ႏွစ္ ၄၀၀ သက္တမ္းရွိ ဘြန္ဆိုင္းပင္ အခိုးခံရ အပင္ကို ယုယေပးရန္ သူခိုးမ်ားကို ပိုင္ရွင္ပန္ၾကား

200

ႏွစ္ ၄၀၀ သက္တမ္းရွိ ဘြန္ဆိုင္းပင္ အခိုးခံရ အပင္ကို ယုယေပးရန္ သူခိုးမ်ားကို ပိုင္ရွင္ပန္ၾကား

ဂ်ပန္တြင္ ဘြန္ဆိုင္းဝါသနာရွင္ ဇနီးေမာင္ႏွံထံမွ ဘြန္ဆိုင္းပင္ ခုနစ္ပင္ ခိုးယူခံခဲ့ရၿပီး ႏွစ္ ၄၀၀ သက္တမ္းရွိေသာ ဘြန္ဆိုင္းပင္တစ္ပင္လည္း ပါဝင္ေၾကာင္း သိရသည္။

တိုက်ိဳၿမိဳ႕ ဆိုင္တမရပ္ကြက္ရွိ ၎တို႔၏ ဥယ်ာဥ္အတြင္းမွ ခိုးယူခံခဲ့ရျခင္းျဖစ္ေၾကာင္း ဆိုင္ဂ်ီအီမူရာႏွင့္ ဇနီးဖူယူမီတို႔က ေျပာသည္။

ဘြန္ဆိုင္းပင္မ်ားသည္ ၎တို႔၏ သားသမီးမ်ားကဲ့သို႔ျဖစ္ၿပီး ခိုးသြားသူအေနျဖင့္ ဘြန္ဆိုင္းပင္မ်ားကို ယုယဂ႐ုစိုက္ရန္လည္း ဇနီးေမာင္ႏွံက အြန္လိုင္းကတစ္ဆင့္ ပန္ၾကားထားၿပီး၊ ဂ႐ုစိုက္ ျပဳစုနည္း လမ္းၫႊန္ခ်က္မ်ားပါ ေရးသားေဖာ္ျပေပးထားေၾကာင္းသိရသည္။

ဘြန္ဆိုင္းခုနစ္ပင္သည္ စုစုေပါင္းယန္း ၁၃ သန္း (၁၁၈၀၀၀ ေဒၚလာ) တန္ေၾကးရွိေၾကာင္း သိရသည္။ ဘြန္ဆိုင္းပင္မ်ားကို အေရွ႕အာရွေဒသတြင္ စိုက္ပ်ိဳးၿပီးဂ်ပန္ႏွင့္ ဆက္ႏႊယ္ကာ အဓိကလူသိမ်ားသည္။ ဘြန္ဆိုင္းပင္ စိုက္ပ်ိဳးျခင္းကို အႏုပညာတစ္ရပ္အျဖစ္လည္း တင္စားေခၚေဝၚၾကသည္။

ဘြန္ဆိုင္းပင္ကို လက္ေတြ႕ အပင္ႀကီးႏွင့္တူေစရန္ အထူးျပဳလုပ္ထားေသာ ပုံးအတြင္း သတ္မွတ္ နည္းလမ္းမ်ားအတိုင္း စိုက္ပ်ိဳးရသည္။

ခိုးယူခံရသည့္ ဘြန္ဆိုင္းမ်ားထဲတြင္ ရွင္ပါကူ ဂ်ဴနီပါ အပင္မ်ိဳးလည္းပါဝင္ၿပီးယန္း ၁၀ သန္း (ေဒၚလာ ၉၁၀၀၀) ဝန္းက်င္ တန္ေၾကးရွိကာ ဘြန္ဆိုင္းဝါသနာရွင္မ်ားၾကား ေရပန္းစားေသာ အပင္မ်ိဳးလည္းျဖစ္သည္။

“ကြၽန္မတို႔ ရွင္ပါကူဘြန္ဆိုင္းပင္က ႏွစ္ ၄၀၀ သက္တမ္းရွိေနပါၿပီ။ ေရပုံမွန္မေလာင္းရင္ တစ္ပတ္အတြင္း ေသသြားႏိုင္ပါတယ္။ ေသခ်ာဂ႐ုစိုက္ရင္ ထာဝရအသက္ရွင္ႏိုင္တဲ့ အပင္မ်ိဳးပါ။ ကြၽန္မတို႔ ကြယ္လြန္သြားၿပီး ႏွစ္ရာခ်ီတိုင္ ရွင္ေနမယ့္ အပင္မ်ိဳးပါ။ ခိုးသြားသူအေနနဲ႔ ဂ႐ုစိုက္ ေရေလာင္းေပးဖို႔ ေမတၱာရပ္ခံလိုပါတယ္” ဟုမစၥစ္ အီမူရာက ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။ ၎တို႔ ျမတ္ႏိုးတန္ဖိုးထားသည့္ ဘြန္ဆိုင္းပင္မ်ား ျပန္လည္ရရွိမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ဇနီးေမာင္ႏွံံႏွစ္ဦးက ေျပာသည္။

