သင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသူများ.. ရှာဖွေတွေ့ရှိခြင်းမရှိသေး

316

မာန်အောင်ကမ်းခြေ၌ သင်္ဘောနစ်မြုပ်မှုတွင်ပျောက်ဆုံးနေသူများအားရှာဖွေတွေ့ရှိခြင်းမရှိသေး

၂၀၁၉ ဖေ ၁၁ ရက်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ဇီးတောကမ်းခြေနှင့်ရေမိုင် ၄ မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်အနီးတွင် ယနေ့မနက်ပိုင်းက ” ဆင်ပြောင် ” သင်္ဘော နစ်မြုပ်မှုကြောင့် တပ်မတော်ရေယာဉ်များနှင့်ဒေသခံ ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များ၏ စက်လှေငယ်များဖြင့်ရှာဖွေနေဆဲဖြစ်ပြီး နောက်ဆုံးသတင်းများအရ ပျောက်ဆုံးနေသော သင်္ဘောလုပ်သား ၁၈ ဦးဖြစ်ပြီး အသက်ရှင်လျှက်ရှာဖွေတွေ့ရှိသူ (၇) ဦးသာရှိသေးကြောင်းသိရှိရပါသည် ။

ယခုညနေပိုင်းအထိနောက်ဆုံးအခြေအနေတွေကို ဒေသခံတစ်ဦးက ယခုလိုပြောပြပါသည် ” ၁၈ ယောက်စလုံးရှာလို့မတွေ့သေးဘူးဗျ ၊ အဲ့ဒီနေရာက ဒီရေအတက်အကျကြောင့်ရေစီးသန်တယ် ၊ မမြင်ရတဲ့ကျောက်ဆောင်တွေလည်းများတယ် ၊ စက်လှေအသေးတွေဘဲ အနီးအနားထိဝင်ရှာနိုင်တာ ၊ ရေတပ်ကစပိဘုတ်တွေက ကပ်လို့အရမ်းခက်တယ် ..နေ့လည်ကတော့အလောင်း ၂ လောင်းတွေ့တယ် ရေစီးကြောင့်ဆယ်ဘို့ခက်တယ်ဗျ ” ဟုပြောပြခဲ့ပါသည် ။ အဆိုပါ ” ဆင်ပြောင် ” သင်္ဘောသည်သက်တမ်းအားဖြင့်နှစ်ပေါင်း (၆၀) ခန့်ကြာမြင့်နေပြီး မကြာသေးမီကမှ ဆိပ်ကမ်းကနေဒေါက်တင်ခြင်း ၊ ပြုပြင်မွမ်းမံခြင်းများပြုလုပ်ပြီးကာစဘဲရှိသေးသည်ဟုသိရှိရပါသည် ။ ယနေ့မနက်အစောပိုင်းက အသက်ရှင်လျှက်ရှာဖွေတွေ့ရှိသူများ၏အမည်စာရင်းများမှာ –

(၁) ဦးမိုးလွင်

(၂) ဦးသန့်ဇင်အောင်

(၃) ဦးသန့်ဇော်ဦး

(၄) ဦးဇော်ဌေး

(၅) ဦးထွန်းရွှေ

(၆) ဦးမြင့်အောင်

(၇) ဦးကိုကိုကြီး တို့ဖြစ်ပါသည် ။

ပျောက်ဆုံးနေဆဲဖြစ်သောအမည်စာရင်းများမှာ –

( ၁ ) ဦးထွန်းထွန်း

( ၂ ) ဦးထွန်းအောင်

( ၃ ) ဦးဇေဖြိုးအောင်

( ၄ ) ဦးမျိုးမင်းထွန်း

( ၅ ) ဦးကံရှိန်

( ၆ ) ဦးသန်းထိုက်

( ၇ ) ဦးကျော်မိုး

( ၈ ) ဦးကျော်လင်းအေး

( ၉ ) ဦးမြတ်ဆွေ

(၁၀ ) ဦးမင်းလွင်

(၁၁ ) ဦးမင်းဇော်ထွေး

(၁၂ ) ဦးတင်မောင်ဝင်း

(၁၃) ဦးတင်ဇော်ဝင်း

(၁၄) ဦးသိန်းလွင်

(၁၅) ဦးမြတ်မော်

(၁၆) ဦးကျော်ညွန့်

(၁၇) ဦးခင်စိုး

( ၁၈) ဦးသိန်းညွန့် တို့ဖြစ်ကြောင်းသတင်းရရှိပါသည် ။