ေတြမွရန္ကုန္သို႔ေမာင္းႏွင္လာသည့္ ခရီးသည္ပို႔ေဆာင္ေရးယာဥ္အား ေဖေဖာ္ဝါရီ(၉)ရက္ေန႕ညေန(၅)နာရီ(၅၀)မိနစ္အခ်ိန္ခန္႔က မေကြးတိုင္း၊ ငဖဲျမိဳ႕နယ္၊ ပ်ဥ္ဝေက်းရြာအနီး၊ နတ္ေရကန္ပူေပါင္းစစ္ေဆးဂိတ္အေရာက္တြင္ စစ္ေဆးရွာေဖြခဲ့ရာ စာရြက္အိတ္ထုတ္မ်ားျဖင့္ဖုံးအုပ္ျပီး ထိုင္ခုံေအာက္တြင္ ပုန္းလွ်ဳိးတင္ေဆာင္လာသူ အေထာက္အထားမဲ့ဘဂၤါလီ(၆)ဦးအား ဖမ္းဆီးရမိခဲ့သည္။

အဆိုပါယာဥ္ေပၚပါ ယာဥ္ေမာင္းအကူႏွင့္ ယာဥ္ေနာက္လိုက္တို႔အား ဖမ္းဆီးရမ္ိခဲ့ျပီး ယာဥ္ေမာင္းမွာ ထြက္ေျပးသြားခဲ့ေႀကာင္း သိရသည္။

ျဖစ္စဥ္မွာ နတ္ေရကန္ပူေပါင္းစစ္ေဆးဂိတ္တြင္ ဒုရဲအုပ္လွစိန္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ လဝကမွဴ းဦေအာင္ေက်ာ္မိုးအဖြဲ႕၊ သစ္ေတာရဲတပ္ဖြဲ႕မွဒုရဲအုပ္ခင္ေမာင္တင့္ပါတပ္ဖြဲ႕ဝင္(၄)ဦး၊ ဇင္ျပြန္းေက်း ရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး၊ ဦးျမင့္ေအာင္၊ ပ်ဥ္ဝေက်းရြာ ရြာခြဲတာဝန္ခံႏွင့္အတူ ယာဥ္အဝင္/အထြက္မ်ားစစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ စစ္ေတြမွရန္ကုန္သို႔ေမာင္းႏွင္လာသည့္ ရိုးမမႏၲလာခရီးသည္ပို႔ေဆာင္ရး EXPRESS ယာဥ္တစ္စီးအား စစ္ေဆးႏိုင္ရန္ရပ္တန္႔ေစခဲ့ရာ ယာဥ္ေမာင္းမွာ ယာဥ္ေပၚမွာခုန္ခ်ျပီး အနီးရိွေတာအတြင္းသို႔ ထြက္ေျပးသြားသျဖင့္ အဆိုပါယာဥ္အား ရွာေဖြစစ္ေဆးခဲ့ရာ ယာဥ္ေမာင္းအကူ ဟန္ဝင္းေအာင္ႏွင့္ယာဥ္ေနာက္လိုက္ညီညီထြန္းတို႕ႏွင့္အတူ ဘဂၤါလီက်ား(၂)ဦး၊ မ(၄)ဦးတို႔အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါယာဥ္ေပၚတြင္ ဟူေဆာင္နာေမာက္၊ ေခါင္းတုတ္ေက်းရြာ၊စစ္ေတြျမိဳ႕၊ မပရာရီတား၊ ဒါးပိုင္ေက်းရြာ၊စစ္ေတြျမိဳ႕၊ မဂ်ာႏူရ္ဘီဘီ၊(သ)၂၁ႏွစ္၊ေခါင္းတုတ္ေက်းရြာ၊စစ္ေတြျမိဳ႕၊ မအညာဆမီး၊ ဒုံးျပင္ေက်းရြာ၊စစ္ေတြျမိဳ႕၊ ေမာင္မူလာမတ္၊ ဒါးပိုင္ေက်းရြာ၊စစ္ေတြျမိဳ႕၊ မဒူရ္ဟူဆူ၊ ဒါးပိုင္ေက်းရြာစစ္ေတြျမိဳ႕ေနသူတို႔အား လဝကဥပေဒျဖင့္အေရးယူမည္ျဖစ္ေႀကာင္း သိရသည္။

အခေႀကးေငြယူေဆာင္၍ တရားမဝင္ပို႔ေဆာင္သူ၊ယာဥ္ေမာင္းေက်ာ္စိုး၊(ထြက္ေျပး)မင္းဂံရပ္ကြက္၊စစ္ေတြျမိဳဳ႕၊ ယာဥ္ေမာင္းအကူ၊ဟန္ဝင္းေအာင္ (သ)၂၈ႏွစ္၊ မရိုးကုန္ေက်းရြာ၊စေကြးေက်းရြာအုပ္စု၊ ေရတာရွည္ျမိဳ႕နယ္၊ ယာဥ္ေနာက္လိုက္ ညီညီထြန္း၊(သ)၂၉ႏွစ္၊ စစ္ေတြျမိဳ႕၊မင္းဂံရပ္ကြက္ေနသူတို႔အား ငဖဲျမိဳ႕နယ္၊ ပဒါန္းနယ္ေျမရဲစခန္းတြင္(ပ)၁၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၆၇ျဖင့္ အမႈဖြင့္ထားေႀကာင္း သိရသည္။

