မင်းကတော့ ပစ်လိုက်ရလို့ ပျော်နေမှာပဲ..။ အောက်ချင်းငှက်ရဲ့ ဒီလို နောက်ကြောင်းကို မင်းမသိရော့သလား (ဖတ်ကြည့်ပါ)

653

မင်းကတော့ ပစ်လိုက်ရလို့ ပျော်နေမှာပဲ..။ အောက်ချင်းငှက်ရဲ့ ဒီလို နောက်ကြောင်းကို မင်းမသိရော့သလား

မင်းမသိတာက အောက်ချင်းငှက်တို့ အကြောင်းပဲ။ အောက်ချင်းငှက်တွေဟာ တစ်လင် တစ်မယား စနစ်ကျင့်သုံးကြတယ်။ အောက်ချင်းငှက်ထီးဟာ အောက်ချင်းငှက်မကို ယူမိတဲ့ အချိန်ကစပြီး သူကလည်း မဖောက်ပြန်ဘူး။ အောက်ချင်းငှက်မကိုလည်း အပြင်ပေးမထွက်တော့ဘူး။ အသိုက်ကို ရွှံ့နဲ့ ပိတ်ထားတယ်။ သူပဲ အစာရှာကျွေးတော့တယ်။ အောက်ချင်းငှက်မဟာလည်း ပိတ်ထားတဲ့ရွှံ့ကို သူကိုယ်တိုင် နှုတ်သီးနဲ့ ဖောက်ပြီးသွားလို့ရတယ်။ ယောကျားလုပ်ထားတာကို မဖျက်ဆီးဘူး။ ဘယ်လောက်ဗိုက်ဆာဆာ ယောကျားလာပြီး ကျွေးတဲ့အချိန်အထိစောင့်တယ်။ အခု့မင်းက အထီးကိုသတ်လိုက်တော့ အမက အစာငတ်ခံပြီး သေရတော့မယ်။ အောက်ချင်းငှက်မဟာ အစာငတ်ပြီးသာ အသေခံတယ်။ ယောကျားပိတ်တဲ့ရွှံ့ကို မခွာဘူး။ လင်း လင်း ထွန်း

စိတ်မကောင်းစရာပါပဲ ရှောင်ရမည့် ဌက် ပါ စစ်သေနပ်ကိုင်ပီး စစ်အကြောင်းမသိလိုပဲ တောရဲတိရိစ္ဆာန် တွေပေါပါတယ်ပစ် စရာမရှားဘူး မင်းလက်ထဲမှာ မျော့မျော့လေးသေနေတဲ့ငှက်ရဲ့နောက်မှာ သူသစ္စာထားတဲ့မိသားစုရှိတယ် သူ့ရဲ့အသားကို စားလိုက်လို့ မင်အဟာရ ပိုဖြစ်သွားတယ်ဆိုရင် သူကျေနပ်နေလောက်တယ်

ခင်ပွန်းရှာကြွေးတဲ့အစာကလွဲလို့ တခြားဘယ်အစာမှမစားဘူး သစ္စာနဲ့အသေခံတဲ့ငှက်မျိုး ကမ္ဘာ့ အသိမှတ်ပြု ထားတာ အရှားပါးဆုံးနေရာကနေ တန်ဖိုးအရှိဆုံးနေရာမှာ ရပ်တည်နေတယ်ဆိုတာ ခင်များသိရင် နောင်တပဲ ဒါပေမယ့် သတ်ပါ သူတိုမျိုတုံးသွားတောင် နာမည်အပြည့်နဲ့ရပ်တည်နေတယ် Putulay

အောက်ချင်းငှက် သစ္စာအကြောင်းသင်သိသလား..?

သစ္စာ …. စကားလုံးလေးက နှစ်လုံးတည်းရယ် … ဒါပေမယ့် အဓိပ္ပာယ်က ကျယ်ပြန့်နက်ရှိုင်း လွန်းလှပါတယ် … ရာဇ၀င်တွင်လောက်တဲ့ သစ္စာတရားကြီးမားသူတို့အကြောင်းနဲ့ သစ္စာမဲ့ ဖောက်ပြန်တတ်သူတို့အကြောင်းကို ကြားဖူးကြမှာပါ … … သစ္စာတရားအကြောင်းကို အများကြီး တော့ အဓိပ္ပာယ်ဖွင့်ဆိုပြီး မပြောပြတတ်ပါဘူး … သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာ … ချစ်သူအပေါ်ထားတဲ့ သစ္စာ .. မိသားစုအပေါ်ထားတဲ့ သစ္စာ … ဇနီးခင်ပွန်းအပေါ်ထားတဲ့ သစ္စာ … လူမျိုးအပေါ်ထားတဲ့ သစ္စာ … နိုင်ငံတော်အပေါ်ထားတဲ့ သစ္စာ ဆိုပြီး အမျိုးမျိုး ရှိမှာပါ ..။

