သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းအျပင္ဘက္ရွိ ေလးမ်က္နွာ ဂူ ဘုရား ေဖါက္ထြင္းခံရ

25

ကမၻာ့အေမြအနွစ္ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းအျပင္ဘက္ရွိ ေလးမ်က္နွာ ဂူ ဘုရား ေဖါက္ထြင္းခံရ

ဇန္နဝါရီ ၁၇ ႏိုင္လင္းဦး

ျပည္ၿမိဳ႕ ကမၻာ့အေမြအနွစ္ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းအျပင္ေတာင္ဘက္ ေဘာေဘာႀကီး ဘုရား ႏွင့္ ဗႆနိုးဘုရင္မ သခ်ႋဳင္း အၾကားရွိ ေလးမ်က္နွာဂူ ဘုရား ေဖါက္ထြင္းခံရမႈျဖစ္ပြားခဲ့ေၾကာင္း ေရွးေဟာင္းသုေတသန နွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (သေရေခတၱရာဌာနစု) က သိရသည္ ။

ေဖာက္ထြင္းသူမ်ားအေနျဖင့္ ဘုရားအတြင္း ႒ာပနာရွိသည္အထင္နွင့္ ေဖာက္သြားျခင္းျဖစ္ၿပီး တစ္ရက္လွ်င္ နည္းနည္းခ်င္း ေဖာက္သြားသည့္ ပံုစံျဖစ္ကာ ဇန္နဝါရီလ ၁၆ ရက္ေန႔က ေဖာက္ထြင္းခံရေၾကာင္း ေရွးေဟာင္းသုေတသန နွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (သေရေခတၱရာဌာနစု) အေနျဖင့္ သိျခင္းျဖစ္သည္ ။

“လံုၿခံဳေရးဌာနမွဴး က မေန႔ကသိတာ ။ ေတာထဲလည္းျဖစ္ေနေတာ့ မသိဘူး ။ ဘုရားအေပၚမွာ ဘုရားဖူးေတြက ခဲေတြတင္ၾကတာဆိုေတာ့ အဲ့ဒီလိုတင္ထားတယ္ပဲထင္တာ ။ ေနာက္မွ မူမမွန္လို႔ တက္ၾကည့္ရာကေန အေပါက္ႀကီးေတြ႕တာပဲ ” ဟု ေရွးေဟာင္းသုေတသန နွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (သေရေခတၱရာဌာနစု) ကမ႓ာ့အေျမအနွစ္ ဌာနခြဲ ဒုတိယ ညႊန္ၾကားေရးမွဴး ဦးေက်ာ္မ်ိဳးဝင္း က ေျပာသည္ ။

ေဖာက္ထြင္းခံရသည့္ ဘုရားအား ေရွးေဟာင္းသုေတသန နွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (သေရေခတၱရာဌာနစု)၏ သာမန္ သံုးေငြထဲက ေရွးေဟာင္းအေဆာက္အအံု ျပဳျပင္ထိန္းသိမ္းျခင္းေခါင္းစဥ္ျဖင့္ ျပန္လည္ျပဳျပင္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

ထိုဘုရားမွာ ယခင္က ေအာက္ခံအုတ္ခံုသာရွိၿပီး လြန္ခဲ့သည့္ အနွစ္ ၂၀ ေက်ာ္အခ်ိန္က အေပၚပိုင္းကို အလွဴရွင္ျဖင့္ ျပန္လည္ျပဳျပင္ထားျခင္းျဖစ္ကာ မည္သည့္ ႒ာပနာပစၥည္းမွ်မရွိေၾကာင္း သိရသည္ ။

Photo : Zin Thein

The Fifth Wave News – ကိုေဖေအာင္

Unicode

ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်းအပြင်ဘက်ရှိ လေးမျက်နှာ ဂူ ဘုရား ဖေါက်ထွင်းခံရ

ဇန်နဝါရီ ၁၇ နိုင်လင်းဦး

ပြည်မြို့ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်းအပြင်တောင်ဘက် ဘောဘောကြီး ဘုရား နှင့် ဗဿနိုးဘုရင်မ သချႋုင်း အကြားရှိ လေးမျက်နှာဂူ ဘုရား ဖေါက်ထွင်းခံရမှုဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) က သိရသည် ။

ဖောက်ထွင်းသူများအနေဖြင့် ဘုရားအတွင်း ဋ္ဌာပနာရှိသည်အထင်နှင့် ဖောက်သွားခြင်းဖြစ်ပြီး တစ်ရက်လျှင် နည်းနည်းချင်း ဖောက်သွားသည့် ပုံစံဖြစ်ကာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖောက်ထွင်းခံရကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) အနေဖြင့် သိခြင်းဖြစ်သည် ။

“လုံခြုံရေးဌာနမှူး က မနေ့ကသိတာ ။ တောထဲလည်းဖြစ်နေတော့ မသိဘူး ။ ဘုရားအပေါ်မှာ ဘုရားဖူးတွေက ခဲတွေတင်ကြတာဆိုတော့ အဲ့ဒီလိုတင်ထားတယ်ပဲထင်တာ ။ နောက်မှ မူမမှန်လို့ တက်ကြည့်ရာကနေ အပေါက်ကြီးတွေ့တာပဲ ” ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) ကမ႓ာ့အမြေအနှစ် ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ပြောသည် ။

ဖောက်ထွင်းခံရသည့် ဘုရားအား ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု)၏ သာမန် သုံးငွေထဲက ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းခေါင်းစဉ်ဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည် ။

ထိုဘုရားမှာ ယခင်က အောက်ခံအုတ်ခုံသာရှိပြီး လွန်ခဲ့သည့် အနှစ် ၂၀ ကျော်အချိန်က အပေါ်ပိုင်းကို အလှူရှင်ဖြင့် ပြန်လည်ပြုပြင်ထားခြင်းဖြစ်ကာ မည်သည့် ဋ္ဌာပနာပစ္စည်းမျှမရှိကြောင်း သိရသည် ။

Photo : Zin Thein

The Fifth Wave News – ကိုဖေအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here