ကားလမ်း​ဘေးတွင်​ အမျိုးသမီးတစ်ဦး သေဆုံးနေလို့ သွားရောက်စစ်ဆေးရာ

1247



ဖြစ်​စဉ်​မှာ ၂၀၁၉ ခုနှစ်​ မတ်​လ ၁၆ ရက်​ မွန်းလွဲ ၁ နာရီက ဒုရဲအုပ်​ စည်​သူ​အောင်​သည်​ တာဝန်​မှူး တာဝန်​ထမ်း​ဆောင်​​နေစဉ်​ နမ့်​ဆန်​မြို့ အ​ရှေ့​တောင်​ဘက်​ ၂မိုင်​ခန့်​အကွာ မန်​မိုင်​ရပ်​ကွက်​အနီး နမ့်​ဆန်​- ​ကျောက်​ဖြူအုပ်​စုသွားသည့်​ ကားလမ်းဝဲဘက်​​ဘေးတွင်​ အမျိုးသမီးတစ်​ ဦး ​သေဆုံး​နေ​ကြောင်းသတင်းရရှိသဖြင့်​ ယာယီရဲမှူး မိုး​ဇော်​​ဆွေ၊ ဒုရဲမှူးသိန်း​ဇော်​၊ တာဝန်​မှူး ဒုရဲအုပ်​စည်​သူ​အောင်​တို့သည်​ သက်​​သေများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးရာ နမ့်​ဆန်​-​ကျောက်​ဖြူသွားသည့်​ ကားလမ်း​ဝဲဘက်​​ဘေး သဲကွင်းအနီး ကားလမ်းနှင့်​ကိုက်​ ၅၀ ခန့်​အကွာ တွင်​ ဦး​အောင်​​ကျော်​ဦး (မန်​မိုင်​ရပ်​ကွက်​)​နေထိုင်​သူ၏လက်​ဖက်​ခြံထဲ တွင်​ မသန်းမြင့်​ (ခ)မအတာမီ၊အသက်​ (၄၁) နှစ်​ (ဘ)ဦးအတာဖ၊ (လီဆူ/ဗုဒ္ဓ) ​ဈေး​ရောင်း နယ်​​မြေ(၄) မင်္ဂလာရပ်​ကွက်​ နမ့်​ဆန်မြို့​နေထိုင်​သူမှာ နဖူးချိုင့်​ဝင်​​ပေါက်​ပြဲ ​သွေးထွက်​ဒဏ်​ရာ၊ လည်​ပင်းပြတ်​ရှ ဒဏ်​ရာများဖြင့်​ ​​သေဆုံး​နေ​ကြောင်း စစ်​​ဆေး​တွေ့ရှိရသည်​။


အဆိုပါ​သေဆုံး​နေသူ မသန်းမြင့်​သည်​ ယ​နေ့နံနက်​တွင်​ နမ့်​ဆန်​မြို့ နံနက်​​ဈေးတွင်​ ​ဈေး​ရောင်း​နေ​သေး​ကြောင်း ​သူနှင့်​​ဈေး​ရောင်း​ဖော်​ တစ်​ဦးက ဆိုသည်​။


Unicode

နမ်​့ဆန်​- ​ကျောက်​ဖြူသွားသည်​့ ကားလမ်​း​အောက်​တွင်​ အမျိုးသမီးတစ်​ဦး အသတ်​ခံရ၍ ​သေဆုံး။

ရှမ်​း​မြောက်​ ​ကျောက်​မဲခရိုင်​ ပ​လောင်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင်​့ရ​ဒေသ နမ်​့ဆန်မြို့မှ ​ကျောက်​ဖြူ​ကျေးရွာအုပ်​စုသို့ သွားသည်​့ကားလမ်​း​အောက်​ သဲကွင်​းအနီးတွင်​ အမျိုးသမီးတစ်​ဦးဒဏ်​ရာများဖြင်​့ ​သေဆုံး​နေ​ကြောင်​း သတင်​းရရှိသည်​။

