အရက္ေၾကာင္ေနသူမွ အိမ္ေတြကုိ မီးလိုက္ရႈိ႕ၿပီး တားဆီးသူမ်ားကို ဓားနဲ႔ခုတ္

124

အရက္ေၾကာင္ေနသူတစ္ဦးမွ အိမ္မ်ားကုိမီးရႈိ႕ၿပီးတားဆီးသူမ်ားအားဓားျဖင္​႔ခုတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ေရဦးၿမိဳ႕နယ္၊ ဆီဆံုေက်းရြာတြင္ အရက္ေၾကာင္ ေၾကာင္ေနသူတစ္ဦးမွ ေနအိမ္မ်ားအား မီးရိႈ႕ၿပီး တားဆီးသူမ်ားအား ဓါးျဖင့္ခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေရႊဘိုခရိုင္ မီးသတ္ဦးစီးမွဴး ဦးေအးျမင့္ထံမွ သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ေရဦးၿမိဳ႕နယ္၊ ဆီဆံုေက်းရြာတြင္ ေဖေဖာ္၀ါရီလ ၁၀ရက္ ေန႔လည္ (၂း၁၅) နာရီခန္႔တြင္ မီးေလာင္မႈျဖစ္ပြားေၾကာင္း တယ္လီဖုန္းသတင္းအရ တင္းတိမ္ရံ နယ္ေျမမီးသတ္စခန္းမွ ဒု-တပ္ၾကပ္ ဆန္းထြန္းဦးေဆာင္ေသာ မီးၿငိမ္းသတ္ယာဥ္ (၂)စီးႏွင့္ ေက်းရြာေန ျပည္သူ (၅၀) ဦးမွ ၀ုိင္း၀န္းၿငိမ္းသတ္ရာ ေန႔လည္ (၂း၃၅) မိနစ္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး (၂း၄၅) မိနစ္တြင္ မီးၿငိမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဆီဆံုေက်းရြာေန ဦး၀င္းႏုိင္သည္ အရက္ေၾကာင္ၿပီး မီးျခစ္ျဖင့္ ေကာက္ရိုးပံုႏွင့္ ေနအိမ္မ်ားအား လုိက္လံမီးရႈိ႕ရာ ဦးစိတ္၀င္း၏ ေနအိမ္ (၁၀×၉×၇) ေပ ေျမစိုက္၊ ထရံကာ၊ ထန္းရြက္မိုး ေနအိမ္ရွိ မီးဖိုတဲ၊ ဆံုးရႈံးမႈတန္ဖိုး (၅၀၀၀ိ)၊ ဦးေက်ာ္မ်ဳိးသန္႔၏ေနအိမ္ (၂၀× ၁၀×၁၅)ေပ ေျမစိုက္၊ ထရံကာ၊

ထန္းရြက္မိုးေနအိမ္၊ ဆံုးရံႈးမႈတန္ဖိုး(၅၀၀၀ိ)၊ေငြသား(၂၅၀၀၀၀ိ)၊ သစ္မာ တန္၀က္ခန္႔ (၄၀၀၀၀၀ိ)၊ ဟြန္ဒါစက္တစ္လံုး (၁၀၀၀၀၀ိ)၊ ေရႊကလပ္တစ္ခု (၈၀၀၀၀ိ) ႏွင့္ ဦး၀င္းေဇာ္၏ေနအိမ္ ၀င္းအတြင္းရွိ ေကာက္ရိုးပံုတစ္ပံုတန္ဖိုး(၅၀၀၀ိ)၊စုစုေပါင္းမီးေလာင္ဆံုးရံႈးမႈတန္ဖိုး (၈၉၀၀၀၀ိ) က်ပ္ ဆံုးရံႈးခဲ့ရၿပီး

တားဆီးသူမ်ားအား ဓားျဖင့္ခုတ္ရာ ဦးေအာင္စိုးႏုိင္ (၀ဲလက္ဖ်ံ ရွပ္ထိ) မစိုးရိမ္ရ၊ ေမာင္ေ၀လင္းေအာင္ (၀ဲလက္ေမာင္း ရွပ္ထိ) မစိုးရိမ္ရ၊ ဦးတင္ေမာင္ (ဦးေခါင္းခုတ္ခံရ) စိုးရိမ္ရႏွင့္ ဦးတင္ေမာ္ (၀ဲပုခံုး ခုတ္ခံရ) စိုးရိမ္ရ၊ အဆိုပါ (၄) ဦးတို႔အား ေရဦးၿမိဳ႕၊ ကုတင္ (၁၀၀)ဆံ့ ျပည္သူ႔ေဆးရံု ႀကီးသို႔ ပို႔ေဆာင္ကုသလွ်က္ရွိသည္။

