
166







တရုတ်နိုင်ငံက ဖန်တီးထားတဲ့ ဘောလုံးကွင်းခြောက်ကွင်းစာခန့် ကြီးမားသည့် ဧရာမဗုဒ္ဓ လက်ဝါးတော်ကြီး ။ ရေကန်ကြီးတစ်ခုနားက ရှုမဆုံးနိုင်အောင်ကျယ်ပြောတဲ့ မြက်ခင်းပြင်ကြီး တစ်ခုမှာ ဖန်တီးထားတဲ့ ဧရာမဗုဒ္ဓလက်ဝါးတော်ကြီးဖြစ်ပါတယ်။

ဘောလုံးကွင်း ခြောက်ကွင်းစာလောက် ကြီးမားလှတဲ့ ဧရာမဗုဒ္ဓလက်ဝါးတော်ကြီးဖြစ်ပြီး အတိုင်းအတာအားဖြင့် ၄၃၀၅၅၄ စတုရန်း ပေရှိတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းအတွင်း မွန်ဂိုလီးယားဒေသ၊ အီရန်ဟော့မြို့အနီးက မြက်ခင်းလွင်ပြင်ကျယ်ကြီးမှာ ပြုလုပ်ပူဇော်ထားတာဖြစ် ပါတယ်။

စိမ်းဖန့်ဖန့်မြက်ခင်းတွေကြားက ဝါကျင်နေတဲ့ မြေသားပေါ်မှာ ဧရာမဗုဒ္ဓလက်ဝါးတော်ကြီးကို ဖန်တီးထားတာဖြစ်ပါတယ်။ မြေသားမှာ ချိုင့်ခွက်တွေတူးကာ လက္ခဏာမျဉ်းကြောင်းတွေကအစ အ သေးစိတ်ဖန်တီးပြုလုပ်ကာ ဗုဒ္ဓလက်ဝါးတော်အဖြစ် ပုံသွင်းပြုလုပ်ထားတာဖြစ် ပါတယ်။

အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးမားတဲ့ လက်ဖဝါးပုံစံ မြေပြင် အနုပညာဖန်တီးမှုတစ်ခုအဖြစ် တရုတ်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြထားခဲ့တာဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်ထားခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