အေမျဖစ္သူကုိ ရွာဖို႔ အေဖမသိေအာင္ ေနအိမ္မွခိုးထြက္လာတဲ႔ ညီအစ္မႏွစ္ေယာက္

326

အေမျဖစ္သူကုိရွာဖို႔ အေဖမသိေအာင္ေနအိမ္မွခိုးထြက္လာတဲ႔ ညီအစ္မႏွစ္ေယာက္ . . .

ဆယ္ေက်ာ္သက္ရြယ္ ျမန္မာမိန္းခေလးႏွစ္ဦး ထိုင္းႏိုင္ငံအတြင္း အေထာက္အထားမဲ့၀င္ေရာက္လာကာ ထိုင္း – မေလးရွားနယ္စပ္သို႕ ဆက္လက္ထြက္ခြါရန္ရည္ရြယ္ခ်က္ျဖင့္ မယ္ဆိုင္ၿမိဳ႕ အေ၀းေျပးကားဂိတ္သို႕ေရာက္ရွိေနသျဖင့္ ေခတၱေခၚယူထိန္းသိမ္းထားၿပီး လိုအပ္သည္မ်ားအားဆက္လက္ေဆာင္ရြက္ႏိုင္ရန္အတြက္ လာေရာက္လႊဲေျပာင္းေခၚဆိုပါရန္

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ 191 ရဲတပ္ဖြဲ႕မွတာခ်ီလိတ္ၿမိဳ႕အေျခစိုက္ ထိုင္းႏို္င္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏိႈင္းေရးေကာ္မတီ CNCMC သို႕ ေဖေဖၚ၀ါရီ ၁၀ ရက္ ည ၇း၅၀ မိနစ္ခန္႕က ဆက္သြယ္အေၾကာင္းၾကားလာသည့္အတြက္ CNCMC လုပ္ငန္းေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္ ၊

အတြင္းေရးမွဴး ဦးစည္သူေမာင္ ၊ အဖြဲ႕၀င္ ဦးထြန္းႏိုင္ဦးတို႕မွ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စိတ္ ၁ ( တာခ်ီလိတ္) မွ တပ္ဖြဲ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအး ထံ ဆက္သြယ္ညွိႏိႈင္းကာ မယ္ဆိုင္ၿမိဳ႕ 191 ရဲတပ္ဖြဲ႕ထံ ည ၈ နာရီတြင္ သြားေရာက္ေတြ႕ဆံုၿပီး အဆိုပါ မိန္းခေလးငယ္ႏွစ္ဦးအား ျမန္မာႏိုင္ငံသို႕ ျပန္လည္ေခၚေဆာင္လာခဲ့ၾကပါသည္။

ထို႕ေနာက္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ တပ္ဖြဲ႕စိတ္မွဴး ရဲမွူးရင္ရင္ေအးႏွင့္ တာ၀န္ရွိသူမ်ားမွ အဆိုပါမိန္းခေလးငယ္ႏွစ္ဦးအား စစ္ေဆးေမးျမန္းရာ ၄င္းတို႕ႏွစ္ဦးသည္ ညီအမအရင္းမ်ား ျဖစ္ၾကၿပီး မေအး …………… ( ၁၅ ႏွစ္ ) ႏွင့္ မခင္…………. (၁၃ ႏွစ္ ) ျဖစ္ပါေၾကာင္း ၊ ၄င္းတို႕ငယ္စဥ္ကပင္ မိဘႏွစ္ပါးမွာ အိမ္ေထာင္ေရးၿပိဳကြဲသြားကာ ေနာက္အိမ္ေထာင္မ်ား အသီးသီးျပဳၾကၿပီး

၄င္းတို႕ညီအမႏွစ္ဦးမွာ တာခ်ီလိတ္ၿမိဳ႕တြင္ ဖခင္ႏွင့္ေနထိုင္ကာ မိခင္မွာမူ ထိုင္း-မေလးရွားနယ္စပ္ရွိဖါ့တိုက္ၿမိဳ႕တြင္ ေနထိုင္ပါေၾကာင္း ၊ ၄င္းတို႔အေနျဖင့္ မူလတန္းအဆင့္ထိသာစာသင္ခဲ့ရၿပီး ယခုအခါႏွစ္ဦးလံုးေက်ာင္းထြက္ထားရပါေၾကာင္း ၊ ဖခင္ႏွင့္ေနထိုင္ရာတြင္ မိေထြးႏွင့္လည္းအဆင္မေျပ ၊

