ကိုရီးယားနာမည္ႀကီးမင္းသားႏွင့္အတူ ရုပ္ရွင္ဇာတ္ကားရိုက္ကူးေတာ့မယ့္ ဝတ္မႈံေရႊရည္…

322

ကိုရီးယားနာမည္ႀကီးမင္းသားႏွင့္အတူ ရုပ္ရွင္ဇာတ္ကားရိုက္ကူးေတာ့မယ့္ ဝတ္မႈံေရႊရည္…

ပရိသတ္အခ်စ္ေတာ္ နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသမီး ၀တ္မႈံေရႊရည္ဟာ ကိုရီးယားနာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားတဦးနဲ႔ တြဲဖက္ၿပီး ႐ုပ္ရွင္တကားကို ႐ုိက္ကူးဖို႔ ရွိေနပါတယ္။

ကိုရီးယားႏိုင္ငံ SBS TV Channel နဲ႔ ပူးေပါင္း႐ုိက္ကူးမယ့္ ဒီအစီအစဥ္ဟာ ျမန္မာ -ကိုရီးယား ႏွစ္ႏိုင္ငံပူးေပါင္းၿပီး ခရီးသြားက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျမန္မာႏိုင္ငံရဲ႕ ပံုရိပ္ကို ႐ုပ္သံ႐ုိက္ကူးမႈနဲ႔ တဖက္တလမ္းကေန ျမႇင့္တင္ေပးႏိုင္ေစဖို႔ ရည္ရြယ္တယ္လို႔ ဆိုပါ တယ္။

ခုလို႐ုိက္ကူးႏိုင္ဖို႔ ႏွစႏိုင္ငံ ေဆြးေႏြးတဲ႔ အခမ္းအနားကိုေတာ့ ေဖေဖာ္၀ါရီလ၁၁ ရက္ေန႔က ေနျပည္ေတာ္က ဟိုတယ္ႏွင့္ ခရီးသြားလာေရး ၀န္ႀကီးဌာနမွာ က်င္းပခဲ့ၿပီး ျပန္ၾကားေရး၀န္ႀကီး ေဒါက္တာေဖျမင့္၊ ဒါ႐ုိက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ တာ၀န္ရွိသူေတြ တက္ေရာက္ ေဆြးေႏြးခဲ့ၾကတာပါ။

႐ုပ္ရွင္ဇာတ္ကားရဲ႕ နာမည္ကိုေတာ့ တခါကေဆာင္းလို႔ သိရၿပီး မိုးနီလြင္ရဲ႕ ၀တၳဳ၊ ဇာတ္ညႊန္းကို ကိုရီးယားႏိုင္ငံမွ တြဲဖက္ဒါ႐ုိက္တာ အပါအ၀င္ ႐ုိက္ကူးေရးအဖြဲ႕ ေတြနဲ႔ ပူးေပါင္းကာ ဒါ႐ုိက္တာ စင္ေရာ္ေမာင္ေမာင္က ႐ုိက္ကူးသြားမွာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကိုရီးယားႏိုင္ငံဘက္က သ႐ုပ္ေဆာင္မယ့္ အမ်ိဳးသားသ႐ုပ္ေဆာင္ကိုေတာ့ မသိရေသးပါဘူး။ဒီ႐ုိက္ကူးမႈကိုေတာ့ ကိုရီးယားႏိုင္ငံ၊ ဆိုးလ္၊ ဘူဆန္အပါအ၀င္ တျခားၿမိဳ႕ေတြနဲ႔ ျမန္မာႏိုင္ငံ၊ မႏၱေလး၊ စစ္ကိုင္း၊ ျပင္ဦးလြင္၊ ပုဂံ၊ အင္းေလး၊ ခ်င္းျပည္နယ္နဲ႔ တနသၤာရီတိုင္းေတြမွာ ျပဳလုပ္ သြားဖို႔ရွိပါတယ္။

Credit-ဒီဗီဘီ

ပရိသတ်အချစ်တော် နာမည်ကြီး သရုပ်ဆောင်မင်းသမီး ဝတ်မှုံရွှေရည်ဟာ ကိုရီးယားနာမည်ကြီး သရုပ်ဆောင်မင်းသားတဦးနဲ့ တွဲဖက်ပြီး ရုပ်ရှင်တကားကို ရိုက်ကူးဖို့ ရှိနေပါတယ်။

ကိုရီးယားနိုင်ငံ SBS TV Channel နဲ့ ပူးပေါင်းရိုက်ကူးမယ့် ဒီအစီအစဉ်ဟာ မြန်မာ -ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ရုပ်သံရိုက်ကူးမှုနဲ့ တဖက်တလမ်းကနေ မြှင့်တင်ပေးနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါ တယ်။

ခုလိုရိုက်ကူးနိုင်ဖို့ နှစနိုင်ငံ ဆွေးနွေးတဲ့ အခမ်းအနားကိုတော့ ဖေဖော်ဝါရီလ၁၁ ရက်နေ့က နေပြည်တော်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကိုတော့ တခါကဆောင်းလို့ သိရပြီး မိုးနီလွင်ရဲ့ ဝတ္ထု၊ ဇာတ်ညွှန်းကို ကိုရီးယားနိုင်ငံမှ တွဲဖက်ဒါရိုက်တာ အပါအဝင် ရိုက်ကူးရေးအဖွဲ့ တွေနဲ့ ပူးပေါင်းကာ ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရီးယားနိုင်ငံဘက်က သရုပ်ဆောင်မယ့် အမျိုးသားသရုပ်ဆောင်ကိုတော့ မသိရသေးပါဘူး။ဒီရိုက်ကူးမှုကိုတော့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်၊ ဘူဆန်အပါအဝင် တခြားမြို့တွေနဲ့ မြန်မာနိုင်ငံ၊ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ပုဂံ၊ အင်းလေး၊ ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပြုလုပ် သွားဖို့ရှိပါတယ်။

Credit-ဒီဗီဘီ