ဖခင်အရင်းက သမီးငယ်လေးကို သားမယားကျင့်မှုကို စတင်ဖေါ်ထုတ်လိုက်တဲ့ ဆရာမ ဒေါ်ကြည်ကြည်အေး ပြောပြပါပြီ

1689

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ရှမ်းစု(အနောက်ပိုင်း)နေ မလှလှ (၇)နှစ်သည် ကမာဝက်မြို့ ထောင်ကေးရပ်ရှိ မွန်အမျိုးသားစာသင်ကျောင်းတွင် စာသင်ကြားနေရာမှ မလှလှ(၇)နှစ်ဝတ်ဆင်ထားသော အဝတ်စားများမှာ ညစ်ပတ်ပေကြံနေသဖြင့်

ဆရာမ ဒေါ်ကြည်ကြည်အေး(၄၂)နှစ်မှ မလှလှ(၇)နှစ်အား ခေါ်၍ ရေချိုးပေးစဉ် နစ်နာသူ ကလေးငယ်၏မိန်းမအင်္ဂါတွင် ရောင်ရမ်းနေသည်ကိုမြင်တွေ့သောကြောင့် မေးမြန်းရာ

လွန်ခဲ့သော ၁ နှစ်ကျော်ခန့်က မိခင်သေဆုံးသွားခဲ့ရာမှ ဖခင်အရင်းဖြစ်သူ ရှုးရှုး(၃၅)နှစ် သည် သမီးအရင်းဖြစ်သူ မလှလှ (၇)နှစ်၏မိန်းမအင်္ဂါအား လက်ဖြင့် ပွတ်သပ်ခြင်း၊

ယောက်ျားတန်ဆာဖြင့် တို့ထိခြင်းများကိုနေ့စဉ်ပြုလုပ်ကြောင်း အခြားသူများကိုပြောပြခဲ့ရင် သတ်ပြစ်မည်ဖြစ်ကြောင်း ချိန်ခြောက်ပြောဆိုသဖြငိ့ အခြားသူများကိုလည် မပြောပြရဲခဲ့ကြောင်း နစ်နာသူမှပြောပြခဲ့သည်ဟု ရဲမှတ်တမ်းများအရသိရသည်။

ယင်းအခြေနေများကို မွန်စာပေသင်ကြားရေးကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်အေးမှ အရွယ်မရောက်သေးသောကလေးငယ်အားအဓမ္မပြုကျင့်သူ ဖခင်အရင်း ရှုးရှု(၃၅)နှစ်အားအရေးယူပေးရန်

ကမာဝက်နယ်မြေရဲစခန်းသို့တိုင်တန်းခဲ့ရာ ကမာဝက်နယ်မြေရဲစခန်း (ပ)၆၂/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူမှာ လက်ရှိအချိန်တွက် ထွက်ပြေးတိမ်းရှောင်နေသဖြင့် အမြန်ဆုံးဖမ်းဆီးရမိအောင်ဆောင်ရွတ်နေကြောင်း သတင်းရရှိသည်။အမွှာညီနောင်…

၇နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်တဲ့ ဖခင် ထွက်ပြေးလွတ်မြောက်နေဆဲ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၁၉

မွန်ပြည်နယ်၊ ကမာဝက်မြို့ ရှမ်းစုကျေးရွာအနောက်ဘက်မှာ နေထိုင်တဲ့ အသက် ၃၅နှစ်အရွယ် ဦးရှူးရှူးက ၇ နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရှိရပါတယ်။ သူရဲ့ဇနီး ကွယ်လွန်ပြီးချိန်က စပြီး သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုခဲ့တာလို့ သိရပါတယ်။

လက်တလောမှာ ဦးရှူးရှူးဟာ ထွက်ပြေးလွတ်မြောက်နေပြီး သူ့ကို ကမာဝက်နယ်မြေရဲစခန်းမှာ ရာဇတ်သတ်ကြီး ပုဒ်မ ၃၇၆ ၊ ၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရိုက်ကူး /တည်းဖြတ်-ဥာဏ်စိုးဝင်း – Credit – The Irrawaddy – Burmese Edition