မိခင္ကိုလည္းသတိရသျဖင့္ ၂၀၁၉ခုႏွစ္ ေဖေဖၚ၀ါရီလ ၁၀ ရက္ ညေန ၃နာရီခြဲခန္႕တြင္ ဖခင္မသိေအာင္ေနအိမ္မွခိုးထြက္လာၿပီး ထိုင္းဖက္သို႕ကူးလာခဲ့ပါေၾကာင္း ၊ ၄င္းတို႕အိမ္မွထြက္လာသည္ကို မိခင္မွလည္း မသိသလို မိခင္ေနထိုင္ရာၿမိဳ႕ကိုလည္း တခါမွမေရာက္ဖူးပါေၾကာင္း ၊

သို႕ျဖင့္ မယ္ဆိုင္ၿမိဳ႕အေ၀းေျပးကားဂိတ္တြင္ ၀ဲလည္လည္ျဖစ္ေနရာမွ ထိုင္းရဲတပ္ဖြဲ႕မွ ေခၚယူထိန္းသိမ္းထားကာ ယခုညပိုင္းတြင္ ျမန္မာဖက္မွ တာ၀န္ရွိသူမ်ားထံျပန္လည္လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္ပါေၾကာင္း သိရွိရပါသည္။

ထို႕ေနာက္ တပ္ဖြဲ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးႏွင့္ တာ၀န္ရွိသူမ်ားက ၄င္းမိန္းခေလးငယ္ႏွစ္ဦး၏ဖခင္ျဖစ္သူ ဦးအာ …….. အား ဆက္သြယ္ေခၚယူၿပီး တစ္ဖက္ႏိုင္ငံတြင္ ယခုလိုဆယ္ေက်ာ္သက္ရြယ္ေလးမ်ား တရားမ၀င္သြားေရာက္မႈျဖင့္ႀကံဳေတြ႕ရႏိုင္သည့္ အႏၱရာယ္မ်ား ၊

လူကုန္ကူးခံရမႈႏွင့္ႀကံဳေတြ႕ရပါကျဖစ္ေပၚလာႏိုင္သည့္ ဆိုးႀကိဳးမ်ားအား ပညာေပးေဆြးေႏြးကာ မိဘမ်ားအေနျဖင့္လည္းမိမိတို႕၏သားသမီးမ်ားအား မိဘ၀တၱရားႏွင့္အညီ ရင္အုပ္မကြာထိန္းသိမ္းေစာင့္ေရွာက္ေရး ၊ ျပဳစုပ်ိဳးေထာင္ေရး အသိပညာေပးကာ မိန္းခေလးငယ္ႏွစ္ဦးအား မိဘအုပ္ထိန္းသူထံ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ပါသည္။ေမာင္ယဥ္ေက်းCNCMC

Unicode

ဆယ်ကျော်သက်ရွယ် မြန်မာမိန်းခလေးနှစ်ဦး ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ဝင်ရောက်လာကာ ထိုင်း – မလေးရှားနယ်စပ်သို့ ဆက်လက်ထွက်ခွါရန်ရည်ရွယ်ချက်ဖြင့် မယ်ဆိုင်မြို့ အဝေးပြေးကားဂိတ်သို့ရောက်ရှိနေသဖြင့် ခေတ္တခေါ်ယူထိန်းသိမ်းထားပြီး လိုအပ်သည်များအားဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လာရောက်လွှဲပြောင်းခေါ်ဆိုပါရန်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ 191 ရဲတပ်ဖွဲ့မှတာချီလိတ်မြို့အခြေစိုက် ထိုင်းနိ်ုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ CNCMC သို့ ဖေဖေါ်ဝါရီ ၁၀ ရက် ည ၇း၅၀ မိနစ်ခန့်က ဆက်သွယ်အကြောင်းကြားလာသည့်အတွက် CNCMC လုပ်ငန်းကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန် ၊

