မႏၱေလးၿမိဳ႕တြင္ အေမရိကန္ႏိုင္ငံသားတစ္ဦး ရုတ္တရက္ေသဆံုးမႈျဖစ္ပြား

125

မႏၱေလးၿမိဳ႕တြင္ အေမရိကန္ႏိုင္ငံသားတစ္ဦး ရုတ္တရက္ေသဆံုးမႈျဖစ္ပြား

မႏၱေလး ေအာင္ေျမသာစံၿမိဳ႔နယ္၊ ေဒါနဘြားရပ္ကြက္၊ အကြက္(၁၃)၊မဟာနဒီလမ္းရွိ ေနအိမ္တြင္ ယေန႔ေဖေဖာ္ဝါရီ(၁၀)ရက္ ညေန(၄)နာရီအခ်ိန္ခန္႔က အေမရိကန္နိုင္ငံျခားသားတစ္ဦးရုတ္တရက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း အမွတ္(၁)နယ္ေျမရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ေဒါနဘြားရပ္ကြက္၊ အကြက္(၁၃)၊မဟာနဒီလမ္း၊ အိမ္အမွတ္(၆၆/ခ)တြင္ နိုင္ငံျခားသားတစ္ဦးေသဆုံးေနေၾကာင္း ေဒါနဘြားရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ေအာင္မွ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ အမွတ္(၁)နယ္ေျမရဲစန္းမွဴး ရဲအုပ္ကမ္ေအာင္ျမင့္ႏွင့္တပ္ဖြဲ႔ဝင္မ်ားသည္

ေဒါနဘြားရပ္ကြက္ရာအိမ္မွဴးမ်ားျဖစ္ေသာ ဦးေက်ာ္ဝင္း၊ ဦးျမင့္ၾကည္တို႔ႏွင့္အတူ သြားေရာက္စစ္ေဆးရာ ေဒါနဘြားရပ္ကြက္၊ အကြက္(၁၃)၊မဟာနဒီလမ္း၊ အိမ္အမွတ္(၆၆/ခ)ရွိ သမီးျဖစ္သူ Mrs. HAVERSACK MEGHAN JANEအသက္(၃၆)ႏွစ္၏ေနအိမ္သို႔ ဇန္နဝါရီ(၅)ရက္ေန႕က ေရာက္ရွိေနထိုင္လ်က္ရွိေသာ အေမရိကန္နိုင္ငံသားMr.HAVERSACK III FRANK LESLIE သည္ ပါးေစာင္ကင္ဆာ ေရာဂါျဖစ္ပြားေနသျဖင့္

ကိုက္ခဲေန၍ အကိုက္အခဲေပ်ာက္ေဆးမ်ား မွီဝဲသုံးစြဲလွ်က္ရွိရာမွ ယေန႔ညေန(၃)နာရီအခ်ိန္ခန႔္တြင္ ေနအိမ္ေအာက္ထပ္ရွိ အိမ္သာမွအထြက္၌ ျပင္ပဒဏ္ရာမ်ားမရွိဘဲ ႐ုတ္တရက္လဲက်ေသဆုံးသြားျခင္းျဖစ္ေၾကာင္း အတူေနထိုင္သူသားမက္ျဖစ္သူ ကိုေက်ာ္စြာအသက္(၃၂)ႏွစ္၊ (ဘ) ဦးေမာင္ေမာင္မွေျပာျပသျဖင့္သိရွိရသည္။

“စခန္းကိုအေၾကာင္းၾကားၾကားခ်င္းသြားေရာက္စစ္ေဆးခဲ့တာပါ။ ေသဆံုးသူႏိုင္ငံျခားသားမွာ ျပင္ပဒဏ္ရာေတာ့မေတြ႔ရွိရဘူး။ ဒါေပမယ့္ ေဆးရံုးႀကီးမွာ စစ္ေဆးဖို႔ ပို႔ေဆာင္ထားတယ္။”ဟု အမွတ္(၁)နယ္ေျမရဲစခန္းမွတာဝန္ရွိသူတစ္ဦးကေျပာၾကားခဲ့သည္။

