ဖြစ်ခဲ့တဲ့ ရန်ပွဲကိစ္စ စည်သူတင်စိုး ကိုယ်တိုင် အသေးစိတ်ရှင်းပြတဲ့ ဗွီဒီယိုဖိုင်

7937

၁၈ ၂ ၂၀၁၉ ရက် နေ့လည်(၁၁:၃၀)က ရန်ကုန်တိုင်းဒေသကြိး မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေနှင်းဆီကျောင်းလမ်း ကြာကန်ဘေး၌ မင်းမဲ့စရိုက်ဆန်အုပ်စုဖွဲ့အနိုင်ကျင့်ခံရသူ ကျွန်တော်၏သား မောင်အောင်ဖြိုးဝေ(အသက်-၃၁)နှစ်သည် ဒါးဖြင့်ထိုးသွင်းဒါဏ်ရာ ၅ ချက် ပြတ်ရှဒါဏ်ရာ ၂ ချက် ဦးခေါင်းကွဲဒါဏ်ရာ(စိုးရိမ်ရ) ၁ ချက်တို့ဖြင့်မြောက်ဥက္ကလာပဆေးရုံတွင်အတွင်းလူနာအဖြစ်ကုသမှု့ခံနေရပါသည်။

၎င်းအုပ်စုဖွဲ့အနိုင်ကျင့်သတ်ဖြတ်သူ(၆)ဦးအားမရမ်းကုန်းမြို့မစခန်းမှဖမ်းစီးထိမ်းသိမ်းထားသော်လည်း အမှု့ဖွင့်တိုင်ကြားသူမရှိသဖြင့် အမှု့မဖွင့်ဘဲထားရှိခြင်း ကျွန်တော်မှတရားလိုလုပ်၍အမှု့ကို နေ့လည်၃ နာရီအချိန်တွင်အမှုဖွင့ှ်ု့ခဲ့သော်လည်း အမှု့ကို ဘာပုဒ်မမှမတတ်သေးဘဲ တဖက်သူမှ ၎င်းတို့လဲရဲဆေးစာလို၍ဆေးရုံသို့ပို့ဆောင်ရာတွင် တရားခံအားလက်ထိပ်ခတ်ထားခြင်းမရှိသည့်အတွက်ကျွန်တော်မှမေးမြန်းရာ ဘာမှပြန်မဖြေဘဲရဲစခန်းသို့ပြန်သွား၍ကျွန်တော်မှမှတ်တမ်းပုံရိုက်၍အထက်သို့တိုင်မည်ပြောပြိးရဲစခန်းသို့နောက်မှလိုက်သွားခဲ့ရာ အမှု့ဖွင့်ပြိးပြီဖြစ်ကြောင်း အမှု့ ပုဒ်မမှာ ၃၂၅/၃၂၆/၁၁၄ ဖြင့်ဖွင့်ထားပြိးဖြစ်ကြောင်းပြသပြိး

အမှု့တိုင်စာအားလက်မှတ်ရေးထိုးခိုင်းသဖြင့်လက်မှတ်ထိုးပေးပြိး တရားခံအားလက်ထိပ်မခတ်သည့်ကိစ္စကိုမေးမြန်းရာလုံခြုံရေးအပြည့်ပါသည်ဟုဖြေကြားပါသည် တရားခံများအသုံးပြုသော ဒါး ဒုတ် ကား များကိုသက်သေခံရှာဖွေပုံစံဖြင့်သိမ်းစည်းထားခြင်းမရှိသေးတာသိခဲ့ရပါသည် ပတ်ဝန်းကျင်မှ အပ်ပေးသည့် ဒါး ဒုတ်များကိုသာသိမ်းယူထားတာသာဖြစ်ပြိး ဖျောက်ဖျက်ထားသည့် သက်သေခံပစ္စည်းများကိုယခုအချိန်ထိမသိမ်းသေးပါ တရားခံများမှလည်း မိမိတို့ဒါဏ်ရာရသည်ဟုလိမ်ညာပြောဆိုပြသပြိး

ရဲဆေးစာယူခြင်း ဆေးရုံတက်ကုသခြင်း တို့ကိုရဲတပ်ဖွဲ့ဝင်များကယုံကြည်လက်ခံနေကြပြိး အမှု့မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးခြင်းများမပြုလုပ်သေးပါ ကျွန်တော်တရားလိုကသာ တရားခံဖမ်းမိရေး သက်သေခံပစ္စည်း ရှာဖွေအပ်ပေးခြင်း video မှတ်တမ်း ဓါတ်ပုံမှတ်တမ်းများရှာဖွေစုဆောင်း၍သာအပ်ပေးနေရပါသည်

အခင်းဖြစ်ချိန် အသုံးပြုခဲ့သော ကား ၂ စီး နှင့် ဒါးတချောင်းကိုဖျောက်ဖျက်ထားပါသည် အခင်းဖြစ် မှတ်တမ်းပုံတချို့ကိုတင်ပြပေးလိုက်ပါသည် ဤဖြစ်စဉ်အား နိုင်ငံတော်အဆင့်သို့ မှတ်တမ်းများနှင့်တကွ ဖေါ်ပြတိုင်ကြားသွားပါမည်

ပိုးကိုကို(ရန်ကုန်တိုင်း-အမိမြေ) သတင်းစုံဂျာနယ်-တာဝန်ခံ