ကားႏွစ္စီးအ႐ွိန္ျပင္းစြာတုိက္ရာ ကုိယ္ဝန္ေဆာင္မိခင္တစ္ဦး အဖြားအုိတစ္ဦးဒဏ္ရာရ႐ွိ စကတ္ကားသမား ထြက္ေျပး

15

မုဒုံျမဳိ့နယ္ ေကာ့ခပုံေက်းရြာတံတား အပါးခ်မ္းဆီဆုိင္အနီး ၁၉.၁.၂၀၁၉ ရက္ေန႔ နံနက္ ၆ နာရီခ်ိန္ခန္႔တြင္ မုဒုံမွ ေမာ္လျမဳိင္ဘက္သုိ႔ ကုိေက်ာ္မင္းဝင္း ၃၅ႏွစ္ (ခလယ္) တံခြန္တုိင္ေနသူ ေမာင္းႏွင္လာေသာ PROBOX ကားအား ေမာ္လျမဳိင္ဘက္မွ မုဒုံဘက္သုိ႔ေမာင္းႏွင္လာေသာ 7E/2210 စကတ္ကားမွ ယာဥ္ေၾကာမွားၿပီးဝင္တုိက္ခဲ့ရာ

ကားေပၚ႐ွိ အသက္ ၈၀ အရြယ္ခန္႔အဖြားအုိတစ္ဦး ကုိယ္ဝန္ေဆာင္မိခင္တစ္ဦး ဒဏ္ရာရ႐ွိခဲ့၍ အမႊာညီေနာင္မွ ေက်ာက္တလုံးအေရးေပၚကယ္ဆယ္ေရးအဖြဲ႔ႏွင့္ခ်ိတ္ဆက္ကာ ေမာ္လျမဳိင္ျပည္သူ႔ေဆး႐ုံႀကီးသုိ႔ ပုိ႔ေဆာင္ေပးခဲ့ပါသည္။

ထုိေနာက္တုိက္မိေသာကားႏွစ္စီးမွ ဆက္ကပ္ကားသမားသည္ ထြက္ေျပးသြားေသာေၾကာင့္ ကားမ်ားလမ္းေပၚတြင္တင္ေနကာ နာရီဝက္ခန္႔ယာဥ္ေၾကာပိတ္ဆုိ႔မႈျဖစ္ပြားခဲ့ပါသည္။

ထုိယာဥ္ေျကာပိတ္ဆုိ့မႈအား မုဒုံျမဳိ့နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉးမုိးလြင္ဦး၏ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ဒုရဲအုပ္ေအးမင္းသန္းႏွင့္အဖြဲ႔ေရာက္႐ွိလာကာ ပိတ္ဆုိ႔ေနေသာယာဥ္ေၾကာမ်ားအား႐ွင္းလင္းျခင္း၊ ကားမ်ားအား ေနရာေရႊ႔ျခင္းမ်ား လုပ္ေဆာင္ေပးခဲ့ၾကပါသည္။

စကတ္ကားသမားသည္ အခင္းျဖစ္ေနရာမွကားထားျပီးထြက္ေျပးသြားခဲ့ပါသည္။အမႊာညီေနာင္

==========

မုဒုံမြို့နယ် ကော့ခပုံကျေးရွာတံတား အပါးချမ်းဆီဆိုင်အနီး ၁၉.၁.၂၀၁၉ ရက်နေ့ နံနက် ၆ နာရီချိန်ခန့်တွင် မုဒုံမှ မော်လမြိုင်ဘက်သို့ ကိုကျော်မင်းဝင်း ၃၅နှစ် (ခလယ်) တံခွန်တိုင်နေသူ မောင်းနှင်လာသော PROBOX ကားအား မော်လမြိုင်ဘက်မှ မုဒုံဘက်သို့မောင်းနှင်လာသော 7E/2210 စကတ်ကားမှ ယာဉ်ကြောမှားပြီးဝင်တိုက်ခဲ့ရာ

ကားပေါ်ရှိ အသက် ၈၀ အရွယ်ခန့်အဖွားအိုတစ်ဦး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဒဏ်ရာရရှိခဲ့၍ အမွှာညီနောင်မှ ကျောက်တလုံးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်ချိတ်ဆက်ကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထိုနောက်တိုက်မိသောကားနှစ်စီးမှ ဆက်ကပ်ကားသမားသည် ထွက်ပြေးသွားသောကြောင့် ကားများလမ်းပေါ်တွင်တင်နေကာ နာရီဝက်ခန့်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပါသည်။

ထိုယာဉ်ကြောပိတ်ဆို့မှုအား မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးလွင်ဦး၏ကြီးကြပ်ကွပ်ကဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်အေးမင်းသန်းနှင့်အဖွဲ့ရောက်ရှိလာကာ ပိတ်ဆို့နေသောယာဉ်ကြောများအားရှင်းလင်းခြင်း၊ ကားများအား နေရာရွှေ့ခြင်းများ လုပ်ဆောင်ပေးခဲ့ကြပါသည်။

စကတ်ကားသမားသည် အခင်းဖြစ်နေရာမှကားထားပြီးထွက်ပြေးသွားခဲ့ပါသည်။အမွှာညီနောင်

LEAVE A REPLY

Please enter your comment!
Please enter your name here