မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရ နှိုင်းမရနဲ့ သဟဇာတမဖြစ်တော့ဆုံးလဲ သိလား

303

မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာသူ့လက်တွဲဖော်နဲ့ ညှိမရ နှိုင်းမရနဲ့ သဟဇာတမဖြစ်တော့ဆုံးလဲ သိလား

ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့အချိန်ပဲ…

အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့မိန်းမ၊

နွေးထွေးမှုကို တောင့်တနေချိန်မှာ

အေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ၊

ဂရုတစိုက်နဲ့ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာ

လျစ်လျူရှုခံခဲ့ရတဲ့မိန်းမ

အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါ

ယောက်ျားတွေ မာကျောပါတယ်ဆိုတာထက်

ပိုပြီး ကြောက်ဖို့ကောင်းသွားတယ်

သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကို

မျက်ကွယ်ပြုခံလိုက်ရတဲ့အတွက်

မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ နေသားကျသွားတဲ့အချိန်က ကြောက်စရာ အကောင်းဆုံးပဲ

သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင် အပိုတွေ လာလုပ်ပြနေတယ်

ဘာတွေလဲ စိတ်ရှုပ်လိုက်တာဆိုပြီးတော့ကို

စိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ရော

အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး ကပ်ချွဲနေလည်း မခံစားတတ်တော့ဘူးလေ

အထူးအဆန်းတွေ ဖြစ်နေတာ

အဲ့လို အခြေအနေမျိုးမှာ ယောက်ျားလေးဘက်က

ဘယ်လိုပဲ ချော့ချော့ ဘယ်လိုပဲ လိုက်လျောလိုက်လျော

သူမဘက်က ဘာမှ မလိုအပ်တော့ဘူး

တန်ဖိုးမထားတတ်တော့ဘူး

အဲ့တော့ အဆင်ပြေကြလည်း ခနပဲ

ရေရှည်မှာ လက်တွဲဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး

အစမှ မကောင်းခဲ့တာ အနှောင်းဆိုတာလည်း မသေချာတော့ဘူးလေ

အဲ့အချိန်ကျမှ အဲ့မိန်းမကို အပစ်တင်လို့ မရဘူး

စာရွက်ပေါ်မှာ မှားခဲ့ရင် ပြန်ဖျက်ဖို့ ခဲဖျက်ရှိတယ်

နှလုံးသားထဲမှာ အနာဖြစ်သွားရင် ပျောက်အောင်လုပ်ဖို့ မလွယ်ဘူး မေ့အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး

အချစ်ဆိုတဲ့အရာကို ချစ်တယ်ဆိုတဲ့ စကားနဲ့ မဖော်ကြူးပါနဲ့

မြတ်နိုးတန်ဖိုးထားမှုနဲ့ ဖော်ကြူးပါ

ဂရုစိုက်ကြင်နာမှုနဲ့ ဖော်ကြူးပါ

အကယ်၍ အဲဒီအရာတွေ ပျောက်ကွယ်နေပြီဆိုရင်

သေချာတယ် သင်တို့ကြားမှာ အချစ်ဆိုတာ မရှိတော့ဘူး

သံယောဇဉ်ကြိုးမျှင်မျှင်လေးပဲ ကျန်တော့တာပါ…။

sakura

Photo credit