မိဘတွေကို လုံးဝ အံ့အားသင့်သွားအောင် ကျေးဇူးဆပ်လိုက်တဲ့ သားလိမ္မာလေး (ရုပ်သံ)

3294

မိဘတွေကို လုံးဝ အံ့အားသင့်သွားအောင် ကျေးဇူးဆပ်လိုက်တဲ့ သားလိမ္မာလေး (ရုပ်သံ)

လူရယ်လို့ ဖြစ်လာ ကတည်းက ကျေးဇူး တင်ရမယ့်ထဲမှာ မိဘနှစ်ပါးက ထိပ်ဆုံးမှာ ရှိနေ ပါတယ်။ ကလေး ဘဝကတည်းက လူတစ်လုံး သူတစ်လုံးဖြစ်လာတဲ့ စေတနာ၊ မေတ္တာတွေ အပြည့်နဲ့ ပျိုးထောင်ပေးခဲ့ကြတဲ့ သူတို့ရဲ့ ကျေးဇူးတွေဟာ ဘယ်လိုမှ ဆပ်လို့ မကုန်နိုင် ပါဘူး။

ဒါပေမယ့်လည်း မိဘတွေကို မတူညီတဲ့ နည်းအသွယ်သွယ်နဲ့ တတ်စွမ်းသလောက် ပြန်လည်း စောင့်ရှောက် ကျေးဇူးဆပ်နေတဲ့ သား၊ သမီးတွေ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိပါတယ်။ မိဘကို ပြန်လည် အလုပ်ကျွေး ပြုကြတဲ့ သူတိုင်းက အောင်မြင်ကြတာ ချည်းပါပဲ။

ဒီလို အောင်မြင်နေကြတဲ့ သူတွေထဲမှာ LeJuan James ဆိုတဲ့ ကိုယ်တိုင်ရိုက် ဟာသဗီဒီယိုတွေနဲ့ Youtube မှာ ပေါ်ပြူလာ ဖြစ်လာသူလည်း တယောက် အပါအဝင်ပါပဲ။ သူရဲ့ မိဘနှစ်ပါးရဲ့ အိမ်ထောင်သက်ဟာ (၃၃) နှစ် တိုင် ရှိခဲ့ပါပြီ။ မိဘတွေက သူအခုထိ အသက်ရှင်နေစဉ် တလျှောက်လုံး သူ့တို့ ညီကိုမောင်နှမတွေ အတွက် အရာရာကို ဦးစားပေးကာ ပေးဆပ်ခဲ့ ကြတယ်။

ဒီလိုနဲ့ သူလည်း အရွယ် ရောက်လာနဲ့ အမျှ အလုပ်တွေ ကြိုးစားပြီး မိဘနှစ်ပါးအတွက် လက်ဆောင်ကြီးကြီးမားမား တစ်ခု ဖန်တီးပြီး အံအားသင့်စေဖို့ အစီအစဉ်တွေ ထားရှိခဲ့ တယ် ။ LeJuan အခုလို နာမည် မရခင်မှာ သူရဲ့ မိဘနှစ်ပါးက တယောက်ကို အလုပ် နှစ်ခုစီ လုပ်ပြီး မိသားစု ဝမ်းရေးကို ဖြည့်တင်းခဲ့ရတယ်။

အမေက Disney မှာ သန့်ရှင်းရေးနဲ့ ညပိုင်းတွေဆို Walgreens မှာ ငွေသိမ်း လုပ်ရတယ်။ အဖေဆို ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း တွေနဲ့ ညဆို Burger King မှာ အရောင်းစာရေး လုပ်ခဲ့ရတယ်။ ဒီလိုနဲ့ပဲ LeJuan နဲ့ ညီအကို မောင်နှမတွေကို လူလားမြောက်စေ ခဲ့တယ်။

အခုနောက်ပိုင်း နှစ်တွေထဲ မှာတော့ LeJuan အနေနဲ့လည်း စီးပွားရေး လုပ်ငန်းတွေနဲ့ အခြေတကျဖြစ်လာပြီး သူတစ်လျှောက်လုံးရှိခဲ့တဲ့ တစ်နေ့မှာ အဖေနဲ့ အမေအတွက် အိမ်တစ်လုံး ဝယ်ပေးချင်တဲ့ဆိုတဲ့ ဆန္ဒတွေကို ဖြည့်တင်းနိုင်ခဲ့ ပါပြီ။

အဖေနဲ့ အမေရဲ့ မျက်လုံးတွေကို စည်းပြီး ရပ်ကွက် တစ်ခုတည်းကို မောင်းခေါ်လာတယ် ။ လက်တွေကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး တွဲခေါ်သွားလို့ မိဘနှစ်ပါးခများ ရင်တွေဘာတွေ ထိတ်နေရတာပေါ့။ နောက်တော့ သူတို့ အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင် အိမ်ကြီးရှေ့ကိုရောက်မှာ စည်းထားတာကို ဖြည်စေ ခဲ့တယ်။

မယုံကြည်နိုင်ဖွယ် မြင်ကွင်းကြောင့် မိဘနှစ်ပါးမှာ မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့ရတယ်။ မိသားစုအတွက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စိတ်ခံစားမှုတွေ အုံ့မှိုင်းနေတဲ့ အခိုက်တန့်ဆိုလည်း မမှားပါဘူး။ LeJuan ကိုယ်တိုင်တောင် မိသားစုနဲ့ ထွေးပိုက်ပြီး မျက်ရည်တွေ မထိန်းနိုင်အောင် ဖြစ်နေတာ တွေ့ရမှာပါ။ အဲ့ဒီ့နေ့က သူဝတ်ထားတဲ့ အင်္ကျီက စာတန်းလေးအတိုင်း မိသားစုနဲ့ တကွ ကောင်းချီးတွေကို ခံစားရတဲ့ နေ့လေးဖြစ်ခဲ့ပါတယ်။

ရုပ်သံကြည့်ရှုရန်