အရက္မူးၿပီး ႏြားလွည္းေမာင္းရာ ႏြားလွည္းေမာင္းသူ မေတာ္တဆျဖစ္ေသဆံုး

156

လွည္းေမာင္းလာသူ လွည္းေပၚကျပဳတ္က်ရာမွ လွည္းနင္း၍ေသဆုံး

ႏြားလွည္းျဖင့္ဝါးနွင့္သက္ကယ္မ်ားသယ္ေဆာင္လာျပီး ေမာင္းနွင္လာစဥ္ႏြားလွည္းေမာင္းသူလွည္းေပၚမွျပုတ္က်ရာမွလွည္းနင္းမိသျဖင့္ေသဆုံးမူေပါင္းတည္ျမိဳ႕နယ္ မွတ္တိုင္ရဲစခန္းအပိုင္၌ မဲေခါင္းအုပ္စု၌ယမန္ေန႔ ည ၁၀ နာရီခြဲခန္႔ကျဖစ္ပြားေႀကာင္း သိရသည္။

ျဖစ္စဥ္အက်ဥ္းမွာ ေသဆုံးသူ ကုိခင္ေမာင္ေအးသည္ ႏြားလွည္းျဖင့္ ဝါးနွင့္သက္ကယ္မ်ားတင္ေဆာင္၍ ေမာင္းနွင္လာစဥ္ အုႏဲၷစမ္းရြာနွင့္လက္ ပံပါးပ်ဥ္းေက်းရြာသို့သြားသည့္လမ္းေပၚတြင္ လွည္းေပၚမွျပုတ္က်ရာမွ ႏြားလွည္းနင္းမိသျဖင့္ ရင္ဘတ္တြင္ျငိုမဲဒဏ္ရာရရိွကာ ေသဆုံးေၾကာင္း သိရသည္။

“ျဖစ္ပုံက လွည္းေပၚမွာ ဝါးရ့ဲအေပၚမွာသက္ကယ္ကတင္လာေတာ့ကန္သင္းအတက္မွာလွည္းကေစာင့္ျပီးျပုတ္က်လို့လွည္းနင္းမိျပီးေသဆုံးတာပါ” ဟုမဲေခါင္းအုပ္စုအုပ္ခ်ုပ္ေရးမွူးဦးေက်ာ္မင္းဦးကေျပာသည္။

ကိုခင္ေမာင္ေအး ၄၈ နွစ္ က်ြဲတဲရြာ ျကိဳ ့ ့့ပင္သာအုပ္စုသည္ ႏြားလွည္းေမာင္းနင္လာစဥ္ အရက္ေသစာေသာက္စားထားေႀကာင္းသိရသည္။

အမူကိုမွတ္တိုင္ရဲစခန္းမွ ယာဥ္ (ပ)၂၃/၂၀၁၈ ပုဒ္မ ၃၀၄-ကျဖင့္ေသဆုံးသူ ကိုခင္ေမာင္ေအးအား အမူဖြင့္ထားေႀကာင္း သိရသည္။

သတင္း-ေအာင္ႀကီးBagoWeeklyJournal

Unicode

နွားလှည်းဖြင့်ဝါးနှင့်သက်ကယ်များသယ်ဆောင်လာပြီး မောင်းနှင်လာစဉ်နွားလှည်းမောင်းသူလှည်းပေါ်မှပြုတ်ကျရာမှလှည်းနင်းမိသဖြင့်သေဆုံးမူပေါင်းတည်မြို့နယ် မှတ်တိုင်ရဲစခန်းအပိုင်၌ မဲခေါင်းအုပ်စု၌ယမန်နေ့ ည ၁၀ နာရီခွဲခန့်ကဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ ကိုခင်မောင်အေးသည် နွားလှည်းဖြင့် ဝါးနှင့်သက်ကယ်များတင်ဆောင်၍ မောင်းနှင်လာစဉ် အုန္နဲစမ်းရွာနှင့်လက် ပံပါးပျဉ်းကျေးရွာသို့သွားသည့်လမ်းပေါ်တွင် လှည်းပေါ်မှပြုတ်ကျရာမှ နွားလှည်းနင်းမိသဖြင့် ရင်ဘတ်တွင်ငြိုမဲဒဏ်ရာရရှိကာ သေဆုံးကြောင်း သိရသည်။

“ဖြစ်ပုံက လှည်းပေါ်မှာ ဝါးရဲ့အပေါ်မှာသက်ကယ်ကတင်လာတော့ကန်သင်းအတက်မှာလှည်းကစောင့်ပြီးပြုတ်ကျလို့လှည်းနင်းမိပြီးသေဆုံးတာပါ” ဟုမဲခေါင်းအုပ်စုအုပ်ချုပ်ရေးမှူးဦးကျော်မင်းဦးကပြောသည်။

ကိုခင်မောင်အေး ၄၈ နှစ် ကျွဲတဲရွာ ကြို ့ ့ပင်သာအုပ်စုသည် နွားလှည်းမောင်းနင်လာစဉ် အရက်သေစာသောက်စားထားကြောင်းသိရသည်။

အမူကိုမှတ်တိုင်ရဲစခန်းမှ ယာဉ် (ပ)၂၃/၂၀၁၈ ပုဒ်မ ၃၀၄-ကဖြင့်သေဆုံးသူ ကိုခင်မောင်အေးအား အမူဖွင့်ထားကြောင်း သိရသည်။

သတင်း-အောင်ကြီးBagoWeeklyJournal