မြန်​မာအမျိုးသမီးအသင်း အီရန်​အသင်းကိုအနိုင်​ယူပြီး နောက်​ဆုံး ဖိုင်​နယ်​သို့တက်​ရောက်

162

မြန်​မာအမျိုးသမီးအသင်း အီရန်​အသင်းကိုအနိုင်​ယူပြီး နောက်​ဆုံး ဖိုင်​နယ်​သို့တက်​ရောက်







Unicode

မြန်​မာအမျိုးသမီးအသင်​း အီရန်​ အသင်​းကို အနိုင်​ယူပြီး ၄ နိုင်​ငံ ဖိတ်​ခေါ်ဖလား နောက်​ဆုံး ဖိုင်​နယ်​သို့တက်​ရောက်​

အိန္ဒိယနိုင်​ငံတွင်​ ကျင်​းပလျက်​ရှိနေသော ၄ နိုင်​ငံဖိတ်​ခေါ်ဖလား အုပ်​စု ဒုတိယပွဲစဉ်​တွင်​ မြန်​မာ့လက်​ရွေးစင်​အမျိုးသမီးအသင်​းကအီရန်​ လက်​ရွေးစင်​ အမျိုးသမီးအသင်​းကို ၂-ဝ ဂိုးဖြင်​့ အနိုင်​ရရှိခဲ့ပြီးနောက်​ဆုံး ဗိုလ်​လုပွဲသို့ စောစီးစွာ တက်​ရောက်​သွားနိုင်​ပြီးဖြစ်​သည်​။

မြန်​မာအသင်​းအတွက်​ သွင်​းဂိုးများကိုနာကျင်​အချိန်​ပို ၉၁နှင်​့ ၉၆မိနစ်​တို့တွင်​ ရီရီဦးက သွင်​းယူပေးခဲ့ခြင်​းဖြစ်​သည်​။

အဆိုပါပြိုင်​ပွဲကို ဖေဖော်​ဝါရီ ၉ ရက်​မှ ၁၅ ရက်​အထိ ကျင်​းပသွားမည်​ဖြစ်​ပြီး မြန်​မာအသင်​းသည်​ အုပ်​စုနောက်​ဆုံးပွဲစဉ်​အဖြစ်ဖေဖော်​ဝါရီ ၁၃ ရက်​တွင်​ အိမ်​ရှင်​အိန္ဒိယအသင်​းနှင်​့ယှဉ်​ပြိုင်​ကစား သွားရမည်​ဖြစ်​သည်​။

ထိုပြိုင်​ပွဲကို အုပ်​စုပတ်​လည်​စနစ်​ဖြင်​့ကျင်​းပခြင်​းဖြစ်​ပြီး အုပ်စုပထမ နှင့် ဒုတိယအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လက်​ရှိတွင်​မြန်​မာအသင်​းက နှစ်​ပွဲကစား နှစ်​ပွဲနိုင်​ ရမှတ်​၆မှတ်​ဖြင်​့အုပ်​စုပထမနေရာတွင်​ ရှိနေပြီး အိန္ဒိအသင်​းက ပထမပွဲတွင်​ အီရန်​ အသင်​းကို ၁-ဝဂိုးဖြင်​့အနိုင်​ရရှိထားသောကြောင်​့ အုပ်​စုဒုတိယ နေရာတွင်​ရှိနေသည်​။