The Myanmar Times Daily Newspaper – Myanmar Versionေ ဖေအာင္

Unicode

ဂျပန်၌ နှစ် ၄၀၀ သက်တမ်းရှိ ဘွန်ဆိုင်းပင် အခိုးခံရ အပင်ကို ယုယပေးရန် သူခိုးများကို ပိုင်ရှင်ပန်ကြား

ဂျပန်တွင် ဘွန်ဆိုင်းဝါသနာရှင် ဇနီးမောင်နှံထံမှ ဘွန်ဆိုင်းပင် ခုနစ်ပင် ခိုးယူခံခဲ့ရပြီး နှစ် ၄၀၀ သက်တမ်းရှိသော ဘွန်ဆိုင်းပင်တစ်ပင်လည်း ပါဝင်ကြောင်း သိရသည်။

တိုကျိုမြို့ ဆိုင်တမရပ်ကွက်ရှိ ၎င်းတို့၏ ဥယျာဉ်အတွင်းမှ ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုင်ဂျီအီမူရာနှင့် ဇနီးဖူယူမီတို့က ပြောသည်။

ဘွန်ဆိုင်းပင်များသည် ၎င်းတို့၏ သားသမီးများကဲ့သို့ဖြစ်ပြီး ခိုးသွားသူအနေဖြင့် ဘွန်ဆိုင်းပင်များကို ယုယဂရုစိုက်ရန်လည်း ဇနီးမောင်နှံက အွန်လိုင်းကတစ်ဆင့် ပန်ကြားထားပြီး၊ ဂရုစိုက် ပြုစုနည်း လမ်းညွှန်ချက်များပါ ရေးသားဖော်ပြပေးထားကြောင်းသိရသည်။

ဘွန်ဆိုင်းခုနစ်ပင်သည် စုစုပေါင်းယန်း ၁၃ သန်း (၁၁၈၀၀၀ ဒေါ်လာ) တန်ကြေးရှိကြောင်း သိရသည်။ ဘွန်ဆိုင်းပင်များကို အရှေ့အာရှဒေသတွင် စိုက်ပျိုးပြီးဂျပန်နှင့် ဆက်နွှယ်ကာ အဓိကလူသိများသည်။ ဘွန်ဆိုင်းပင် စိုက်ပျိုးခြင်းကို အနုပညာတစ်ရပ်အဖြစ်လည်း တင်စားခေါ်ဝေါ်ကြသည်။

ဘွန်ဆိုင်းပင်ကို လက်တွေ့ အပင်ကြီးနှင့်တူစေရန် အထူးပြုလုပ်ထားသော ပုံးအတွင်း သတ်မှတ် နည်းလမ်းများအတိုင်း စိုက်ပျိုးရသည်။

ခိုးယူခံရသည့် ဘွန်ဆိုင်းများထဲတွင် ရှင်ပါကူ ဂျူနီပါ အပင်မျိုးလည်းပါဝင်ပြီးယန်း ၁၀ သန်း (ဒေါ်လာ ၉၁၀၀၀) ဝန်းကျင် တန်ကြေးရှိကာ ဘွန်ဆိုင်းဝါသနာရှင်များကြား ရေပန်းစားသော အပင်မျိုးလည်းဖြစ်သည်။

“ကျွန်မတို့ ရှင်ပါကူဘွန်ဆိုင်းပင်က နှစ် ၄၀၀ သက်တမ်းရှိနေပါပြီ။ ရေပုံမှန်မလောင်းရင် တစ်ပတ်အတွင်း သေသွားနိုင်ပါတယ်။ သေချာဂရုစိုက်ရင် ထာဝရအသက်ရှင်နိုင်တဲ့ အပင်မျိုးပါ။ ကျွန်မတို့ ကွယ်လွန်သွားပြီး နှစ်ရာချီတိုင် ရှင်နေမယ့် အပင်မျိုးပါ။ ခိုးသွားသူအနေနဲ့ ဂရုစိုက် ရေလောင်းပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟုမစ္စစ် အီမူရာက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းတို့ မြတ်နိုးတန်ဖိုးထားသည့် ဘွန်ဆိုင်းပင်များ ပြန်လည်ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ဇနီးမောင်နှံံနှစ်ဦးက ပြောသည်။

The Myanmar Times Daily Newspaper – Myanmar Versionေ ဖအောင်