ဖြစ်​စဉ်​မှာ ၂၀၁၉ ခုနှစ်​ မတ်​လ ၁၆ ရက်​ မွန်​းလွဲ ၁ နာရီက ဒုရဲအုပ်​ စည်​သူ​အောင်​သည်​ တာဝန်​မှူး တာဝန်​ထမ်​း​ဆောင်​​နေစဉ်​ နမ်​့ဆန်​မြို့ အ​ရှေ့​တောင်​ဘက်​ ၂မိုင်​ခန်​့အကွာ မန်​မိုင်​ရပ်​ကွက်​အနီး နမ်​့ဆန်​- ​ကျောက်​ဖြူအုပ်​စုသွားသည်​့ ကားလမ်​းဝဲဘက်​​ဘေးတွင်​ အမျိုးသမီးတစ်​ ဦး ​သေဆုံး​နေ​ကြောင်​းသတင်​းရရှိသဖြင်​့ ယာယီရဲမှူး မိုး​ဇော်​​ဆွေ၊ ဒုရဲမှူးသိန်​း​ဇော်​၊ တာဝန်​မှူး ဒုရဲအုပ်​စည်​သူ​အောင်​တို့သည်​ သက်​​သေများနှင်​့အတူ သွား​ရောက်​စစ်​​ဆေးရာ နမ်​့ဆန်​-​ကျောက်​ဖြူသွားသည်​့ ကားလမ်​း​ဝဲဘက်​​ဘေး သဲကွင်​းအနီး ကားလမ်​းနှင်​့ကိုက်​ ၅၀ ခန်​့အကွာ တွင်​ ဦး​အောင်​​ကျော်​ဦး (မန်​မိုင်​ရပ်​ကွက်​)​နေထိုင်​သူ၏လက်​ဖက်​ခြံထဲ တွင်​ မသန်​းမြင်​့ (ခ)မအတာမီ၊အသက်​ (၄၁) နှစ်​ (ဘ)ဦးအတာဖ၊ (လီဆူ/ဗုဒ္ဓ) ​စျေး​ရောင်​း နယ်​​မြေ(၄) မင်္ဂလာရပ်​ကွက်​ နမ်​့ဆန်မြို့​နေထိုင်​သူမှာ နဖူးချိုင်​့ဝင်​​ပေါက်​ပြဲ ​သွေးထွက်​ဒဏ်​ရာ၊ လည်​ပင်​းပြတ်​ရှ ဒဏ်​ရာများဖြင်​့ ​​သေဆုံး​နေ​ကြောင်​း စစ်​​ဆေး​တွေ့ရှိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ မန်​မိုင်​ရပ်​ကွက်​​နေ မသန်​းမြင်​့၏ ​မောင်​ဖြစ်​သူ ဦး​မောင်​​မောင်​လတ်​က ရဲစခန်​းသို့တရားလိုပြုလုပ်​ တိုင်​ တန်​းသဖြင်​့ ရာဇသတ်​ကြီး ပုဒ်​မ ၃၀၂ ဖြင်​့အမှုဖွင်​့လှစ်​ပြီး ဒုရဲမှူးသိန်​း​ဇော်​ မှ လက်​ခံစစ်​​ဆေးလျှက်​ရှိ​​ပြီး တရားခံဖမ်​းဆီးရမိနိုင်​​ရေး ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်​း သိရသည်​။

အဆိုပါ​သေဆုံး​နေသူ မသန်​းမြင်​့သည်​ ယ​နေ့နံနက်​တွင်​ နမ်​့ဆန်​မြို့ နံနက်​​စျေးတွင်​ ​စျေး​ရောင်​း​နေ​သေး​ကြောင်​း ​သူနှင်​့​စျေး​ရောင်​း​ဖော်​ တစ်​ဦးက ဆိုသည်​။

Photo – ​ကို​ကျော်​သူရ ကိုအောင်မိုး-ရွှေဖီမြေ