342
ဘရာဇီးနိုင်ငံတွင် အဝေးပြေးလမ်းပေါ် ရဟတ်ယာဉ်ပျက်ကျ၊ ရုပ်သံသတင်းသမား ၁ ဦး သေဆုံး
ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့က အဝေးပြေးလမ်းမပေါ်မှာ ကုန်ကားတစီးပေါ်ကို ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့   ရုပ်သံသတင်းသမား တဦးအပါအဝင် လူ ၂ သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိသွားပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ရဟတ်ယာဉ်ဟာ မထိန်းချုပ်နိုင်တော့ဘဲ အဝေးပြေးလမ်းမပေါ်မှာ မောင်းနှင်နေတဲ့ ကုန်တင်ကားပေါ် ပျက်ကျ မီးလောင်ခဲ့တာပါ။
ဒီဖြစ်ရပ်မှာ လူသိများတဲ့ ဒေသခံ ရုပ်သံသတင်းသမား ရီကာဒိုဘိုးချတ်လည်း သေဆုံး သွားပါတယ်။ ဘိုးချတ်ဟာ ဘရာဇီးနိုင်ငံက  မီဒီယာကုမ္ပဏီကြီးဖြစ်တဲ့ ဂလိုဘိုအပါအဝင် နိုင်ငံအတွင်း သတင်းအစီအစဉ်အမျိုးမျိုးအတွက် မျက်နှာဖုံးသတင်းတွေကို အစီရင်ခံ တင်ဆက်သူအဖြစ် လူသိများတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ burmese.dvb