အဝေးပြေးလမ်းပေါ်တွင် ကုန်ကားနဲ့ ရဟတ်ယာဉ် တိုက်မှု၊ လူ(၂)ဦးသေဆုံး..
87
အဝေးပြေးလမ်းပေါ်က ကုန်ကားကို ရဟတ်ယာဉ် ၀င်တိုက်၊ လူ(၂)ဦးသေဆုံး
ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့မှာ အခုလ(၁၁)ရက်နေ့က အဝေးပြေးလမ်းမပေါ်ကကုန်ကားတစ်စီးကို ရဟတ်ယာဉ်တစ်စီးကဝင်တိုက်မိခဲ့တာ ကြောင့် လူ(၂)ဦးသေဆုံးပြီး၊ (၁)ဦးဒဏ်ရာရခဲ့ပါတယ်။
ရဟတ်ယာဉ်က အရှိန်မထိန်းနိုင်တော့ပဲ အဝေးပြေးလမ်းပေါ်က ကုန်ကားကို ဝင်တိုက်မိခဲ့တာကြောင့် မီးစွဲလောင်သွားခဲ့တာလို့ ဒေသမီဒီယာက ပြောပါတယ်။ သေဆုံးသူ(၂)ဦးအနက် တစ်ဦးက ဒေသခံရုပ်သံသတင်းထောက် Ricardo Boechat ဆိုသူဖြစ်ပါတယ်။
Boechat ဟာ ဘရာဇီးမီဒီယာကုမ္ပဏီကြီး Globo အပါအဝင်၊ နိုင်ငံအတွင်းက သတင်းအစီအစဉ် အမျိုးအမျိုးကို တင်ဆက်ပေးသူဖြစ်တာကြောင့် ဘရာဇီးနိုင်ငံမှာလူသိများသူ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။One News Myanmar