အောက်ချင်းငှက်ကို အရင်ကတော့ ချင်းလူမျိုးအများစုနေထိုင်ရာ ချင်းတောင်တန်းတွေပေါ်မှာ အများဆုံး မြင်တွေ့ နိုင်ပါတယ် … အဲဒီ အောက်ချင်းငှက်တွေဟာ တစ်ကောင်တည်းရှိနေတတ်တာ နည်းပါတယ် … အဖို၊ အမ မောင်နှံစုံတွဲ ရှိနေတတ်တာ များပါတယ် … သူတို့ထဲက တစ်ကောင်ကောင်ဟာ ရန်သူလက်ချက်ကြောင့်ဖြစ်စေ ၊ သဘာဝရာသီဥတုဒဏ်ကြောင့်ဖြစ်စေ မတော်တဆ သေဆုံး သွားခဲ့ရင် ကျန်တဲ့တစ်ကောင်ဟာ သေဆုံးသူအနားကနေ လုံးဝမခွာတော့ပါဘူ …

ခေတ်စ ကားနဲ့ ပြောရရင် အတွဲသစ်လုံးဝမရှာတော့ပါဘူး … သေဆုံးသူနားမှာ ပူဆွေးသောကရောက် နှလုံးကွဲကြေပြီး လိုက်သေကြပါတယ် … ဒါကြောင့် ချင်းလူမျိုးတွေဟာ အောက်ချင်းငှက်နဲ့ တောင်ဇလပ် ပွင့်တွေကို ချင်းလူမျိုးတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုကြတာများပါတယ် … ဘာလို့လည်းဆိုတော့ အောက်ချင်းငှက်ဟာ သစ္စာတရားကြီးမားတာကို ဖော်ညွှန်းတာဖြစ်ပြီး တောင်ဇလပ်ပွင့် တွေကတော့ ရဲရင့်ရိုးသားခြင်းကို ဖော်ညွှန်းနေလို့ပါပဲ .။

တစ်ပါးသူတွေရဲ့ သစ္စာမဲ့ခြင်းမှလည်း ကင်းဝေးရသောသူ ဖြစ်ပါစေလို့ .

အောက်ချင်းငှက် သစ္စာ

သိပါရဲ့လား အောက်ချင်းငှက် ပုံပြင် လေးကို

ကြားဖူးရဲ့လား သူတို့ ဇာတ်လမ်း လေးကို

အောက်ချင်းငှက်တို့ဆိုတာ တစ်ကောင်သေရင်ကျန်တစ်ကောင်မှာ အဖော်မွန်သစ်မဖွေရှာဘဲ သစ္စာတရားကြီးမားလှစွာ သေဆုံးသူနား တစ်ဖ၀ါးမခွာဘဲ ပူဆွေးသောကရောက် နှလုံးကွဲကြေလျက် သေပွဲဝင်ရရှာသတဲ့

ကိုယ်နဲ့မင်းလည်း အောက်ချင်းငှက်တို့သစ္စာ ပုံပမာထားလို့ တစ်ဦးအပေါ်တစ်ဦး ဖောက်ပြန်ခြင်းကင်းတဲ့ သစ္စာတရားမျိုးနဲ့ တွဲလက်တွေ မဖြုတ်စတမ်း ကမ္ဘာကုန်တည်နေသရွေ့ သစ္စာထားကြပါစို့လား

ရွှေအိမ်စည် ( Ref;….ဌက်တို့ ဓလေ့ မှသင့်သလို ..ကျနော်ပွားသည်)

အောက်ချင်းငှက် သစ္စာ

မြန်မာပြည်ရဲ့  တောတောင် ရေ မြေမှာလည်း အောက်ချင်းငှက် များ နေထိုင် ကျက်စားပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ အောက်ချင်းငှက် ကတော့ အင်ဒိုနီးရှား နိုင်ငံ ၊ တော တောင်ရေမြေ မှာ တွေ့ရတဲ့ အောက်ချင်း ငှက် ဖြစ်ပါတယ်။ သူ့ကို အင်္ဂလိပ်လို Knobbed Hornbill လို့ခေါ်ပါတယ်။ အထီးဟာ အလျား ၂၇ လက်မ ကနေ လက်မ ၃၀ အထိ ရှိပြီး အမကတော့ ၂၆ လက်မ ကနေ ၂၇ လက်မ အထိ ရှိပါတယ်။

သူ့မှာ အဓိက ထူခြားချက် တစ်ခု ရှိပါတယ်။ ဒါကတော့ ဇနီးမောင်နှံ အောက်ချင်းငှက်တို့ကြား ထားတဲ့ သစ္စာ ဖြစ်ပါတယ်။ မောင်နှံ ထဲမှာ အထီးဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်း အမျိုးမျိုးကြောင့် သေသွားရင် နောက်တစ်ကောင်က လိုက်သေပါ တယ်။ ကောင်းကင်နေ မြေပေါ်ကို ထိုးဆင်းပြီး ကိုယ့်ကိုယ့်ကို သက်သေခြင်း ဖြစ်ပြီး ငှက်တွေထဲမှာ သံယောဇဉ် အကြီးဆုံး ငှက်များ အဖြစ် အသိအမှတ်ပြုထား ကြပါတယ်။

Ref:wiki