ျမန္မာအိမ္အကူ မျဖဴျဖဴမာအား နွိပ္စက္ခဲ့သည့္ စကၤာပူ စံုတြဲကို အမိန္႔ခ်လိုက္ၿပီ

666

ျမန္မာ အိမ္အကူအား နွိပ္စက္ခဲ့သည့္ စကၤာပူ စံုတြဲ ေထာင္သံုးနွစ္က်

February 11,2019

အလွျပင္ဆိုင္ မန္ေနဂ်ာ Linda Seah Lei Sie လင္ဒါစိ အသက္၃၉ ႏွစ္ နဲ ့ သူမခင္ပြန္း ျဖစ္သူ လင္တြန္လင္ Lim Toon Leng (၄၄)ႏွစ္ တို ့ဟာ ျမန္မာ အိမ္ေဖၚ Phyu Phyu Mar မျဖဴျဖဴမာကို ဒဏ္ရာအနာတရ ျဖစ္ေအာင္ နွိပ္စက္ညင္းပန္းမွုအတြက္ အျပစ္ရွိေၾကာင္း ထင္ရွားတာေၾကာင့္ ေထာင္ဒဏ္သံုးနွစ္ နဲ ့ ခင္ပြန္းသည္ အားေပးကူညီမွုနဲ ့ ေထာင္ဒဏ္ တစ္လခြဲအျပင္ နစ္နာေၾကးအျဖစ္ ေငြဒဏ္ $11,800ေဒၚလာ ၁၁၈၀၀ ေပးေဆာင္ရန္ ဒီကေန ့ ေဖေဖၚ၀ါရီလ ၁၁ ရက္ေန ့မွာ တရားရံုးက အမိန္ ့ခ်ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၆ ခုနွစ္ ေအာက္ဂုတ္လနဲ ့ ေအာက္တိုဘာလအတြင္း က စကၤပူနိုင္ငံကိုအလုပ္ဗီဇာနဲ ့ေရာက္လာတဲ့ မျဖဴျဖဴမာဟာ အလွျပင္ဆိုင္မွာ တလ ေဒၚလာ ၇၀၀ နဲ ့အိမ္ေဖၚ အလုပ္၀င္ေရာက္လုပ္ကိုင္ခဲ့ရာမွာ တရားခံ လင္ဒါစိ ဟာ ပံုစံမ်ိဳးစံုနဲ ့ ႏွိပ္စက္ခဲ့တဲ့အျပင္ သူမ ကိုေပးရမယ့္ လခ ကိုလည္း မေပးတဲ့အျပင္ အမွူုဆင္ျပီး ရဲကိုဖမ္းခဲ့တယ္လို ့ သိရပါတယ္။

တရားခံကို က်ဴးလြန္ခဲ့တဲ့အမွုေတြမွာ မျဖဴျဖဴမာကို ဒဏ္ရာရေအာင္ ရိုက္နွက္မွု အစားမေၾကြးပဲအငတ္ထားျပီး ၾကမ္းတိုက္တဲ့ေရကိုေသာက္ခိုင္းခဲ့တယ္၊ ေနာက္ဆံုးမွာ လုပ္အားခေပးစရာမလိုပဲ ဆိုင္ကေနထြက္သြားဖို ့ကို ျဖဴျဖဴမာကို သူမရဲ ့လက္ကို ေရေႏြးပူနဲ ့ ေလာင္းဖို ့အတင္းအၾကပ္ ခိုင္းေစခဲ့တာေတြလည္း ပါ၀င္ပါတယ္။ SAW

Unicode

မြန်မာ အိမ်အကူအား နှိပ်စက်ခဲ့သည့် စင်္ကာပူ စုံတွဲ ထောင်သုံးနှစ်ကျ

February 11,2019

အလှပြင်ဆိုင် မန်နေဂျာ Linda Seah Lei Sie လင်ဒါစိ အသက်၃၉ နှစ် နဲ ့ သူမခင်ပွန်း ဖြစ်သူ လင်တွန်လင် Lim Toon Leng (၄၄)နှစ် တို ့ဟာ မြန်မာ အိမ်ဖေါ် Phyu Phyu Mar မဖြူဖြူမာကို ဒဏ်ရာအနာတရ ဖြစ်အောင် နှိပ်စက်ညင်းပန်းမှုအတွက် အပြစ်ရှိကြောင်း ထင်ရှားတာကြောင့် ထောင်ဒဏ်သုံးနှစ် နဲ ့ ခင်ပွန်းသည် အားပေးကူညီမှုနဲ ့ ထောင်ဒဏ် တစ်လခွဲအပြင် နစ်နာကြေးအဖြစ် ငွေဒဏ် $11,800ဒေါ်လာ ၁၁၈၀၀ ပေးဆောင်ရန် ဒီကနေ ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ ့မှာ တရားရုံးက အမိန် ့ချခဲ့ကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ် အောက်ဂုတ်လနဲ ့ အောက်တိုဘာလအတွင်း က စင်္ကပူနိုင်ငံကိုအလုပ်ဗီဇာနဲ ့ရောက်လာတဲ့ မဖြူဖြူမာဟာ အလှပြင်ဆိုင်မှာ တလ ဒေါ်လာ ၇၀၀ နဲ ့အိမ်ဖေါ် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ရာမှာ တရားခံ လင်ဒါစိ ဟာ ပုံစံမျိုးစုံနဲ ့ နှိပ်စက်ခဲ့တဲ့အပြင် သူမ ကိုပေးရမယ့် လခ ကိုလည်း မပေးတဲ့အပြင် အမှူုဆင်ပြီး ရဲကိုဖမ်းခဲ့တယ်လို ့ သိရပါတယ်။

တရားခံကို ကျူးလွန်ခဲ့တဲ့အမှုတွေမှာ မဖြူဖြူမာကို ဒဏ်ရာရအောင် ရိုက်နှက်မှု အစားမကြွေးပဲအငတ်ထားပြီး ကြမ်းတိုက်တဲ့ရေကိုသောက်ခိုင်းခဲ့တယ်၊ နောက်ဆုံးမှာ လုပ်အားခပေးစရာမလိုပဲ ဆိုင်ကနေထွက်သွားဖို ့ကို ဖြူဖြူမာကို သူမရဲ ့လက်ကို ရေနွေးပူနဲ ့ လောင်းဖို ့အတင်းအကြပ် ခိုင်းစေခဲ့တာတွေလည်း ပါဝင်ပါတယ်။ SAW