အဆိုပါျဖစ္စဥ္အေပၚ အရက္ေၾကာင္၍ မီးရိႈ႕ၿပီး၊ တားဆီးသူမ်ားအား ဓားျဖင့္ခုတ္သူ ဦး၀င္းႏုိင္ (သ) ၄၆ ႏွစ္၊ (ဘ) ဦးထြန္း၊ ၅/ရဥန(ႏုိင္)၀၁၃၅၄၉၊ က်ပမ္း အား တင္းတိမ္ရံနယ္ေျမရဲတပ္ဖြဲ႕ စခန္းမွ (ပ)၇/၂၀၁၉၊ ျပစ္မႈပုဒ္မ ၄၃၆ ႏွင့္ (၃၂၆/၃၂၄) ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူေဆာင္ရြက္ထား ရွ ိေၾကာင္း သိရွိရပါသည္။…..ထြန္းျမင့္ေအာင္(ေရႊဘို)

Unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆီဆုံကျေးရွာတွင် အရက်ကြောင် ကြောင်နေသူတစ်ဦးမှ နေအိမ်များအား မီးရှို့ပြီး တားဆီးသူများအား ဓါးဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆီဆုံကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ရက် နေ့လည် (၂း၁၅) နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း တယ်လီဖုန်းသတင်းအရ တင်းတိမ်ရံ နယ်မြေမီးသတ်စခန်းမှ ဒု-တပ်ကြပ် ဆန်းထွန်းဦးဆောင်သော မီးငြိမ်းသတ်ယာဉ် (၂)စီးနှင့် ကျေးရွာနေ ပြည်သူ (၅၀) ဦးမှ ဝိုင်းဝန်းငြိမ်းသတ်ရာ နေ့လည် (၂း၃၅) မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး (၂း၄၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆီဆုံကျေးရွာနေ ဦးဝင်းနိုင်သည် အရက်ကြောင်ပြီး မီးခြစ်ဖြင့် ကောက်ရိုးပုံနှင့် နေအိမ်များအား လိုက်လံမီးရှို့ရာ ဦးစိတ်ဝင်း၏ နေအိမ် (၁၀×၉×၇) ပေ မြေစိုက်၊ ထရံကာ၊ ထန်းရွက်မိုး နေအိမ်ရှိ မီးဖိုတဲ၊ ဆုံးရှုံးမှုတန်ဖိုး (၅၀ဝ၀ိ)၊ ဦးကျော်မျိုးသန့်၏နေအိမ် (၂၀× ၁၀×၁၅)ပေ မြေစိုက်၊ ထရံကာ၊

ထန်းရွက်မိုးနေအိမ်၊ ဆုံးရှုံးမှုတန်ဖိုး(၅၀ဝ၀ိ)၊ငွေသား(၂၅၀ဝ၀ဝိ)၊ သစ်မာ တန်ဝက်ခန့် (၄၀ဝ၀ဝ၀ိ)၊ ဟွန်ဒါစက်တစ်လုံး (၁၀ဝ၀ဝ၀ိ)၊ ရွှေကလပ်တစ်ခု (၈၀ဝ၀ဝိ) နှင့် ဦးဝင်းဇော်၏နေအိမ် ဝင်းအတွင်းရှိ ကောက်ရိုးပုံတစ်ပုံတန်ဖိုး(၅၀ဝ၀ိ)၊စုစုပေါင်းမီးလောင်ဆုံးရှုံးမှုတန်ဖိုး (၈၉၀ဝ၀ဝိ) ကျပ် ဆုံးရှုံးခဲ့ရပြီး

တားဆီးသူများအား ဓားဖြင့်ခုတ်ရာ ဦးအောင်စိုးနိုင် (ဝဲလက်ဖျံ ရှပ်ထိ) မစိုးရိမ်ရ၊ မောင်ဝေလင်းအောင် (ဝဲလက်မောင်း ရှပ်ထိ) မစိုးရိမ်ရ၊ ဦးတင်မောင် (ဦးခေါင်းခုတ်ခံရ) စိုးရိမ်ရနှင့် ဦးတင်မော် (ဝဲပုခုံး ခုတ်ခံရ) စိုးရိမ်ရ၊ အဆိုပါ (၄) ဦးတို့အား ရေဦးမြို့၊ ကုတင် (၁၀ဝ)ဆံ့ ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကုသလျှက်ရှိသည်။

အဆိုပါဖြစ်စဉ်အပေါ် အရက်ကြောင်၍ မီးရှို့ပြီး၊ တားဆီးသူများအား ဓားဖြင့်ခုတ်သူ ဦးဝင်းနိုင် (သ) ၄၆ နှစ်၊ (ဘ) ဦးထွန်း၊ ၅/ရဥန(နိုင်)ဝ၁၃၅၄၉၊ ကျပမ်း အား တင်းတိမ်ရံနယ်မြေရဲတပ်ဖွဲ့ စခန်းမှ (ပ)၇/၂၀၁၉၊ ပြစ်မှုပုဒ်မ ၄၃၆ နှင့် (၃၂၆/၃၂၄) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထား ရှ ိကြောင်း သိရှိရပါသည်။…..ထွန်းမြင့်အောင်(ရွှေဘို)