ကားဘရိတ်ပေါက်၍ လမ်းဘေးကျတိမ်းမှောက် လူ( ၇ ) ဦးသေ( ၆)ဦးဒဏ်ရာရ
301
Unicode
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြိ ု ့နယ် ကျွန်းလျားကြီးအုပ်စု သစ်ဆင်ကျေးရွာအနီးတွင် ၁၀ -၂ – ၂၀၁၉ ရက်န ့ နေ့လည်( ၁ ) နာရီ အချိန်ခန် ့ကဝါးများ တင်ဆောင်လာသော ကား ဘရိတ်ပေါက်၍လမ်းဘေးကျကာ တိမ်းမှောက်ပြီး လူ( ၇ ) ဦးသေ( ၆)ဦးဒဏ်ရာများရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၁၀ – ၂ -၂၀၁၉ ရက်နေ ့က သစ်ဖြူကျေးရွာမှ ကြက်သွန်ကွင်းကျေးရွာသို ့ ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းအတိုင်း ယာဉ်အမှတ် ၉ဃ /၃၄၁၉ LIFAN အမျိုးအစား ( အပြာရောင်) ခြောက်ဘီးကား ယာဉ်မောင်း မျိုးမင်းဌေး မောင်နှင်ပြီး ယာဉ်ပေါ်တွင် ဝါး ၂၅၀၀ လုံးခန် ့တင်ဆောင်ပြီး
ယင်းယာဉ်ပေါ်တွင်ပင် အလုပ်သမားများလိုက်ပါကာ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၆ / ၄ မိုင် သစ်ဆင်ကျေးရွာအနီး ကုန်းအဆင်းအရောက်တွင်ကားမှာဘရိတ်ပေါက်သွားပြီး ကားနောက်ဘီးလမ်းယာဘက်ဘေးရေမြောင်းထဲသို ့ကျကာ တိမ်းမှောက်ခဲ့သည်ကို သိရသည်။
ယင်းကားတိမ်းမှောက်မှုကြောင့် ဝါးများပြိုကျ ပိမိကာ ဦးပေါက်စ ( ၅၅ /၁၉ )နှစ်( ဘ)ဦးလှရွှေ ထောက်ကြံ့ကွင်းကျေးရွာ။ ဦးစိုးမင်းအောင်( ၃၂ /၁၉)နစ်( ဘ)ဦးစိုးတင့် ထောက်ကြံ့ကွင်းကျေးရွာ။ ဦးအောင်သိန်းထွန်း ( ၂၉ /၁၉)နှစ်( ဘ)ဦးကျော်ဝင်း လဟာဂမုံကျေးရွာ။ ဦးအေးမင်းထွေး ( ၂၉ /၁၉)နှစ် (ဘ)ဦးကျော်ရင်လဟာဂမုံကျေးရွာ။
ဒေါ်ခင်ဝင်း( ၅၅ /၁၉) နှစ် ( ဘ)ဦးတင်အောင် ထောက်ကြံ့ကွင်းကျေးရွာ။ ဒေါ်ဝင်းဝင်းအေး ( ၂၇ /၁၉)နှစ်( ဘ)ဦးစံသိန်း လဟာဂမုံကျေးရွာမဇာဇာဖြိ ုး (၃ /၁၉)နှစ် သာပေါင်းမြို့နယ် နေသူတို ့အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့သည်ဟု သိရသည်။
ယင်းကားပေါ်တွင်ပါလာသော အလုပ်သမားများဖြစ်သည့် ဦးတင်အေး( ၆၀/၁၉)နှစ်( ဘ)ဦးမြသန်းကြက်သွန်ကွင်းကျေးရွာ( ဦးခေါင်းဖူးယောင်ပေါက်ပြဲဒဏ်ရာ – စိုးရိမ်ရ)။ ဒေါ်မဌေး(၅၅/၁၉)နှစ်(ဘ)ဦးထွန်းမြင့် လဟာဂမုံကျေးရွာ( ယာပေါင် ယာခြေသလုံးပွန်းစုပ် ဝမ်းဗိုက်ဖူးယောင်နာကျင်ဒဏ်ရာ- စိုးရမ်ရ )။
ဦးဝင်းတင်( ၅၈/၁၉)နှစ်(ဘ)ဦးငွေလှိုင် လဟာဂမုံကျေးရွာ( နှာခေါင်းသွေးထွက် မေးစေ့ပေါက်ပြဲ ယာလက်ပြင်ဖူးယောင်ဒဏ်ရာ- မစိုးရိမ်ရ သာမန်ဒဏ်ရာ)ဦးဆန်းမြင့်( ၁၉/၁၉)နှစ်(ဘ)ဦးလှငွေ လဟာဂမုံကျေးရွာ( နှာခေါင်းဖူးယောင်ပေါက်ပြဲ သာမန်ဒဏ်ရာ- မစိုးရိမ်ရ)။
ဒေါ်သင်းသင်းထွေး( ၁၉/၁၉)နှစ်(ဘ)ဦးသန်းအောင် လဟာဂမုံကျေးရွာ( ဝဲပါးဖူးယောင် ဝဲဘက်ဝမ်းဗိုက်ဖူးယောင်နာကျင် ပြင်းထန်ဒဏ်ရာ- စိုးရိမ်ရ) ။ဦးစိုးသူရ(၂၈/၁၉)နှစ်(ဘ)ဦးသန် ့ဇင် ငဝန်ကြိ ု ့ကုန်းကျေးရွာ( ယာနားထင်ပွန်းစုပ် သာမန်ဒဏ်ရာ -မစိုးရိမ်ရ) သာပေါင်းမြို ့နယ်နေသူတို ့ဒဏ်ရာ အသီးသီး ရရှိသောကြောင့် သာပေါင်းမြို ့ ဂရုဏာရှင် လူမှုကူညီရေးအသင်း ကားဖြင့် ဆေးရုံသို ့အချိန်မှိီ ပို ့ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သော မျိုးမင်းဌေး( ၃၇/၁၉) နှစ်(ဘ)ဦးတင်အေး ငဝန်ကြိ ု ့ကုန်းကျေးရွာ သာပေါင်းမြို ့နယ် နေသူအား မြို ့မရဲစခန်းမှ ယာဉ်(ပ) ၈/၂၀၁၉။ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က / ၃၃၇ / ၃၃၈ ဖြင့် အမှုရေးဖွင့်ကာ အမှုစစ်အရာရှိ ဒုရဲအုပ် မျိုးမြတ်သူ က ရဲလုပ်ငန်းများ ကုန်စင်အောင်ပြုလုပ်ပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။စန္ဒာအောင်ဌေး (S’H )