တစ္ဆေလေယာဉ်လို့တောင် ပြောခဲ့ကြတဲ့ MH370 ပေါ်မှ တစ်ဦးထဲသော အသက်ရှင်ကျန်ခဲ့သူ

1394

တစ္ဆေလေယာဉ်လို့ ကောလဟာလတွေထွက်ပေါ်ခဲ့တဲ့ MH370 ပေါ်မှ တစ်ဦးထဲသော အသက်ရှင်ကျန်ခဲ့သူ လေယာဉ်မှူး

ဒီလေယာဉ်ဟာ မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ပျံသန်းစဉ်အချိန်အတွင်းမှာ ပျက်ကျသွားခဲ့တာပဲဖြစ်ပါတယ် ။လေယာဉ်ပျက်ကျရတဲ့အဓိကအကြောင်းအရင်းကတော့ လေယာဉ်အတွင်းပိုင်း ဖိအား ရုတ်ချည်းလျော့ကျသွားလို့ပါပဲ။

ခရီးစဉ်အချိန်အတွင်းမှာ Boeing 777-200 လေယာဉ်ပိုင်းလော့ Zaharie Ahmad Shah ဟာ အကူပိုင်းလော့ Fariq Abdul Hamid ကို လေယာဉ်ထိန်းခိုင်းခဲ့ပြီး အနားယူနေခဲ့တာဖြစ်နိုင်တယ်လို့ လေကြောင်းသတင်းထောက် Christine Negroni ကသူ့ဆောင်းပါးမှာရေးသားဖော်ပြထားတာတွေ့ပါတယ်။

ဒါပေမယ့် Fariq ဟာ အောက်ဆီဂျင်နည်းပါးလွန်းတဲ့ အခြေအနေကြောင့် မူးမိုက်သွားခဲ့ပြီး လေယာဉ်ကိုမထိန်းနိုင်တော့တဲ့အတွက် ပင်လယ်ထဲစိုက်ဆင်းသွားခဲ့ရပါတယ် ။Fariq ဟာ လေယာဉ်ခေါင်းခန်းထဲမှာရှိနေခဲ့တဲ့အတွက် အောက်ဆီဂျင်နည်းပေမယ့် အခြားနေရာတွေထက် အောက်ဆီဂျင်ပိုများပြားစွာရှိနေသေးတဲ့အတွက် မူးမေ့ရုံလောက်ပဲဖြစ်ခဲ့ပေမယ့် လေယာဉ်အတွင်းမှာရှိနေခဲ့တဲ့ အခြားသူတွေအားလုံးကတော့အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်သေဆုံးသွားခဲ့ရပါပြီ။

လေယာဉ်ပေါ်မှာထားရှိတဲ့ အရေးပေါ် အောက်ဆီဂျင်ဟာလည်း ၁၅ မိနစ်သာခံတာကြောင့် လေယာဉ်ပေါ်မှာရှိတဲ့သူအားလုံး အောက်ဆီဂျင်ပြတ်လပ်ပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ် ။လေယာဉ်ထဲမှာ အောက်ဆီဂျင်ပြတ်လပ်သွားခဲ့ရတဲ့အကြောင်းအရင်းကိုတော့ ဆန်းကြယ်လွန်းတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲတွေးရပါလိမ့်မယ် ။ပျက်ကျခဲ့တဲ့အချိန်မှာတော့ လေယာဉ်ဟာ သူ့ရဲ့လမ်းကြောင်းပေါ်မှတောင်ဘက်ကိုယွန်းနေပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အကူပိုင်းလော့ သတိမေ့နေလောက်တဲ့အချိန်ဖြစ်နိုင်ပါတယ်။

လေယာဉ်ပေါ်မှာပါရှိတဲ့ခရီးသည်အားလုံးက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးနေခဲ့ပြီးဖြစ်တဲ့အတွက် ရေပြင်နဲ့ ရိုက်မိတဲ့အချိန်မှာ လေယာဉ်ပေါ်မှာ အသက်ရှင်ကျန်ရစ်သူဆိုလို့ အကူပိုင်းလော့ တစ်ဦးပဲရှိခဲ့တော့တာပါ။ပြီးခဲ့တဲ့အပတ်တုန်းက ဒီမတော်တဆဖြစ်ရပ်ကိုစစ်ဆေးခဲ့သူ အရာရှိကတော့ ဒီဖြစ်ရပ်ဟာ အသေခံ လုပ်ခံ သတ်ဖြတ်မှုတစ်ခုဖြစ်တယ်လို့ အခိုင်အမာပြောထားတဲ့အပြင် သက်သေပြနိုင်တယ်လို့လည်းကြေငြာခဲ့ပါတယ်။

သူဟာ ကပ္ပတိန် Shah နဲ့ အကူပိုင်းလော့ Hamid ကို တရားခံအနေနဲ့ စွပ်ဆွဲထားပါသေးတယ် ။၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး ပိုထူးဆန်းတာကတော့ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၂၃၉ ဦးနဲ့လေယာဉ်အဖွဲ့သားတွေကို ဘယ်နေရာမှာမှရှာမတွေ့တဲ့အချက်ပါပဲ ။ကနေဒါနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးလုံခြုံရေးအဖွဲ့မှာ အလုပ်လုပ်ကိုင်နေတဲ့ Vance ကတော့…“ဒါဟာ မတော်တဆမှုမဖြစ်နိုင်ဘူး ။ လေယာဉ်ကိုထိန်းချုပ်နိုင်တဲ့တစ်ယောက်ယောက်က လေယာဉ်စနစ်ကိုထိန်းချုပ်ပြီးအခုလို လုပ်သွားတာပဲဖြစ်ရမယ်။

ပိုင်းလော့တွေက ဒီလေယာဉ်ကို အပျောက်ဖျောက်ဖို့အတွက် ပင်လယ်ရဲ့အခြားတစ်ဖက်ကိုမောင်းသွားတာဖြစ်နိုင်တယ် ” လို့ CBC သတင်းဌာနကိုပြောသွားပါတယ် ။၁၈ လလောက် စစ်ဆေးခဲ့ပြီးတဲ့နောက်မှာတော့ Vance ဟာ လေယာဉ်ပျက်ကျမှုအတွက် သီအိုရီနှစ်ခုထုတ်နိုင်ခဲ့ပါတယ်။

သူ့သီအိုရီကတော့ ရှင်းပါတယ် “လေယာဉ်ကို တစ်ယောက်ယောက်ကထိန်းချုပ်ထားခဲ့လို့ (သို့မဟုတ်) လေယာဉ်ကို ဘယ်သူမှ မထိန်းချုပ်နေလို့ ” ဆိုတာပဲဖြစ်ပါတယ် ။လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကိုသေချာသိရှိနိုင်ဖို့အတွက်တော့ သက်သေအလုံအလောက်မရရှိသေးတဲ့အတွက် သေချာပေါက်မပြောနိုင်ပါဘူး။

ဒါပေမယ့်လည်း နည်းပညာမြင့်မားလွန်းတဲ့ လေယာဉ်တစ်စင်းပေါ်မှာ အခုလို ကသောင်းကနင်းဖြစ်နေတာကို လေယာဉ်မှူးမသိရလောက်အောင် ဘယ်အရာကများပိတ်ကွယ်ထားခဲ့သလဲ ။ဒီအဖြေကိုတော့ Vance တို့ သေချာစုံစမ်းစစ်ဆေးပြီးတဲ့အထိ စောင့်ပြီးတော့ နားထောင်လိုက်ရအောင်။

Writer-Min Thu (Daily Hot News)