အတွင်းရေးမှူး ဦးစည်သူမောင် ၊ အဖွဲ့ဝင် ဦးထွန်းနိုင်ဦးတို့မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် ၁ ( တာချီလိတ်) မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေး ထံ ဆက်သွယ်ညှိနှိုင်းကာ မယ်ဆိုင်မြို့ 191 ရဲတပ်ဖွဲ့ထံ ည ၈ နာရီတွင် သွားရောက်တွေ့ဆုံပြီး အဆိုပါ မိန်းခလေးငယ်နှစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြပါသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် တာဝန်ရှိသူများမှ အဆိုပါမိန်းခလေးငယ်နှစ်ဦးအား စစ်ဆေးမေးမြန်းရာ ၄င်းတို့နှစ်ဦးသည် ညီအမအရင်းများ ဖြစ်ကြပြီး မအေး …………… ( ၁၅ နှစ် ) နှင့် မခင်…………. (၁၃ နှစ် ) ဖြစ်ပါကြောင်း ၊ ၄င်းတို့ငယ်စဉ်ကပင် မိဘနှစ်ပါးမှာ အိမ်ထောင်ရေးပြိုကွဲသွားကာ နောက်အိမ်ထောင်များ အသီးသီးပြုကြပြီး

၄င်းတို့ညီအမနှစ်ဦးမှာ တာချီလိတ်မြို့တွင် ဖခင်နှင့်နေထိုင်ကာ မိခင်မှာမူ ထိုင်း-မလေးရှားနယ်စပ်ရှိဖါ့တိုက်မြို့တွင် နေထိုင်ပါကြောင်း ၊ ၄င်းတို့အနေဖြင့် မူလတန်းအဆင့်ထိသာစာသင်ခဲ့ရပြီး ယခုအခါနှစ်ဦးလုံးကျောင်းထွက်ထားရပါကြောင်း ၊ ဖခင်နှင့်နေထိုင်ရာတွင် မိထွေးနှင့်လည်းအဆင်မပြေ ၊

မိခင်ကိုလည်းသတိရသဖြင့် ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက် ညနေ ၃နာရီခွဲခန့်တွင် ဖခင်မသိအောင်နေအိမ်မှခိုးထွက်လာပြီး ထိုင်းဖက်သို့ကူးလာခဲ့ပါကြောင်း ၊ ၄င်းတို့အိမ်မှထွက်လာသည်ကို မိခင်မှလည်း မသိသလို မိခင်နေထိုင်ရာမြို့ကိုလည်း တခါမှမရောက်ဖူးပါကြောင်း ၊

သို့ဖြင့် မယ်ဆိုင်မြို့အဝေးပြေးကားဂိတ်တွင် ဝဲလည်လည်ဖြစ်နေရာမှ ထိုင်းရဲတပ်ဖွဲ့မှ ခေါ်ယူထိန်းသိမ်းထားကာ ယခုညပိုင်းတွင် မြန်မာဖက်မှ တာဝန်ရှိသူများထံပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။

ထို့နောက် တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် တာဝန်ရှိသူများက ၄င်းမိန်းခလေးငယ်နှစ်ဦး၏ဖခင်ဖြစ်သူ ဦးအာ …….. အား ဆက်သွယ်ခေါ်ယူပြီး တစ်ဖက်နိုင်ငံတွင် ယခုလိုဆယ်ကျော်သက်ရွယ်လေးများ တရားမဝင်သွားရောက်မှုဖြင့်ကြုံတွေ့ရနိုင်သည့် အန္တရာယ်များ ၊

လူကုန်ကူးခံရမှုနှင့်ကြုံတွေ့ရပါကဖြစ်ပေါ်လာနိုင်သည့် ဆိုးကြိုးများအား ပညာပေးဆွေးနွေးကာ မိဘများအနေဖြင့်လည်းမိမိတို့၏သားသမီးများအား မိဘဝတ္တရားနှင့်အညီ ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ရေး ၊ ပြုစုပျိုးထောင်ရေး အသိပညာပေးကာ မိန်းခလေးငယ်နှစ်ဦးအား မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။မောင်ယဉ်ကျေးCNCMC