ေသဆုံးသူအေမရိကန္ႏိုင္ငံျခားသားအနီးရွိ သံမန္တလင္းေပၚတြင္ EQUATE တံဆိပ္ပါ အကိုက္အခဲေပ်ာက္ေဆးဗူး(ေဆးျပားမပါ)(၁)ဗူးႏွင့္ KLIRE အကိုက္အခဲေပ်ာက္ေဆးကဒ္(၂)ကဒ္၊ (၁)ကဒ္လွ်င္ေဆးလုံး(၁၀)လုံးပါအနက္ ေဆးကဒ္(၁)ကဒ္တြင္ ေဆးလုံး(၈)လုံးက်န္ရွိၿပီး က်န္(၁)ကဒ္မွာ ေဆးမ်ားမပါရွိဘဲအခြံျဖစ္)တို႔အား ေတြ႕ရွိခဲ့ရၿပီး ေသဆံုးသူအေလာင္းကို မႏၲေလးျပည္သူ႕ေဆး႐ုံႀကီးသို႔ ပို႔အပ္ခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အေမရိကန္နိုင္ငံသား Mr.AVERSACK III FRANK LESLIE ႐ုတ္တရက္ေသဆုံးမႈအေပၚ အမွတ္(၁)နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္(၂/၂၀၁၉)ျဖင့္ အမႈေရးဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။မိုးမခiseemedia

မန္တလေး အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃)၊မဟာနဒီလမ်းရှိ နေအိမ်တွင် ယနေ့ဖေဖော်ဝါရီ(၁၀)ရက် ညနေ(၄)နာရီအချိန်ခန့်က အမေရိကန်နိုင်ငံခြားသားတစ်ဦးရုတ်တရက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အမှတ်(၁)နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃)၊မဟာနဒီလမ်း၊ အိမ်အမှတ်(၆၆/ခ)တွင် နိုင်ငံခြားသားတစ်ဦးသေဆုံးနေကြောင်း ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်မှ ဖုန်းဆက်အကြောင်းကြားသဖြင့် အမှတ်(၁)နယ်မြေရဲစန်းမှူး ရဲအုပ်ကမ်အောင်မြင့်နှင့်တပ်ဖွဲ့ဝင်များသည်

ဒေါနဘွားရပ်ကွက်ရာအိမ်မှူးများဖြစ်သော ဦးကျော်ဝင်း၊ ဦးမြင့်ကြည်တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၃)၊မဟာနဒီလမ်း၊ အိမ်အမှတ်(၆၆/ခ)ရှိ သမီးဖြစ်သူ Mrs. HAVERSACK MEGHAN JANEအသက်(၃၆)နှစ်၏နေအိမ်သို့ ဇန်နဝါရီ(၅)ရက်နေ့က ရောက်ရှိနေထိုင်လျက်ရှိသော အမေရိကန်နိုင်ငံသားMr.HAVERSACK III FRANK LESLIE သည် ပါးစောင်ကင်ဆာ ရောဂါဖြစ်ပွားနေသဖြင့်

ကိုက်ခဲနေ၍ အကိုက်အခဲပျောက်ဆေးများ မှီဝဲသုံးစွဲလျှက်ရှိရာမှ ယနေ့ညနေ(၃)နာရီအချိန်ခန့်တွင် နေအိမ်အောက်ထပ်ရှိ အိမ်သာမှအထွက်၌ ပြင်ပဒဏ်ရာများမရှိဘဲ ရုတ်တရက်လဲကျသေဆုံးသွားခြင်းဖြစ်ကြောင်း အတူနေထိုင်သူသားမက်ဖြစ်သူ ကိုကျော်စွာအသက်(၃၂)နှစ်၊ (ဘ) ဦးမောင်မောင်မှပြောပြသဖြင့်သိရှိရသည်။

“စခန်းကိုအကြောင်းကြားကြားချင်းသွားရောက်စစ်ဆေးခဲ့တာပါ။ သေဆုံးသူနိုင်ငံခြားသားမှာ ပြင်ပဒဏ်ရာတော့မတွေ့ရှိရဘူး။ ဒါပေမယ့် ဆေးရုံးကြီးမှာ စစ်ဆေးဖို့ ပို့ဆောင်ထားတယ်။”ဟု အမှတ်(၁)နယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

သေဆုံးသူအမေရိကန်နိုင်ငံခြားသားအနီးရှိ သံမန်တလင်းပေါ်တွင် EQUATE တံဆိပ်ပါ အကိုက်အခဲပျောက်ဆေးဗူး(ဆေးပြားမပါ)(၁)ဗူးနှင့် KLIRE အကိုက်အခဲပျောက်ဆေးကဒ်(၂)ကဒ်၊ (၁)ကဒ်လျှင်ဆေးလုံး(၁၀)လုံးပါအနက် ဆေးကဒ်(၁)ကဒ်တွင် ဆေးလုံး(၈)လုံးကျန်ရှိပြီး ကျန်(၁)ကဒ်မှာ ဆေးများမပါရှိဘဲအခွံဖြစ်)တို့အား တွေ့ရှိခဲ့ရပြီး သေဆုံးသူအလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသား Mr.AVERSACK III FRANK LESLIE ရုတ်တရက်သေဆုံးမှုအပေါ် အမှတ်(၁)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မိုးမခiseemedia