ဝန်ကြီးချုပ်ကို ထိန်းသိမ်းပြီးနောက် ထားဝယ်တစ်မြို့လုံးကို မီးဖြတ်ထား..

190


တာချီလိတ်၊ မတ် ၁၀





Unicode

ဝန်ကြီးချုပ်ကို ထိန်းသိမ်းပြီးနောက် GGS က ထားဝယ် တစ်မြို့လုံးကို မီးဖြတ်ထား

တာချီလိတ်၊ မတ် ၁၀

တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ GGS ကုမ္ပဏီထိပ်ပိုင်း (၃)ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် မတ်လ (၁၀)ရက် ညပိုင်းမှာ ထားဝယ်တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ သတင်းရရှိပါတယ်။

ထားဝယ်မြို့ကို GGS ကုမ္ပဏီက လျှပ်စစ်မီးပေးနေတာဖြစ်ပြီး GGS ကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၃)ဦးကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။

အရင်က ထားဝယ်မှာ ဒီလိုမျိုး မီးပျက်တာ သိပ်မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနက်ဖြန် မတ်လ (၁၁)ရက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆိုရမှာဖြစ်လို့ အခက်အခဲဖြစ်နေတယ်လို့လည်း သူက ပြောပါတယ််။

သတင်း – ရွှေတြိဂံဒေသသတင်း