မ်ိဳးလိႈင္ဝင္း(ငဖဲ) News Watch

Unicode

ရိုးမမန္တလာခရီးသည်ပို့ဆောင်ရေး EXPRESS ယာဉ်ပေါ်မှ ပုန်းလျှိုးတင်ဆောင်လာသူ ဘင်္ဂါလီ ၆ ဦးအား ဖမ်းဆီးရမိ၊ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်သွား

ရိုးမ မန္တလာ စစ်တွေမှရန်ကုန်သို့မောင်းနှင်လာသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်အား ဖေဖော်ဝါရီ(၉)ရက်နေ့ညနေ(၅)နာရီ(၅၀)မိနစ်အချိန်ခန့်က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပျဉ်ဝကျေးရွာအနီး၊ နတ်ရေကန်ပူပေါင်းစစ်ဆေးဂိတ်အရောက်တွင် စစ်ဆေးရှာဖွေခဲ့ရာ စာရွက်အိတ်ထုတ်များဖြင့်ဖုံးအုပ်ပြီး ထိုင်ခုံအောက်တွင် ပုန်းလျှိုးတင်ဆောင်လာသူ အထောက်အထားမဲ့ဘင်္ဂါလီ(၆)ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါယာဉ်ပေါ်ပါ ယာဉ်မောင်းအကူနှင့် ယာဉ်နောက်လိုက်တို့အား ဖမ်းဆီးရမ်ိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နတ်ရေကန်ပူပေါင်းစစ်ဆေးဂိတ်တွင် ဒုရဲအုပ်လှစိန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လဝကမှူ းဦအောင်ကျော်မိုးအဖွဲ့၊ သစ်တောရဲတပ်ဖွဲ့မှဒုရဲအုပ်ခင်မောင်တင့်ပါတပ်ဖွဲ့ဝင်(၄)ဦး၊ ဇင်ပြွန်းကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဦးမြင့်အောင်၊ ပျဉ်ဝကျေးရွာ ရွာခွဲတာဝန်ခံနှင့်အတူ ယာဉ်အဝင်/အထွက်များစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်တွေမှရန်ကုန်သို့မောင်းနှင်လာသည့် ရိုးမမန္တလာခရီးသည်ပို့ဆောင်ရး EXPRESS ယာဉ်တစ်စီးအား စစ်ဆေးနိုင်ရန်ရပ်တန့်စေခဲ့ရာ ယာဉ်မောင်းမှာ ယာဉ်ပေါ်မှာခုန်ချပြီး အနီးရှိတောအတွင်းသို့ ထွက်ပြေးသွားသဖြင့် အဆိုပါယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်းအကူ ဟန်ဝင်းအောင်နှင့်ယာဉ်နောက်လိုက်ညီညီထွန်းတို့နှင့်အတူ ဘင်္ဂါလီကျား(၂)ဦး၊ မ(၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်ပေါ်တွင် ဟူဆောင်နာမောက်၊ ခေါင်းတုတ်ကျေးရွာ၊စစ်တွေမြို့၊ မပရာရီတား၊ ဒါးပိုင်ကျေးရွာ၊စစ်တွေမြို့၊ မဂျာနူရ်ဘီဘီ၊(သ)၂၁နှစ်၊ခေါင်းတုတ်ကျေးရွာ၊စစ်တွေမြို့၊ မအညာဆမီး၊ ဒုံးပြင်ကျေးရွာ၊စစ်တွေမြို့၊ မောင်မူလာမတ်၊ ဒါးပိုင်ကျေးရွာ၊စစ်တွေမြို့၊ မဒူရ်ဟူဆူ၊ ဒါးပိုင်ကျေးရွာစစ်တွေမြို့နေသူတို့အား လဝကဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အခကြေးငွေယူဆောင်၍ တရားမဝင်ပို့ဆောင်သူ၊ယာဉ်မောင်းကျော်စိုး၊(ထွက်ပြေး)မင်းဂံရပ်ကွက်၊စစ်တွေမြိုု့၊ ယာဉ်မောင်းအကူ၊ဟန်ဝင်းအောင် (သ)၂၈နှစ်၊ မရိုးကုန်ကျေးရွာ၊စကွေးကျေးရွာအုပ်စု၊ ရေတာရှည်မြို့နယ်၊ ယာဉ်နောက်လိုက် ညီညီထွန်း၊(သ)၂၉နှစ်၊ စစ်တွေမြို့၊မင်းဂံရပ်ကွက်နေသူတို့အား ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းတွင်(ပ)၁၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၆ရဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မျိုးလှိုင်ဝင်း(ငဖဲ) News Watch