ဗိုလ္ခ်ဳပ္ေၾကးရုပ္ ကရင္နီလူထု အင္အားအလံုးအရင္းျဖင့္ ကန္႔ကြက္ဆႏၵျပ ရဲတပ္ဖြဲ႔နဲ႔ပဋိပကၡျဖစ္ (ရုပ္သံ)

319

လမ္းေလွ်က္ဆႏၵျပတဲ့ ကရင္နီလူငယ္ထုကို ရဲတပ္ဖြဲ႔က ရာဘာက်ည္နဲ႔ ပစ္ခတ္ျဖိဳခြင္း

ကယားျပည္နယ္ လိြဳင္ေကာ္ျမိဳ႕ မွာ ဗိုလ္ခ်ဳပ္ရုပ္တုနဲ႔ပတ္သက္ၿပီး ကန္႔ကြက္ဆႏၵျပခဲ့တဲ့ ေထာင္နဲ႔ခ်ီတဲ့ ကရင္နီလူထုကို ရဲတပ္ဖြဲ႔က ရာဘာက်ည္ နဲ႔ ပစ္ခတ္ျဖိဳခြင္းခဲ့ရာ လူ ၁၅ဦးခန္႔ ဒဏ္ရာရသြားခဲ့တယ္လို႔ ကရင္နီလူငယ္တစ္ဦးျဖစ္တဲ့ ခြန္ေသာမတ္စ္က ဘီဘီစီကိုေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုထားရွိရာ ပန္းျခံအထိ လမ္းေၾကာင္း ၃ခုနဲ႔ ခ်ီတက္ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ လူအုပ္ကို ရဲတပ္ဖြဲ႔က ရပ္တန္႔ခိုင္းရာ မရပ္တန္႔ဘဲ ဆက္လက္ခ်ီတက္ခဲ့တဲ့အတြက္ အခုလို ပစ္ခတ္ျဖိဳ ခြင္းခဲ့တာျဖစ္တယ္လုိ႔သိရပါတယ္။

‘‘ ဒဏ္ရာရသြားတဲ့သူေတြကို ကြ်န္ေတာ္တို႔ဆီမွာပါတဲ့ ေဆးတပ္သားအခ်ိဳ႕က ကုသေပးေနပါတယ္။ ကြ်န္ေတာ္တို႔ ခ်ီတက္ လမ္းေလွ်ာက္ဖုိ႔ကို ၉ ရက္ေန႔ကတည္းက ခြင့္ျပဳခ်က္တင္ထားခဲ့တာခြင့္မၿပဳခဲ့ဘူး။

ကြ်န္ေတာ္တို႔တစိုက္မတ္မတ္ေျပာေနတာ ညိွႏိႈင္းဖုိ႔ပဲ။ အခုလည္း ကြ်န္ေတာ္တို႔ လူငယ္ေတြ ပန္းျခံထဲမွာ အစိုးရတာ၀န္ရွိသူေတြကို ေစာင့္ဆိုင္းေနပါတယ္။’’ လို႔ ခြန္ေသာမတ္စ္ကေျပာပါတယ္။

ကရင္နီလူငယ္ေတြဟာ ကယားျပည္နယ္မွာ ဗိုလ္ခ်ဳပ္ေၾကးရုပ္တုထားဖုိ႔ လုပ္ေဆာင္စဥ္ကတည္းက ကန္႔ကြက္ဆႏၵျပခဲ့ၾကတာျဖစ္ၿပီး ကန္႔ကြက္ဆႏၵျပမႈေတြေၾကာင့္လည္း တရားစြဲဆိုခံထားရတဲ့ ကရင္နီလူငယ္ ၅၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ရုပ္တု ဖယ္ရွားေပးေရး အျပင္းအထန္ ဆႏၵေဖာ္ထုတ္ေနတဲ့ ကရင္နီလူငယ္ထုရဲ႕ သေဘာထား အေပၚ ဘယ္လိုျမင္ပါသလဲ။ ဗိုလ္ခ်ဳပ္ရုပ္တုထက္ ဗိုလ္ခ်ဳပ္ကတိကို အေကာင္အထည္ေဖာ္ေပးဖုိ႔ ေတာင္းဆိုေနၾကတဲ့ ကရင္နီလူငယ္ေတြနဲ႔ပတ္သတ္တဲ့ အျမင္သေဘာထားေတြကို မွတ္ခ်က္ၿပဳႏုိင္ပါတယ္။ဘီဘီစီျမန္မာပုိင္း ဓာတ္ပံု – Naw Naw and KnIC

ကယားပြည်နယ် လွိုင်ကော်မြို့ မှာ ဗိုလ်ချုပ်ရုပ်တုနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထောင်နဲ့ချီတဲ့ ကရင်နီလူထုကို ရဲတပ်ဖွဲ့က ရာဘာကျည် နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူ ၁၅ဦးခန့် ဒဏ်ရာရသွားခဲ့တယ်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်သောမတ်စ်က ဘီဘီစီကိုပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရာ ပန်းခြံအထိ လမ်းကြောင်း ၃ခုနဲ့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ ဆက်လက်ချီတက်ခဲ့တဲ့အတွက် အခုလို ပစ်ခတ်ဖြို ခွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

‘‘ ဒဏ်ရာရသွားတဲ့သူတွေကို ကျွန်တော်တို့ဆီမှာပါတဲ့ ဆေးတပ်သားအချို့က ကုသပေးနေပါတယ်။ ကျွန်တော်တို့ ချီတက် လမ်းလျှောက်ဖို့ကို ၉ ရက်နေ့ကတည်းက ခွင့်ပြုချက်တင်ထားခဲ့တာခွင့်မပြုခဲ့ဘူး။

ကျွန်တော်တို့တစိုက်မတ်မတ်ပြောနေတာ ညှိနှိုင်းဖို့ပဲ။ အခုလည်း ကျွန်တော်တို့ လူငယ်တွေ ပန်းခြံထဲမှာ အစိုးရတာဝန်ရှိသူတွေကို စောင့်ဆိုင်းနေပါတယ်။’’ လို့ ခွန်သောမတ်စ်ကပြောပါတယ်။

ကရင်နီလူငယ်တွေဟာ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တုထားဖို့ လုပ်ဆောင်စဉ်ကတည်းက ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေကြောင့်လည်း တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားပေးရေး အပြင်းအထန် ဆန္ဒဖော်ထုတ်နေတဲ့ ကရင်နီလူငယ်ထုရဲ့ သဘောထား အပေါ် ဘယ်လိုမြင်ပါသလဲ။ ဗိုလ်ချုပ်ရုပ်တုထက် ဗိုလ်ချုပ်ကတိကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုနေကြတဲ့ ကရင်နီလူငယ်တွေနဲ့ပတ်သတ်တဲ့ အမြင်သဘောထားတွေကို မှတ်ချက်ပြုနိုင်ပါတယ်။ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ – Naw Naw and KnIC

ဗြီဒီယိုဖုိင္ – တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု – PKPF